အဆောက်အဦးအတွင်းမတ်စ်ခ်တပ်ခြင်းဆိုင်ရာစည်းမျဉ်းများဖြေလျှော့ပေးမည်ဖြစ်ကြောင်းညွှန်ကြားရေးဌာနကထုတ်ပြန်ကြေညာခဲ့သည်၊ကပ်ရောဂါအခြေအနေတည်ငြိမ်ပါက2လ20 ရက်မှစတင်အကောင်အထည်ဖော်မည်။ (C/2-2)
ပြည်တွင်းကပ်ရောဂါသည်တဖြည်းဖြည်းတည်ငြိမ်လာပြီးဆေးဝါးကုသမှုစွမ်းရည်လုံလောက်ပြီဟုယူဆကြောင်းဗဟိုကူးစက်ရောဂါကွပ်ကဲမှုဗဟိုဌာနမှ9ရက်နေ့တွင်ဖော်ပြသည်၊ထို့အပြင်ဝန် ကြီးဌာနအချင်းချင်းအပြန်အလှန်ညှိနှိုင်းဆွေးနွေး၍ကျယ်ပြန့်စွာအကဲဖြတ်ပြီးနောက်ကပ်ရောဂါအခြေအနေဆက်လက်တည်ငြိမ်နေပါကအဆောက်အဦးအတွင်းမတ်စ်ခ်တပ်ဆင်ခြင်းဆိုင်ရာအထွေထွေစည်းမျဉ်းများကို2လ20ရက်မှစတင်၍အကောင်အထည်ဖော်ဆောင်ရွက်မည်သက်ဆိုင်ရာညွှန်ကြားချက်များမှာအောက်ပါအတိုင်းဖြစ်သည်: 一、အောက်ဖော်ပြပါနေရာများ၊အဆောက်အဦးအတွင်းလိုအပ်သလိုတစ်ချိန်လုံးမတ်စ်ခ်တပ်ရ မည်။အပါအဝင်: (一)ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအဖွဲ့အစည်းများ:ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု၊ဆေးဘက်ဆိုင်ရာကိစ္စရပ်များ၊သက်ကြီးရွယ်အိုသက်သာချောင်ချိရေး၊နှစ်ရှည်စောင့်ရှောက်မှုဝန် ဆောင်မှုများ၊ဂုဏ်ထူးဆောင်နိုင်ငံတော်အိမ်များ၊ကလေးသူငယ်များနှင့်အရွယ်မရောက်သေးသူများအတွက်ဝန်ဆောင်မှုများ၊ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများအတွက်လူမှုဖူလုံရေးအဖွဲ့အစည်းများ(အသေးစိတ်အချက်အလက်များအတွက်ပူးတွဲပါဖိုင်ကိုကြည့်ပါ)။ (二)အများသုံးသယ်ယူပို့ဆောင်ရေးနှင့်သီးခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းများ:ရထားများ၊သင်္ဘောများ၊လေယာဉ်များစသည့်သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့်ဘူတာများ(အသေးစိတ်အချက်အလက်များအတွက်ပူးတွဲပါဖိုင်ကိုကြည့်ပါ)။ အထက်ဖော်ပြပါနေရာများတွင်မတ်စ်ခ်မတပ်ခြင်းအတွက်ခြွင်းချက်အခြေအနေ:စားသောက် ခြင်း၊ဓါတ်ပုံရိုက်ခြင်း၊မသင့်လျော်(သို့)မတ်စ်ခ်မတပ်နိုင်သောစစ်ဆေးမှုများ၊ကုသမှုများ(သို့) လှုပ်ရှားမှုများ။ 二、အောက်ပါအထူးအခြေအနေများတွင်မတ်စ်ခ်တပ်ရန်အကြံပြုထားသည်: (一)ဖျားခြင်း(သို့)အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာများ။ (二)သက်ကြီးရွယ်အိုများ(သို့)ခုခံအားကျဆင်းသည့်သူများအပြင်ထွက်သည့်အခါ။ (三)လူစုလူဝေးနှင့်သင့်လျော်သောအကွာအဝေးကိုမထိန်းသိမ်းနိုင်သောနေရာများ(သို့)လေဝင်လေထွက်မကောင်းသောနေရာများ။ (四) သက်ကြီးရွယ်အိုများ(သို့)ခုခံအားကျဆင်းသည့်သူများ(အထူးသဖြင့်ကာကွယ်ဆေး အပြည့်အဝမထိုးရသေးသူများ)နှင့်နီးကပ်စွာထိတွေ့သည့်အခါ။ 三、အခြားမိုးလုံလေလုံနေရာများ၊အဆောက်အဦးအတွင်း၊ပြည်သူများမတ်စ်ခ်တပ်ရန်ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ 四、အထက်ဖော်ပြပါလျှော့ပေါ့ဆောင်ရွက်မှုများသည်ယေဘူယျစည်းမျဉ်းများဖြစ်ပြီးသက်ဆိုင်ရာအာဏာပိုင်များ၏စည်းမျဉ်းစည်းကမ်းများနှင့်အညီအသေးစိတ်အချက်အလက်များအတိုင်း ဆောင်ရွက်ပါ။ ကွပ်ကဲမှုစင်တာကဖော်ပြသည်မှာကျောင်းများ၊မူကြိုများ၊သင်ခန်းစာစောင့်ရှောက်မှုစင်တာ၊ ကျူရှင်များ၊ကလေးထိန်းကျောင်းများစသည်တို့ကိုပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးလူမှုဖူလုံရေးဝန်ကြီးဌာနတို့ကစီစဉ်ဆောင်ရွက်သည့်အတိုင်း၊ကျောင်းဖွင့်ပြီးနောက်သက်ဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများကိုအားကောင်းအောင်လုပ်ဆောင်ပါ၊အကယ်၍ကပ်ရောဂါအခြေအနေတည်ငြိမ်ပါက3လ6ရက်မှစ၍ကွပ်ကဲမှုစင်တာ၏အထွေထွေစည်းမျဉ်းများနှင့်အညီ ကျောင်းဝင်းနှင့်ကလေးထိန်းအဆောက်အအုံများအတွင်းမတ်စ်ခ်ကန့်သတ်ချက်ကိုဖြေလျှော့ ပေးမည်ဖြစ်သည်။ ပြည်သူများဆပ်ပြာဖြင့်မကြာခဏလက်ဆေးခြင်း၊ချောင်းဆိုးခြင်းဆိုင်ရာကျင့်ဝတ်များစသည့်တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်ကောင်းများကိုဆက်လက်ကျင့်သုံး၍မိမိနှင့်အခြားသူများကိုကာကွယ်ရန်၊ရပ်ရွာလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်ကွပ်ကဲမှုစင်တာမှသတိပေးထား သည်။ COVID-19 ကာကွယ်ဆေးအပြည့်အဝမထိုးရသေးသူများမိမိကိုယ်ကိုကာကွယ်ရန်နှင့် ဆွေမျိုးမိတ်သင်္ဂဟများ၏ကျန်းမာရေးကိုကာကွယ်ရန်တတ်နိုင်သမျှအမြန်ဆုံးပြီးအောင်ထိုးရန်ပန်ကြားလိုက်ပါသည်။