အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

◎စားသောက်ကစားညဈေးလျှောက်လည်ဖို့ ကောင်းတဲ့နေရာမျာ


စိလင်းရှုခင်းညဈေး၊ ယောင်ဟိုကျယ်ညဈေး၊ နင်းရှညဈေး၊ ဟွာရှီလမ်းညဈေး…
ထိုင်ဝမ်းထူးဆန်းတဲ့ညဈေးယဉ်ကျေးမှုက ညကျပြီးတဲ့ထိုင်ပေမြို့ကို ပိုမိုလှပလည်ဖို့ ပိုကောင်းပါတယ်။
ထိုင်ဝမ်းလူမျိုးက ညဈေးလျှောက်လည်တာကို အရမ်းနှစ်သက်ပါတယ်။ ဒီနေရာမှာ အရသာကောင်းလှတဲ့
အစားအသောက်များမျိုးစုံရှိတဲ့အပြင် စတိုးဆိုင်များမှာ အင်္ကျီတွေ၊ ဖိနပ်တွေ၊ အလှပြင်ကုန်ပစ္စည်းတွေ၊ အိမ်သုံးကုန်ပစ္စည်းတွေ အစုံရှိပြီး ဈေးက တော်တော်ချိုးပါတယ်။ ငှါးဖမ်းခြင်းနဲ့ အစေ့လုံပစ်ခြင်းတို့ကိမ်း များက ကလေးလူကြီးများက နှစ်သက်လှပြီး ပြန်ချိန်မေ့ခဲ့တယ်။
 

စိလင်ကြည့်ရှုလည်ပတ်ရေးညဈေး
တည်နေရာ။ ထိုင်ပေမြို့စိလင်ရပ်ကွက်တာတွန်းလမ်း၊ျွှာလန် လမ်း၊ ဝင်လင်လမ်း၊ ကြည်ဟော်လမ်း ပတ်ဝန်ကျင်း။
မိတ်ဆက်။ စိလင်ညဈေးသည် ထိုင်ပေမြို့အကြီးဆုံး ညဈေး
တန်း ဖြစ်ပြီး နိုင်ငံခြားခရီးသည် ထိုင်ပေသို့ လာသောအခါ မလွဲမသွေရောက်ရမည့်ဈေးဖြစ်သည်။ စားရမည့် အစားအစာ
မှာ ကမာကြော်၊ မုံ့ကြီးနှင့်မုံ့လေး၊ ပြည်ကြီးငါးကြော်၊ ဆီးနှင်းရေခဲ၊
ဖါးဥအူ၊ ကြက်သားကြော်၊ တိုဟူးနံ၊ ပေါက်စီကြော်၊ တိုင်းရင်ဆေးဖြင့် နံရိုး စွတ်ပြုတ်၊ ဏိလင်
ဝက်အူချောင်း။

စိလင်ကြည့်ရှုလည်ပတ်ရေးညဈေး

 

ရောင်ဟော်လမ်းညဈေး
တည်နေရာ။ ထိုင်ပေမြို့စွန်းစမ်းရပ်ကွက် ပါတဲ လမ်း စတုတ္ထ ပိုင်းနှင့် စွန်းဟော်လမ်းအကြား မိတ်ဆက်။ ရောင်ဟော်ညဈေးသည် ထိုင်ပေမြို့ အစောဆုံး ညဈေးတန်းဖြစ်ပြီး အကြီးအကျယ်မဟုတ်ဘဲ ဈေးတန် များ
သည်။လာတတ်သောခရီးသည်သည် ကြိုက်သော အစား
အစာကို လွယ်ကူစွာရှာရသည်။ စားရမည့် အစားအစာမှာ ကမာခေါက်စွဲ၊ တိုင်းရင်ဆေးဖြင့် နံရိုး စွတ်ပြုတ်၊ ငရုတ်ကောင်းမှုန့်မုံ့၊တွန်းစမ်းဘဲခေါင်း၊တိုဟူးနံတို့ဖြစ်သည်။

ရောင်ဟော်လမ်းညဈေး

နင်ရှ ညဈေး
တည်နေရာ။ ထိုင်ပေမြို့တာထွန်ရပ်ကွက်နင်ရှလမ်း၊ နန်ကျင်းစီးလမ်းနှင့် မင်စိန်စီးလမ်း အကြား။
မိတ်ဆက်။ အစားအစာဂျာနယ်နှင့် ကွန်ယက်တွင် ဖေါ်ပြတာ များသောညဈေးတန်းဖြစ်ပါသည်။မင်စိန်စီးလမ်း၊နန်ကျင်းစီး
လမ်း နှင့် ချွန်ချင့် ပေ လမ်း အလယ်ပိုင်းကို ပါဝင်ပါသည်။ အဓိကဟာ ထိုင်ဝမ်ရိုးရာအစားအစာဖြစ်သည်။

နင်ရှ ညဈေး

ကျင်မေညဈေးတန်း
တည်နေရာ။ ထိုင်ပေမြို့ဝင်စမ်းရပ်ကွက် ကျင်ဝှါလမ်း။
မိတ်ဆက်။ ကျင်မေညဈေးတန်း၏အစားအစာကောင်း များ
သည်။ ရှန်ဟဲပေါက်စီကြော်၊ အာလောင် ကြက်သားကြော်၊ ကျင့်ကျား အသားကင်၊ တန်ကွဲဘဲ၊ ဆီကြော်ကြက်၊ ငုံးဥ၊ ပြည်ကြီးငါးကြော်။

ကျင်မေညဈေးတန်း

ဝှါရှီးလမ်း ညဈေးတန်း
တည်နေရာ။ ထိုင်ပေမြို့ဝမ်ဝှါဝှါရှီးလမ်း
မိတ်ဆက်။ ဝှါရှီးလမ်းညဈေးတန်းသည် ထိုင်ပေမြို့ ပထမ ဦးဆုံးလည်ပတ်ကြည့်ရှုဈေးတန်ဖြစ်ပြီး ပင်လယ်နှင့် တောတောင်ထွက် အရသာကောင်း အစားအစာ ကို ရောင်း
တတ်သည်။ ပြည်တွင်း ပြည်ပ ခရီးသည်များ အကြိုက်ဆုံး နေရာ တစ်ခု ဖြစ်သည်။ ညကျလျှင် နိုင်ငံခြား ခရီးသည် များ သည် ခရီး လမ်းညွှန်စာအုပ် ကိုင်ပြီး အစားအစာကောင်း ရှာသည် ကို မြင်တွေတတ်သည်။

ဝှါရှီးလမ်း ညဈေးတန်း

〔သတင်းအပ…〕
 
 

◎တရုတ်အစားအသောက

တင်းထိုက်ဖုန်း၊ စိချွန်းလောင်ကျန်း အမဲသားခေါက်ဆွဲပြုတ်ဆိုင်၊ ကျင်းကျောင်းရင်း၊ ရှန်ဟိုင်းလောင်ထျှန်  လု အမွှေးအကြိုင်ချက်ပြုတ်ဟင်းလျားများ၊ ကျိယွမ်စိချွန်းစားသောက်ဆိုင်…
ထိုင်ပေမြို့ရှိအစားအသောက်ဟင်းလျားများက နိုင်ငံတကာဒေသအနှံနီးဝေး မကွာ နာမည်ကျော်လှတယ်။ ကမ္ဘာပေါ်နိုင်ငံများမှာ ခြေစိုက်ဆိုင်ဖွ့င်လုပ်ကိုင်နေတဲ့တင်းထိုက်ဖုန်းက နယူးယောက်တိုင်းမ်သတင်းများမှ နိုင်ငံတကာ နာမည်အကျော်ကြားဆုံးစားသောက်ဆိုင် ၁ဝဆိုင်ထဲမှာ တစ်ဆိုင်အဖြစ် ရွေးခံထားတယ်။ အခုနှစ်များမှာ တရုတ်အစားအသောက်နဲ့ကျင့်ကျန့်အစားအစာများကို အဓိကလုပ်ကိုင်တဲ့နိုင်ငံတကာ ချိတ်ဆက်လုပ်ငန်းတစ်ခုဖြစ်တယ်။ အထူးကိုယ်စားလှယ်ပြုနိုင်သောပေါက်စီအသေးမှအပြင် ပုစွန်ကြက်ဥ ထမင်းကြော်၊ မြေအိုးခွက်ကြက်သားပြုတ်ဟင်းချို၊ ငါးဖက်ထုပ်စတာတွေက မစားကြည့်မဖြစ်တဲ့စားကောင်း သောက်ဖွယ် အစားအစာများဖြစ်ပါတယ်။

တင်ထိုက်ဖုန်း
တည်နာရာ။ ထိုင်ပေမြို့ တာအန် ရပ်ကွက် ရှင့်ယိလမ်း ဒုတိယပိုင်း အမှတ် ၁၉၄။
မိတ်ဆက်။ တင်ထိုက်ဖုန်း ၏ ပေါက်စီ သည်နာမည်ကျော်
သည်။ ဌါပနာသည် ၁၆ဂရမ်ရှိပြီး အခွံ၅ဂရမ် ရှိ ၍ ခေါက်ရိုး ၁၈ ခုရှိသည်။ အရသား အရမ်းကောင်းသည်။ ပေါက်စီ၊
ယွမ်ကျွမ်း ကြက်သား ဟင်းချို၊ ပုစွန် ထမင်းကြော် သည် တင်ထိုက်ဖုန်းတွင် မလွဲမသွေစားရမည့်အစားအစာ။
 

စီချွမ်းရသာလောင်ကျန်းအမဲသားခေါက်ဆွဲဆိုင်
တည်နေရာ။ ထိုင်ပေမြို့ကျွန်းကျင့်ရပ်ကွက်ဗဟိုဆိုင်။ အိုက်ကော်တွန်းလမ်း အမှတ်၁ဝ၅(လိရွှေလမ်းကြား)။ နန်ချန်း ဆိုင်ခွဲ။ ထိုင်ပေမြို့ ကျွန်းကျင့်ရပ်ကွက် နန်ချန်းလမ်း ပထမပိုင်းအမှတ် ၅ဝ-၂။
မိတ်ဆက်။ စီချွမ်း အမဲသားခေါက်ဆွဲ အစစ်အမှန်ဖြစ်သည်။ လက် ဖြင့် လုပ်ထားသောခေါက်ဆွဲသည် ဟင်းချို၊ အမဲသား၊ ကြက်သွန်မြိတ်နှင့် ရောပြီးတော့အရောင်၊အမွှေး၊ အရသာ ကောင်းသောအမဲသားခေါက်ဆွဲ ဖြစ်သည်။

 

ရှန်ဟဲလောင်ထြန်လုအမွှေးအကြိုင်ချက်ပြုတ်အစားအစာ
တည်နေရာ။ထိုင်ပေမြို့ဝမ်ဝှါရပ်ကွက်ချိန်တူးလမ်းအမှတ် ၅၆
မိတ်ဆက်။ စီမိန်တင်မှာ အနှစ်၆ဝကျော်ရှိပြီး ထိုင်ဝမ် ရုပ်ရှင်
မင်းသားမင်းသမီးအကြားနာမည်ကျော်ဆိုင်ကြီးဖြစ်ပါသည်။
ယခုလည်း တရုတ်ပြည်မခရီးသည်များ ကြိုက်သောဆိုင် ဖြစ်
ပါသည်။ ဘဲလျှာ၊ လဲတောင်နှင့် ရှန်ဟဲရိုးရာမုံ့များကို ကြိုက်
သောလူ များသည်။
 

ကျိယွမ်စီချွမ်းဟင်လျာစားသောက်ဆိုင်
တည်နေရာ။ ထိုင်ပေမြို့ တာအန်ရပ်ကွက်တွမ်ဝှါနန်လမ်း ပထမပိုင်း အမှတ် ၃၂၄။
မိတ်ဆက်။ ကျိယွမ်၏မြေအိုးကြက်ဟင်းချိုသည် ကြက်မ ၃ဝ ကောင် ဖြင့် ၈နာရီချက်ပြုတ်၍ တောကြက် အစစ်၊ ကမာ၊ ဝက်ပေါင်ခြောက်တို့ကို ထည့်ကာ ၃-၄နာရီလောက် ဆက်လက် ချက်ပြုတ်သောဟင်းချိုဖြစ်ပါသည်။ ထို့ပြင် ပင်လယ်နှင့် တောထွက်တန်ဖိုးကြီး ပစ္စည်း များ ကို ထည့်ပြီး အရသာကောင်းသည်။ဤဆိုင်၏စီချွမ်းဟင်းသည် ပြောင်းလဲ
ခဲ့ပြီး အဆီ၊အဆား၊ ငရုတ်သီးနည်းပြီး ကျန်းမာသည်။





◎နိုင်ငံခြားအစားအစာများ
ဖေချန်းဝူစးသောက်ဆိုင်၊ ယူချန်းထိုင်းမြန်မာစားစားသောက်ဆိုင်၊ ချင့်ကျည်ဂျပန်ဝက်သားတုံးကြော်၊ ဘောလီလမ်းအနောက်တိုင်းစားသောက်ဆိုင်၊ စီလိုင်သိန်းဟိုတယ်ကြီး၊ ဖီဆာစားသောက်ဆိုင်။
 

ဖေချန်ဝ
〔တည်နေရာ။ ထိုင်ပေမြို့ကျွန်းစမ်းရပ်ကွက်ကျွန်းစမ်းပေ လမ်း ပထမပိုင်း ၁၂၁လမ်းမြောင် အမှတ် ၁၃-၂ မိတ်ဆက်။ ဖေချန်ဝူရောက်ရင်ငါးလင်းပန်းထမင်းကို စားရမည်။ ဂျပန်ရိုးရာအရ နွေရေသီတွင် ငါးလင်းပန်းကို စားပြီး အားဖြည့်နိုင်သည်။ ဆီပါသောငါးလင်းပန်းကို ကင်လျှင် အရောင်လှသည်။ ငါးလင်းပန် အသည်း ကင် ဈေးချိုပြီး အရသာကောင်းသည်။ စားချင်လျှင် စောစောသွားရမှာ။
 

ယူချိန် ထိုင်းနှင့် မြန်မာအစားအစာ 
တည်နေရာ။ ထိုင်ပေမြို့ စွန်းစမ်းရပ်ကွက် ဖူရှင်းပေလမ်း ၂၃၁လမ်းမြောင် အမှတ်၂။
မိတ်ဆက်။ ထူထောင်ပြီးမှ ကိုယ့်ရပ်ကိုယ့်ရွာ၏ အရသာကို အလေးဂရုပြုပြီး ဟင်းအမျိုးမျိုးရှိသည်။ မြန်မာငါးပိကို ရှုပ်ထွေးသောအစီအစဉ်ဖြင့် ချက်ပြီး ဟင်းနှင့်ရောပြီး ကြော်သည်။ အရသာတအားကောင်းသည်။
 

ရှင့်စီ ဂျပန် ဝက်နံရိုး -ဖူရှင်းဆိုင
တည်နေရာ။ ထိုင်ပေမြို့ တာအန်ရပ်ကွက် ဖူရှင်တောင်လမ်း ဒုတိယပိုင်း ၂၇၁လမ်းမြောင်း အမှတ် ၂။
မိတ်ဆက်။ ဂျပန်ကျူဇူမှ လာသည်။ ဝက်၏အမျိုးအစား ကို ရွေးချယ်ပြီး သဘာဝဟင်းကို သုံးသောကြောင့် နာမည်
ကျော်သည်။ ဂျပန်ရိုးရာ ဝက်နံရိုးအပြင် နံရိုးကြော် လည်း
ရှိသည်။

 

ဘောလိလု အနောက်တိုင်း စားသောက်ဆိုင် 
တည်နေရာ။ ထိုင်ပေမြို့တာထွန်ရပ်ကွက် မင်စိန်စီးလမ်း အမှတ် ၃၁၄(ဗဟိုဆိုင်)
မိတ်ဆက်။ ၁၉၃၄ခုနှစ်မှ ထူထောင်ပြီး ထိုင်ပေမြို့ သမိုင်းအရှည်ဆုံး အနောက်တိုင်း စာသောက်ဆိုင်ဖြစ်သည်။ ကျေးရွာ မဆလာထမင်း နှင့် အနောက်တိုင်း set meal ဖြင့် နာမည်ကျော်သည်။ ဘောလိလု အနောက်တိုင်း စားသောက်ဆိုင် သည် အနုပညာ စင်တာ လည်း ဖြစ်သည်။ အနုပညာရှင်တို့သည် ဤ စားသောက်ဆိုင်တွင် အတွေး
အခေါ်ကို ဖလှယ်သည်။ ထို့ပြင် ယောကျာ်းလေး နှင့် မိန်း ကလေးတို့လည်း ဤဆိုင်တွင် ချိန်ဆိုတွေ့ဆုံတတ်သည်။

ရှီလိုင်တိန်း စာသောက်ဆိုင်ကြီး- ဖီဇာဆိုင်
တည်နေရာ။ ထိုင်းပေမြို့ကျွန်းရှောက်တွန်းလမ်း ပထမပိုင်း အမှတ် ၁၂-ြ၁
မိတ်ဆက်။ ဖီဇာဆိုင်ရောက်လျှင် ဖီဇာကို စားရမည်။ ဖီဇာ ဆိုင်သည် ထူးခြားသော ကင်မီးဖို တစ်ခုရှိသည်။ ဖီဇာ မှာပြီးတော့ချက်ချင်းကင် ရသည်။ ရိုးရာဖီဇာကို 0x158င်း၊ အသစ်
ဖန်တီးသော မီးသွေးကင်ဖီဇာကို အများကြိုက်သည်။ တစ်ခိျု့ က စားပြီးတော့အာသာမပြေဘဲဝယ်ပြီး အိမ်သို့ ပါသွား
သည်။


ပိုမိုများပြားတဲ့သတင်းများသိရှိချင်ရင် ထိုင်ပေခရီးသွားလာရေးဝက်ဘဆိုက်ကို တက်ပြီးစုံစမ်းနိုင်ပါတယ်။https://www.travel.taipei/zh-tw
(သတင်းအချက်အလက်မျာ: ကိုးကားရရှိမှု။ ထိုင်ပေခရီးသွားလာရေးဝက်ဘဆိုက)