အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ
တိုင်ပေ န-တက္ကသိုလ်အကြောင်း
တိုင်ပေ န-တက္ကသိုလ်သည် တိုင်ပေမြို့အစိုးရမှ ကြီးမှူးကျင်းပသော ဒစ်ဂျစ်တယ် ပညာသင်ကြားရေး ကွန်ရက်ဖြစ်ပါသည်။
ဤကွန်ရက်ကို ၂ဝဝ၁ခုနှစ် သြဂုတ်လက တရားဝင် ဖွင့်လှစ်၍ အစိုးရဌာနအဖြစ် ပထမဦးဆုံး တီထွင်ဖန်တီးသောကွန်ရက်သုံး
ဒစ်ဂျစ်တယ်အတတ်ဖြင့် တပြည်လုံးရှိ အစိုးရဝန်ထမ်းနှင့် မိဘပြည်သူများအတွက် ကောင်းမွန်သည့် အဆင်ပြေသည့် ဝန်ဆောင်မှုကို
ထောက်ပံ့ပေးနိုင်သည့် တစ်သက်လုံး ပညာသင်ကြားရေးပတ်ဝန်းကျင်ဖြစ်ပါသည်။ ဤဒစ်ဂျစ်တယ်ပညာသင်ကြားရေးကွန်ရက်၏
ဖတ်စာများမှာ အမျိုးအစားပေါများပြီး ပညာသင်ကြားရေးဝန်ဆောင်မှုလည်း အဆက်မပြတ် အသစ် တီထွင်လျက်ရှိပါသည်။ ယခုအထိ
ပြည်တွင်းရှိ ဒစ်ဂျစ်တယ်ပညာသင်ကြားရေး ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် စံပြလောက်သော ခေါင်းဆောင်ပြု အမှတ်တံဆိပ်တစ်ခု
ဖြစ်ပါသည်။


တိုင်ပေ န-တက္ကသိုလ်၏လုပ်ပုံကိုင်နည်းအကျဉ်းချုပ်
တိုင်ပေ န-တက္ကသိုလ်သည် 'တိုက်ရိုက်ကြည့်ရှုပါ'ဟူသော စွမ်းဆောင်နိုင်မှုကို ထောက်ပံ့ပေးနိုင်ပါသည်။
သင့်အတွက် အသင်းဝင်ဖြစ်ရန်မလိုဘဲ ချက်ချင်း စာသင်နိုင်ပါသည်။


လုပ်ပုံကိုင်နည်း-
၁။ သင် ဖတ်ရှုမည့်သင်ရိုးစာကို တွေ့ရလျှင် 'အသင်းဝင်ဖြစ်ရန်မလိုဘဲ တိုက်ရိုက်ကြည့်ရှုပါ'ကို ရွေးပါ။

e_01
၂။ 'အသိအမှတ်ပြုပါ'ကို ဆက်လက် ရွေးပါ၊ သင်ရိုးစာကို မြင်ကွင်းသစ်၌ ဖွင့်လှစ်နိုင်မည်။

e_02
၃။ 'စတင် သင်ကြားပါ'ကို ရွေးပါ။

e_03
၎။ သင် ဝဲဖက်ရှိ အရွေးခံ မီနူး၌ တခုခု ရွေးပြီး ကြည့်ချင်သောအခန်းများကို လဲနိုင်သည်။

e_04

၅။ သင်ရိုးစာဖတ်ရှုပြီးလျှင် ယာဖက်အပေါ် 'သင်ရိုးစာကို အပြီးသတ်ပါ'ကို ရွေးပါက မြင်ကွင်းပိတ်နိုင်မည်။

e_05

၆။ အထက်ပါ ပြုမူဆောင်ရွက်ချက်ကို ထပ်မံ လုပ်ဆောင်လျှင် အခြား သင်ရိုးစာကိုလည်း ဖတ်ရှုနိုင်သည်။

သင် တိုင်ပေ န-တက္ကသိုလ်၏သင်ရိုးစာများကို ကြိုက်ပါက အသင်းဝင်အဖြစ် ပါဝင်လာရန် ကြိုဆိုပါသည်-
၁။ အသင်းဝင်အဖြစ် ပါဝင်လာလျှင် ပိုများသောသင်ရိုးစာကို ရွေးချယ်ဖတ်ရှုနိုင်မည်။
၂။ အသင်းဝင်အဖြစ် ပါဝင်လာလျှင် သင့်သင်တန်းတက်ရန်သတင်းအချက်အလက်နှင့်ပညာသင်ကြားရေးအခြေအနေကို
မှတ်တမ်းတင်နိုင်မည်။
၃။ အသင်းဝင်အဖြစ် ပါဝင်လာလျှင် တိုင်ပေန-တက္ကသိုလ်၏လှုပ်ရှားမှုအမျိုးမျိုးကို ပါဝင်တက်ရောက်နိုင်မည်။
၎။ အသင်းဝင်အဖြစ် ပါဝင်လာလျှင် တိုင်ပေန-တက္ကသိုလ်၏သင်ရိုးစာနှင့်သက်ဆိုင်ရာသတင်းအချက်အလက်များကို
လက်ခံရရှိနိုင်မည်။
၅။ သင်သည် အစိုးရဝန်ထမ်းဖြစ်ပြီး အသင်းဝင်အဖြစ် ပါဝင်လာလျှင် တသက်လုံး ပညာသင်ကြားရန် အသိအမှတ်ပြု
ကြိမ်ရေကို ရရှိနိုင်မည်။