အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

မြို့တော်  တိုကျို
 

ဘာသာစကား  ဂျပန်ဘာသာ
 

အမျိုးသားပန်း  ချယ်ရီပန်း၊ ဂန္ဓမာပန်း
 

ကိုးကွယ်သည့်  ဘာသာ  ရှင်တိုဘာသာ၊ ဗုဒ္ဓဘာသာ
 

ငွေအသပြာ  ဂျပန်ယန်
 

ပထဝီအနေအထား

ဂျပန်သည် အာရှကုန်းတွင်း၏အရှေ့မြောက်ပိုင်းအပြင်ဘက်တွင်တည်ရှိသည်။ ၄င်းကျွန်းများမှာ လိပ်ခုံးပုံဖြင့် ပံျ့နှံ့တည်ရှိပြီး တောင်နှင့်မြောက် ရှည်သွယ်ကာ ကီလိုမီတာပေါင်း ၃ဝဝဝ ကျော်
ရှည်လျားပါသည်။
 

သမိုင်းအကျဉ်း

  ဂျပန်နိုင်ငံသည် နိုင်ငံတည်ထောင်သည်မှစ၍ ယခုအထိ အနှစ်၂၆ဝဝ ကျော်ရှိနေပြီဟု မိမိကိုမိမိ
ပြောပြခဲ့သည်။ meijiဘုရင်မင်းမြတ်ပြုပြင်ပြောင်းလဲရေးနှင့်တရုတ်-ဂျပန် ကြာဝူစစ်ပွဲ၊ ဂျပန်-ရုရှား
စစ်ပွဲအပြီး၌ ကမ္ဘာ့နိုင်ငံကြီးထဲ ရပ်တည်လာသည်။ ဒုတိယကမ္ဘာစစ်ကို ဆင်နွှဲခဲ့သေည်လည်း အဆုံး၌
လက်နက်ချ အရှုံးပေးရသည်။ လက်နက်ချ အရှုံးပေးပြီးသည့်နောက် မဟာမိတ်နိုင်ငံများတပ်ဖွဲ့၏
ယာယီသိမ်းပိုက်ခြင်းကို ခံခဲ့ပြီး မဟာမိတ်နိုင်ငံများတပ်ဖွဲ့စစ်ဦးစီးဌာနချုပ်၏လမ်းညွှန်မှုအောက်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲကာ 'ပြည်သူမှသာ အချုပ်အချာအာဏာ ရှိမည်၊ စစ်ပွဲကို
လက်လွှတ်သွားမည်'ကို အတိအလင်း ထုတ်ပြန်ကျေညာခဲ့သည်။ ၁၉၅ဝခုနှစ် ကိုးရီးယားစစ်ပွဲဖြစ်ပွား
ပြီးနောက် အမေရိကန်၏ထောက်ပံ့အားပေးမှုကြောင့် စီးပွားရေးအင်အား တနေ့တခြား တောင့်တင်း
လာသည်။ လောလောဆယ် ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံ(၈)နိုင်ငံ()ထဲမှ တစ်နိုင်ငံဖြစ်လာပြီး
ကမ္ဘာတွင် အရေးပါသောအခန်းကဏ္ဍထဲ ပါဝင်လျက်ရှိပါသည်။
 

အရေးပါသော
ပွဲတော်နေ့များ

ဇန်နဝါရီလ ၁ရက်။ နှစ်သစ်ကူးနေ့
ထိုရက်သည် ဂျပန်နိုင်ငံ၏အရေးပါဆုံးသောရုံးပိတ်ရက်ဖြစ်သည်။ ဇန်နဝါရီလ၁ရက်ကို အစိုးရ
သတ်မှတ်ထားသောရုံးပိတ်ရက်သာဖြစ်သော်လည်း ကုမ္ပဏီ၊ ကုန်တိုက်အနေနှင့် များသောအားဖြင့်
ဇန်နဝါရီလ၃ရက် အထိ ရုံးပိတ်နိုင်မည်။
ဖေဖော်ဝါရီလဒုတိယရက်သတ္တပတ်၏တနင်္လာနေ့။ အရွယ်မြောက်နေ
(seijin no hi)အသက်(၂ဝ)အရွယ်ရောက်တောမည့်အမျိုးသား၊ အမျိုးသမီးတို့သည် အစိုးရ သတ်မှတ်ထား
သောယင်းပွဲတော်နေ့၌ ဂုဏ်ပြုလေ့ရှိကြသည်။

 ဖေဖော်ဝါရီလ ၃ရက်။ day points(setsubun)

day pointsသည် အစိုးရမှသတ်မှတ်ထားသည့်ရုံးပိတ်ရက်မဟုတ်သော်လည်း တပြည်လုံးရှိ
နတ်ကွန်းနှင့်ဘုရားကျောင်းများ၌ နတ်ပူဇော်ခြင်းဖြင့် ဂုဏ်ပြုလေ့ရှိသည်။

ဖေဖော်ဝါရီလ၁၁ရက်(အစိုးရသတ်မှတ်သောရုံးပိတ်ရက်)။ အမျိုးသားနေ
Y(kenkoku kinenbi)

ဂျပန်နိုင်ငံ၏အစဦးပိုင်း သမိုင်းဝင် မှတ်တမ်းများအရ ဘီစီ ၆၆ဝခုနှစ်ဖြစ်သည့်ယင်းနေ့တွင်
ဂျပန်နိုင်ငံ၏ပထမဘုရင်မင်းမြတ်နန်းတက်ခဲ့သည်ဟုသိရသည်။

 ဖေဖော်ဝါရီလ၁၄ရက်။ ရည်းစားများနေ့
 ယင်းနေ့တွင် အမျိုးသမီးများက မိမိချစ်သောအမျိုးသားအား လက်ဆောင်အဖြစ် ချောကလက်
ကို ပေးလေ့ရှိသည်။

 မတ်လ ၃ရက်။ သမီးများနေ(hina matsuri)မိန်းကလေးများနေ့လည်းခေါ်ကြသည်။

 မတ်လ ၁၄ရက်။ အဖြူရောင် ရည်းစားများနေ့
ရည်းစားများနေ့နှင့်လျော်ညီစေသောပွဲတော်နေ့ဖြစ်သည်။ ယင်းနေ့တွင် အမျိုးသားများက မိမိ
ချစ်သောအမျိုးသမီးအား လက်ဆောင်အဖြစ် ချောကလက် သို့မဟုတ်ကြက်ဥမုန့်ကို ပေးလေ့ရှိသည်။

 မတ်လ ၂ဝရက်။ နွေကူးနေ(shunbun no hi)။ ယင်းနေ့အတွင်း သနင်္ဂနွေနေ့ကျလျှင် သင်္ချိုင်းကန်တော(ohigan)ရမည်။

ဧပြီလ ၂၉ရက်။Showaဘုရင်မင်းမြတ်အထိမ်းအမှတ်နေ့
ယင်းနေ့သည် ဘုရင်မင်းမြတ်ဟောင်း
Showa၏မွေးနေ့ဖြစ်သည်။ ၂ဝဝ၇ခုနှစ်မတိုင်မီ ဧပြီလ
၂၉ရက်သည် အစိမ်းရောင်နေ့ဖြစ်သည်(ယခု မေလ ၄ရက်နေ့တွင် ပြောင်းလဲ ဂုဏ်ပြုလျက်ရှိသည်)။
Showaဘုရင်မင်းမြတ်အထိမ်းအမှတ်နေ့သည် ရွှေရောင် သီတင်းပတ်အားလပ်ရက်၏တစိတ်တပိုင်း
ဖြစ်သည်။

 မေလ ၃ရက်။ ဖွဲ့စည်းပုံအခြေခံဥပဒေအထိမ်းအမှတ်နေ
Y(kenpo kinenbi)စစ်ပွဲအပြီး အစိုးရမှ သတ်မှတ်ထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စတင် ကျင့်သုံးခဲ့သည့်
အထိမ်းအမှတ်ရုံးပိတ်ရက်ဖြစ်သည်။

မေလ ၄ရက်။ အစိမ်းရောင်နေ့(midori no hi)

၂ဝဝ၆ခုနှစ် မတိုင်မီ ဘုရင်မင်းမြတ်ဟောင်းShowaရုက္ခများနှင့်သဘာဝကို ကြိုက်နှစ်သက်
ခြင်းကြောင့် အစိမ်းရောင်နေ့ကို ၄င်း၏မွေးနေ့ဖြစ်သည့်ဧပြီလ ၂၉ရက်နေ့တွင် ဂုဏ်ပြုလေ့ရှိသည်။
သို့သော် ယခုမှာမူ မေလ ၄ရက်၌ ဂုဏ်ပြုသည့်အပြင် ရွှေရောင်သီတင်းပတ်အားလပ်ရက်၏
တစိတ်တပိုင်းလည်းဖြစ်လာသည်။

 မေလ ၅ရက်။ ကလေးများနေ့ (kodomo no hi)

ယောကျာ်းလေးများနေ့ဟုလည်းခေါ်သည်။

ဇူလိုင်/သြဂုတ်လ ၇ရက်။ ဂျပန်သက္ကရာဇ် သတ္တမလ သတ္တမရက်ဖြစ်သော(tanabata)ခေါ်
နေ့တစ်နေ့ဖြစ်သည်။ tanabata နေ့သည် အစိုးရ သတ်မှတ်ထားသည့်ရုံးပိတ်ရက်မဟုတ်ဘဲ ပူဇော်
ကန်တော့ခြင်းအတွက် နေ့တစ်နေ့ဖြစ်သည်။

ဇူလိုင်လ တတိယ ရက်သတ္တပတ်၏တနင်္လာနေ့ဖြစ်သောပင်လယ်ခရီးသွားနေ
(umi no hi)မကြာမီ အစိုးရ သတ်မှတ်ထားသည့်ရုံးပိတ်ရက်ဖြစ်သည်။ ၄င်း၏ရည်ရွယ်ချက်မှာ ပင်လယ်ကို
ဂုဏ်ပြုပူဇော်ရန်အတွက်ဖြစ်သည်။ ယင်းနေ့သည် ၁၈၇၆ခုနှစ် ဘုရင်မင်းမြတ်ဟောင်း
Showaက
ပင်လယ်မှ ဟိုကိုင်ဒ
(Hokkaido)မို့သို့ ခရီးပြန်ခဲ့သည့်နေ့ထူးနေ့မြတ်ဖြစ်သည်။

ဇူလိုင်/သြဂုတ်လ ၁၃-၁၅ရက်။ ဘိုးဘေးဘီဘင်များကို ပူဇော်ကန်တော့သည့်နေ့ဖြစ်သည်။

စက်တင်ဘာလ တတိယ ရက်သတ္တပတ်၏တနင်္လာနေ့။ သက်ကြီးပူဇော်ပွဲ
(keiro no hi)သက်
ကြီးများကို ပူဇော်ကန်တော့ရန်နှင့်၎င်းတို့၏သက်ရှည်ခြင်းကို ဂုဏ်ပြုရန် အစိုးရ သတ်မှတ်ထားသော
ရုံးပိတ်ရက်ဖြစ်သည်။

စက်တင်ဘာလ ၂၃ရက်။ ဆောင်းကူးနေ(shubun no hi) ထိုနေ့အတွင်း သနင်္ဂနွေနေ့
ကျလျှင် သင်္ချိုင်းကန်တော့(ohigan)ရမည်။

 အောက်တိုဘာလ ဒုတိယ ရက်သတ္တပတ်၏တနင်္လာနေ့။ အားကစားနေ
(taiiku no hi)၁၉၆၄ခုနှစ်ဖြစ်သည့်ယင်းနေ့တွင် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲဖွင့်လှစ်ခဲ့သည်။

 နိုဝင်ဘာလ ၃ရက်။ ယဉ်ကျေးမှုနေ(bunka no hi)

ယင်းနေ့သည် တရားမျှတစေရန်နှင့်လွတ်လပ်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုနေ့တွင်
စာသင်ကျောင်းများ၊ အစိုးရဌာနများက ယဉ်ကျေးမှုလုပ်ငန်းတွင် အောင်မြင်မှု ထူးချွန်သူများအား
ဆုပေးအပ်လေ့ရှိသည်။

 နိုဝင်ဘာလ ၁၅ရက်။ ဂျပန်နိုင်ငံကလေးများနေ့(shichigosan)ကလေးများပူဇော်ကန်တော့
ရန်အတွက်ဖြစ်သည်။ ဂျပန်ကလေးများနေ့(၇၅၃ပွဲတော်နေ့)သည် အစိုးရ သတ်မှတ်သောရုံးပိတ်ရက်
မဟုတ်ပါ။

 နိုဝင်ဘာလ၂၃ရက်။ အလုပ်သမားများအား ကျေးဇူးတုံ့ပြန်သည့်နေ (kinro kansha no hi)အလုပ်သမားများအား ရိုသေလေးစားရန်အတွက် အစိုးရ သတ်မှတ်သောရုံးပိတ်ရက်ဖြစ်သည်။

 ဒီဇင်ဘာလ ၂၃ရက်။ ဘုရင်မင်းမြတ်၏မွေးနေ(tenno no tanjobi)ဖြစ်သည်။ နန်းစံလျက်ရှိသောဘုရင်မင်းမြတ်၏မွေးနေ့သည် အစိုးရမှ သတ်မှတ်သောရုံးပိတ်ရက်ဖြစ်သည်။ အကယ်၍
မင်းပြောင်းဆက်ပြောင်းသွားပါက အစိုးရသည် ဘုရင်မင်းမြတ်သစ်၏မွေးနေ့ကို ရုံးပိတ်ရက်အဖြစ်
သတ်မှတ်တတ်သည်။

 ဒီဇင်ဘာလ ၂၄-၂၅ရက်။ ခရစ္စမတ်နေ့
ခရစ္စမတ်နေ့သည် အစိုးရ သတ်မှတ်သောရုံးပိတ်ရက် မဟုတ်သော်လည်း များသည်ထက်များ
သောဂျပန်သားတို့သည် ခရစ္စမတ်နေ့ကို ဂုဏ်ပြုတတ်သည်။
 ဒီဇင်ဘာလ ၃၁ရက်။ နှစ်သစ်ကူးအကြိုနေ(omisoka)
 

အချက်အလက်များကိုးကားခြင်း။ ။ တရုတ်ပြည်တိုင်ဝမ်ဒေသနိုင်ငံခြားရေးဌာန