အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ
လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၆၂ အရ - ထိုင်ဝမ်ဒေသတွင်းနေထိုင်သောတစ်စုံတစ်ယောက်အား မည်သည့်နိုင်ငံသားဖြစ်၍၎င်း၊ မည်သည့်လူမျိုး ဖြစ်၍၎င်း၊ အသားအရောင်ကြောင့်၎င်း၊ အဆင့်အတန်း ကြောင့်၎င်း၊ မွေးရပ် ကြောင့်၎င်း၊ စသည့်အကြောင်းအရင်းများဖြင့် မည်သူမဆို အထင်အမြင်သေး၍ခွဲခြားမစော်ကားရ။ အထက်ပါအကြောင်းများကြောင့် အထင်သေးခံရ၍ခွဲခြား စော်ကားလျှင်တစ်ဖတ်သားသည် ဥပဒေကိုချိုးဖောက် ခြင်းဖြစ်၏။ အခြားသောဥပဒေများသက်မှတ်ထားသည့်အပြင် အထင်သေးခံရ၍ခွဲခြားစော်ကားသောအခြေအနေအရ သက်ဆိုင်ရာဌာနသို့သွားရောက်တိုင်ကြားနိုင်သည်။ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝပ်ဆိုက်တွင်- ထိုင်ဝမ်ဒေသတွင်းနေထိုင်သောပြည်သူများ အထင်သေးခံရ၍ခွဲခြားစော်ကားမှုတိုင်ကြားခြင်း နှင့်ပတ် သက်၍ တိုင်ကြားရန်နည်းလမ်းအချက်အလက်အထူးကဏ္ဍ တွင်ရှာဖွေတွေ့ရှိနိုင်ပါသည်