အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ
ထိုင်ဝမ်ဟင်းလျာ ထိုင်ဝမ်ဟင်းလျာသည် ကမ္ဘာပေါ်မှာ နာမည်ကျော်သည်။ ယဉ်ကျေးမှုထူးခြင်းမှု ရှိ သောကြောင့် တရုတ် တောင်ဘက် မြောက်လက် ဟင်းလျာ အကုန်လုံးရှိသည်။ ထိုင်ဝမ်တွင်နေထိုင်လျှင် ထိုင်ဝမ်၏အစားအစာကို သိရှိနားလည်ရမည်။ ယခု ထိုင်ဝမ် ၏နံနက်စာနှင့် သာမန်ထိုင်ဝမ်အဖိုးချို အစားအသောက်ကို မိတ်ဆက် ပေးမည်။ နံနက်စာ။ နန်ပြားမုံ့၊ ဆီကြော်မုံ့၊ ပဲနို့၊ အသားညှပ်ပေါင်မုံ့၊ ရိုးရာဆန်ပြုတ်။ သာမန် ထိုင်ဝမ် အဖိုးချိုအစား အသောက်။ ထြန်ဖူလော်၊ တင်ပြန်ချော၊ ကမာကြော်၊ စက်အူချောင်း၊ မုံ့လုံးရေပေါ်၊ ခေါက်ဆွဲ၊ ဆန်မုံ့၊ ဝက်အသည်းဟင်းချို၊ ပြည်ကြီးငှါးကြော်၊ တိုဟူးနံ၊ အိုက်ယုပင်း။ ဟင်းချက်ရန်လွယ်ကူသည် ထိုင်ဝမ်တွင် ဟင်းလျာဝယ်လို့လွယ်သည်။ ရိုးရာဈေးအပြင် စူပါမာကက်နှင့် ဈေးကြီး လည်းရှိသည်။ ရိုးရာဈေးဆိုလျှင် အများအားဖြင့် မနက်ပိုင်းသာဆိုင်ဖွင့်သလို စူပါမာကက်နှင့် ဈေးကြီးသည် ၂၄နာရီဆိုင်ဖွင့်သည်။ ထိုင်ဝမ်ဟင်းလျာ အမျိုးမျိုး အဖုံဖုံရှိ ပြီး အများအဖြင့်ဆိုလျှင် အဆီ၊အဆားနှင့် ငရုတ်သီး နည်းသည်။ ပြောင်းရွှေ့ နေထိုင်သူသစ် ဟင်းချက်ရာတွင် ကိုယ့်ဓလေ့ထုံးစံ အတိုင်းချက်ပြီး ငရုတ်သီးကို အပြင်ထားပြီး လိုအပ်သလိုထည့်ရသည်။ 。