အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ
အရှေ့အိန္ဒိယ ကျွန်းစုတွင်သုံးသည့်ဟင်းခတ်အမွှေးအကြိုင်များကို ရှေးဘီစီ ၃၀၀၀မတိုင်မှီ ကတည်းကအိန္ဒိယတွင်ရေးမှတ်ထားသည့် ထင်ရှားသောချွဲကော်ကျမ်း တွင် ပထမဆုံးတွေ့ ရှိရသည်။ ထိုကျမ်းတွင်ပင်စိမ်း၊ သစ်ကြံပိုး၊ ချင်း၊ စန္ဒကူး များအပြင်အမြားဟင်းခတ်အမွှေး အကြိုင် များကိုလည်းမှတ်သားထားသည်ကိုလည်းတွေ့ရသည်။ ရှေးတွင်ဟင်းခတ် အမွှေးအကြိုင် များကို များသောအားဖြင့် ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုကြသည်။ နောက်တွင်ပင်လယ် ခရီးလမ်းကြောင်းများ ပေါ်ပေါက်လာသည်နှင့်အတူ ဟင်းခတ် အမွှးအကြိုင်များသည်အိန္ဒိယနိုင်ငံမှအရှေ့အိန္ဒိယ ကျွန်းစုနိုင်ငံ များသို့ ပျံ့နှံ့ရောက်ရှိ သွားသည်။
ဟင်းခတ်အမွှေးအကြိုင်သည်အပင်တစ်ပင်၏ အစေ့၊ အသီး၊ အရွက်၊ အမြစ်များမှ(သို့) အပင်မှထုတ်ယူရရှိသောပစ္စည်းများမှရရှိလေသည်။ ဟင်းခတ်အမွှေးအကြိုင်များသည် အနှံ့ ကို လှုံ့ခေတ် နိုင်သည့်အပြင် အမွှေးဆီပါဝင်သည့် ပမာဏ မှာလည်းပိုများသဖြင့်စားဖွယ်ရာ များအနှံ့အရသာကောင်းအောင်၊ စားချင်စရာ စိတ်ဖြစ်အောင်၊ အစာကြေအာဟာရ ဖြစ်အောင် အတွက်သုံးသည်။ ၎င်း အပြင်အစားအစာများကို မပုတ်သိုးစေရန်၊ လေထုနှင့် ဓါတ် မပြုနိုင်ရန်ပြုလုပ်ရာတွင်လည်းသုံးသည်။ အရှေ့အိန္ဒိယကျွန်းစုများတွင်တွေ့ရသည့် ဟင်ခတ် အမွှေးအကြိုင်များမှာအောက်ပါအတိုင်းရှိသည်။
စပါးလင(lemon grass)
စပါးလင
  • စာတွဲငယ်မျာ:နှစ်ရှည်ခံမြက်ပင်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံမှစတင်တွေ့ရှိခဲ့သည်။ ပြင်းပျသည့်သံပုရာ အနှံ့ရှိ၍ သံပုရာ အနှံ့ မွှေးကြိုင်နေသောကြောင့် ထင်ရှားသည်။ စပါလင်၏ အပင်သည်သက်ကယ်ပင်နှင့်သဏ္ဍန်တူသည်။
  • အကျိုးအာနိသင်:ကွက်သား ကိုက်ကဲနာကြင်ခြင်းကို လျှော့ပေးနိုင်၏။ ကိုယ်ခံအားတိုးစေ၏။ အအေးမိနှာစေးခြင်း၊ ညောင်ညာကိုက်ခဲခြင်း၊ အစာမကြေ၀မ်းဗိုက်ရောဂါ ဝေဒနာများကို ပျောက်ကင်းစေနိုင်၏။ ရုပ်ရေ၊ အသားရေ ကိုစိုပြေလန်း စန်းနိုင်သည့်အပြင်လည်ချောင်းအသံကိုကောင်းစေသည်။
  • အကျိုးရှိပုံ:အစားအစာကိုအလွန်အရသာရှိစေသည်။ ထိုင်းအစားအစာဖြစ်သည့် “သံပုရာငါးပေါင်း” နှင့် “ပုဇွန်ချဉ်စပ်ဟင်းရည်” များတွင်မဖြစ်မနေအသုံး ပြုကြသည်။ အရွက်ကို အစိမ်းဖြစ်စေ၊ အခြောက် ဖြစ်စေ ရေနွေးကြမ်း ကျကျအဖြစ်သုံးဆောင်လျှင်သံပုရာအနှံ့ သင်းသင်း လေးကို ခံစားနိုင်သည်။
ရှောက်ရွက်(သို့) သံပုရာရွက်(kaffir Lime )
ရှောက်ရွက်(သို့) သံပုရာရွက်
  • စာတွဲငယ်မျာ:အာရှရှောက်ပင်၏ အရွက်ဖြစ်သည်။ အရွက်မှာစိုပြေလန်းဆန်းသည့် လိမ္မ်ာပင်အရွက်အနံ့ရသော်လည်းမဟုတ်။
  • အကျိုးအာနိသင်:အရသာမပြင်းအနံပြင်း၏။ ချို၏၊ အစာစားခြင်းစိတ်ကိုလည်း ဖြစ်စေ၏ လေနာ၊ ရင်နာ၊ ချောင်းဆိုးချွဲကပ်များကို ပျောက်ကင်းစေ၏။
  • အကျိုးရှိပုံ:ထိုင်းအစားအစာများ၏ ဟင်းရည်၊ အသုပ်၊ ဟင်းကြော်အများစုတွင် အနံ့မွှေး အောင်ထည့်သုံးပါသည်။
ပင်စိမ်းမွှေး(basil)
ပင်စိမ်းမွှေး
  • စာတွဲငယ်မျာ:
    နှစ်ရှည်ခံဆေးပင်ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အမြင့် ၅၀လက်မမှ ၁၀၀လက်မထိရှိ၏။ အရွက်ဘဲဥပုံသဏ္ဍန်ရှိ၏။ အပွင့်မှာ အဖြူရောင်ရှိသည်။ မူလဒေသမှာအန္ဒိယဖြစ်သည်။ အိန္ဒိယတွင် ပထမဦးဆုံး သုံးသည့် ဟင်ခတ်အမွှေးအကြိုင် ဖြစ်သည်ဟုလည်းသိရသည်။ အာရှအပင်မျိုးနှင့် ဥရောပအပင်မျိုးအဖြစ်အပင်မျိုးနှစ်မျိုးရှိသည်။ ကုလားလူမျိုးများသည် ပင်စိမ်းမွှေးဟာလေထုကို သန့်ရှင်းနိုင်သည့်အပြင် လေထုထဲတွင်ရှိသော ဗက်တီးရီးယားပိုးများကို ကာကွယ်နိုင်၍ လူ၏ စိတ်ကို ရွန်လန်းချမ်းမြေ့နိုင် သည်ဟုယုံကြည် သည့်အတွက်ကြောင့် “မြင့်မြတ်သောအပင်”ဟုဆိုသည်။ ထိုင်ဝမ် တွင်တွေ့ရသောအပင်များမှာ ဟော်လန်မှယူဆောင်လာသည်။ ပင်စိမ်းမွှေး၏ထူးခြားသည့်အနှံ့ အရသာသည်ထိုင်ဝမ်နိုင်ငံသားများ၏ နှစ်သက်စားသုံးခြင်းကို ရသည့်အပြင်ရာသီဥတု မှာအပင်စိုက်ပျိုး ရန်သင့် လျော် သောဒေသဖြစ်၍ နိုင်ငံအနှံ့တွင်အများ အပြားတွေ့ရသည်။
  • အကျိုးအာနိသင်:
  • အကျိုးရှိပုံ:
    အနှံ့ပြင်း သည့်မွှေးကြိုင် သောဆေးပင်ဖြစ်၏။ ပြင်းထန်သောရောဂါဝေဒနာ များကို သက်သာစေ၏။ အထူးသဖြင့် မြေထဲပင်လယ်ဒေသနှင့် အရှေ့တောင် အာရှဒေသ များ၏ ဟင်းလျာများတွင်အသုံးပြုကြသည်။ ထိုင်းဟင်းလျာအကြော်အလှော် နှင့်မဆာလာဟင်းများတွင် လက်တစ်စုပ်စာ ထည့်သုံးကြသည်။ ပင်စိမ်းမွှေး၏အနှံ့ အသည် အုန်းနို့နှင့် ချက်ပြုတ်ရာတွင် အလွန်သင့်သော်သည်။
ငရုတ် (chili)
ငရုတ်
  • စာတွဲငယ်မျာ:
    မူလဒေသမှာအမေရိကားအလယ်နှင့်တောင်ပိုင်းဒေသ၊ ကာရစ်ဘီယံ ပင်လယ် ကျွန်းစုများ၏ ဗျိုက်တောထဲတွင်ရှင်သန်သော နှစ်ရှည်ခံအပင် မျိုးဖြစ်သည်။အရွက်မှာဘဲဥသေးပုံရှည်မျောမျောရှိသည်။ အဖျားရှည်၊ အကိုင်းရှည်သည်။ အသီးမှာလည်းအရှည်၊ ဘော်လုံးသဏ္ဍန်နှင့် ပုံစံများစသည် ဖြင့်တွေ့ရသည်။ ငရုတ်သီးမှာအများအားဖြင့်အစိမ်း(သို့) အနီဖြင့်တွေ့နိုင်သည်။ ငရုတ်သီး သည်စပ်သည့် အရသာရှိ၍ခံတွင်း အာရုံများကိုလှုံဆော်နိုင်သည်။ အထူးသဖြင့်အခွန်ပါး၍အစေ့သေး သည့်ငရုတ်သီးမှာအလွန်စပ်ကြောင်းသိရသည်။ ငရုတ်၏အစေ့မှာ အလွန်စပ်သော်လည်း အခွန်ရဲ့အစပ်အရသာကတော့ ပုံမှန်ပါ ဟင်းချက်ရာတွင်ငရုတ်ပါပါက မွှန်ယူသည့်စပ်သောငရုတ်နံကိုရှုလိမ့်ရမည်။ ဒါကလည်းငရုတ်ရဲ့ထူးခြားချက်တစ်ခုပါ။ အမျိုးအစားအစုံရှိတာ ကိုတွေ့ရပါမည်။ အများအသုံးပြုနေသည့်ငရုတ်မှာငရုတ်နု ငရုတ်ကာလီ နှင့်ငရုတ်နီတို့ဖြစ်ကြသည်။
  • အကျိုးအာနိသင်:
    အဟာရဓာတ်အမြောက်အများရှိ၏။ ဗီတာမင်အေ၊ စီများကြွယ်ဝ၏။ အအေးဒဏ်ကိုခံနိုင်စေ၏။ အစာစားခြင်စိတ်ဖြစ်စေ၏။ ငရုတ်ဖြင့် ကြပ်ပူတိုက်ပေးပါက ကြီးပေါင်းရောဂါ၊ အဆစ်ကိုက်ခဲခြင်း စသောဝေဒနာများကိုပျောက်နိုင်၏။
  • အကျိုးရှိပုံ:
    ချက်ပြုတ်ရာတွင်ငရုတ်ကိုထည့်သုံးပါက ဟင်းတွင်ရှိသော ညှီနံကို ပျောက်ကင်းစေနိုင်သည့် အပြင် ဘက်တီးရီးယားပိုးများ ကိုလည်း ရှင်းလင်းပေး၏။ ဆိုင်များတွင်ငရုတ်ဖြင့် ပြုလုပ်ထားသည့်(သို့) ငရုတ်မှထုတ်သည့်ပစ္စည်းများဖြစ်သော ငရုတ်ခြောက်၊ ငရုတ်မှုန့်၊ ငရုတ်ဆီစသည်တို့ကိုဝယ်ယူရရှိနုင်ပါသည်။ ထိုပစ္စသည်းများကို ဟင်းချက် ပြုတ်ရာတွင် အသုံးပြုပါကအကောင်းဆုံးသောအရာဖြစ်သည်။
ပတဲကောလေး (Galangal)
ပတဲကောလေး
  • စာတွဲငယ်မျာ:
    နှစ်ရှည်ခံဆေးပင်ဖြစ်သည်။ အရသာတော်အသင့်အနံပြင်း။ ဆေးကျမ်းများ အရ ၃နှစ်အရွယ်ရှိသော ပတဲကောလေး သည်အကောင်းဆုံးဖြစ်၏။ ပတဲကောနှစ်မျိုးရှိသည်။ ပတဲကောကြီးနှင့်ပတဲကောလေး။ အာရှနိုင်ငံ များ၏ဆေးကျမ်းများတွင်ပတဲကောသည် ခန္ဓအတွင်းရှိဂရင်း နံရံယောင်ခြင်းနှင့် အသက်ရှုလမ်းကြောင်းရောဂါများကို သက်သာစေနိုင်၏။ နောက်ပိုင်းတွေ့ရှိချက်အရ ပတဲကောလေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည်ဟုဖော်ပြထားသည်။
  • အကျိုးအာနိသင်:
    ဝမ်းဗိုက်ကိုပူနွေးစေ၏။ နာကြင်ကိုက်ခဲခြင်းကိုပျောက်စေ၏။ အအေးမိခြင်း ကိုကာကွယ်ပေးနိုင်၏။ သွေးကြောများကို ကောင်းမွန်စွာလည်ပတ် စေနိုင်ပြီးလူကိုအားတိုးတက်ကြွစေ၏။
  • အကျိုးရှိပုံ:
    ပတဲကောအုအတက်နုကလေးကို ဓားဖြင့်ပါးပါးစဉ်း၍အခြားဟင်းခတ် အမွှေးကြိုင်များနှင့်အတူချက်ပြုတ်လျှင် ဟင်းအရသာမှာ စပ်ပြင်းသော အရသာရှိပါမည်။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာများနှင့်အတူတူ ချက်ပြုတ် သော်လည်းပတဲကောလေး အနံအရသာမှာတစ်မူထူးခြားကြောင်း ကိုတွေ့ရမည်။ ထိုင်းဟင်းလျာအုန်းနို့ ကြက်သားဟင်းရည်၊ ပုဇွန်ချဉ်စပ်ဟင်းရည် စည့်ဟင်းလျာများတွင်ပတဲကောလေးကို ထည့်သွင်း အသုံးပြုကြသည်။ ထိုင်းနိုင်ငံတွင် ပတဲကောလေး၏အရွက်နု (သို့) အပွင့်ငယ်များကိုအခြားအသီးအရွက် ကြော်များနှင့်အတူ အသုံးပြုကြ ကြောင်းသိရပါသည်။ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း မဆာလာဟင်းများချက်ပြုတ် ရာတွင်လည်း အသုံးပြုကြသည်။
နနွင်း (Turmeric Powder)
နနွင်း
  • စာတွဲငယ်မျာ:
    နနွင်း ကိုအပူပိုင်း ဒေသများတွင် အများအပြားစိုက်ပျိုးကြသည်။ ထူးခြားသည့်အနှံ့ ရှိ၍ရှုလိုက်လျှင်မွှေးကြိုင် သောသစ်သားအနှံ့တစ်မျိုး ကိုရ၏။ ပန်းအနှံ့၊ ချိုသောလိမ္မော်သီး နှင့်ဂျင်း ကဲ့သို့သောအရသာ ရှိ၏။ မူစပ်သောအရသာရှိ၏။ သို့သော် ဂင်းကဲ့သို့သော ခါးသည့်အရသာမပြင်းပါ။ မဆလာဟင်း၏နှစ်သက်ဖွယ် ကောင်းသည့်အရောင် မှာနနွင်းပါမှဖြစ်၍ မဆလာဟင်းတွင်မဖြစ်မနေအသုံးပြုကြသည်။
  • အကျိုးအာနိသင်:
    အာရှတိုက် တွင်နနွင်းကိုဆေး အဖြစ်အသုံးပြု၊ အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ ဆီးရောဂါများကိုကုသနိုင်၏။ နွားနို့ (သို့) သကြား နှင့်ထည့် ပြုတ်ပြီးသောက်ပါကအအေးမိခြင်း ကိုကာကွယ်နိုင်၏။ ဆေးဝါးအဖြစ်လိမ်း ပါက အရေပြားရောဂါကို ကုသနိုင်၏
  • အကျိုးရှိပုံ:
    အရှေ့အိန္ဒိယကျွန်းစုနိုင်ငံများတွင် နနွင်းကိုဟင်းရွက်များ၊ ပဲများချက်ပြုတ် ရာတွင် အရောင်တင်စားဖွယ်ရာရှိအောင်အသုံးပြုကြသည်။ ဟင်းများကို အချဉ်ဖောက်ခြင်း၊ အသုပ်ချဉ်ရည်များကို စပ်သည့်အခါတွင်လည်းသုံး၏။ အိန္ဒိယရိုးရာတွင် နနွင်းကိုပိတ်များအရောင်ဆိုးသည့်အခါ၌၎င်း၊ နနွင်းတောင့်လုပ်၍မျက်နှာပေါင်းတင်ရာ၌အသုံးပြုကြသည်။
မန်ကျည်း (Tamarind)
မန်ကျည်
  • စာတွဲငယ်မျာ:
    မူရင်းဒေသမှာအိန္ဒိယဖြစ်သောကြောင့် အိန္ဒိယဟုလည်းခေါ်သည်။ ရှေးဆင် သက်ကပင်မန်ကျည်းကို မဆလာမှုန့်ပြုလုပ်ရာတွင်လည်းသုံးကြ၏။ အသား တွင်သကြားနှင့်ချဉ်သည့်အက်စစ်များပါသဖြင့်ချိုချဉ်သောအရသာရ၏။ အသားလူး၍သုံး၊ မီးစုန်း၊ သံစသည့်ဓာတ်များပါရှိ၏။ အသီးများ၌မန်ကျည်း သီးသည် သုံးဓာတ်အများဆုံးပါရှိသောအသီးဖြစ်သည်။
  • အကျိုးအာနိသင်:
    အိန္ဒိယရိုးရာ၌ ၀မ်းကိုက်ရောဂါကိုကုသရာ၌ သုံး၏။ ဗီတာမင်ကြွယ်ဝသဖြင့် အသည်း၊ ကျောက်ကပ်များကိုလည်းအကြိုးရှိပါသည်။
  • အကျိုးရှိပုံ:
    အသီးကို အစိမ်း စားနိုင်သည်။ အသီးချောက်အဖြင့် ပြုလုပ်၍ ထားနိုင်သည်။ ဟင်းချက်ရာတွင် လည်းအသုံးပြုသည်။ ဖျော်ရည်အဖြစ်လည်းသောက်သုံး နိုင်သည်။ ထိုင်းရိုးရာဟင်းလျာများတွင် အချဥရည်အဖြစ်အသုံးပြုကြသည်။ သံပုရာ ကဲ့သို့ချဉ်သည်။ ရေနွေးနှင့်ဖျော်လျှင်ချဉ်သည့်အရသာပျောက်၏။
ငရုတ်ကောင်း (Pepper)
ငရုတ်ကောင်
  • စာတွဲငယ်မျာ:
    နှစ်ရှည်စံနွယ်ပင်ဖြစ်သည်။ ပင်လယ်ရေပြင်အမြင့်ပေ၁၅၀၀ရှိ အပူပိုင်း ဒေသများ-အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘာရာဇီး၊ မလေးရှား သီရိလကာင်္၊ ထိုင်း၊ စင်ကာပူတွင် ရှင်သန်ဖြစ်ထွန်းသည်။ အစေ့ခွံအရောင်မှာအမည်း၊ အဖြူ၊ အစိမ်းနှင့်အနီရောင် တို့စသည်ဖြင့်ရှိ။ ငရုတ်ကောင်းမည်း၊ ငရုတ်ကောင်းဖြူ စသည်ဖြင့်အသုံးပြုကြသည်။ ငရုတ်ကောင်းမည်းမှာ ပိုစပ်သည့်အပြင် အမွှေးဆီပါဝင်မှုများ သဖြင့်ဟင်းချက်ရာတွင် အသင့်လျှော်ဆုံးပါ။ ငရုတ်ကောင်းဖြူကိုဆေးဝါးများ ပြုလုပ်ရာတွင်အဓိကအသုံးပြုကြသည်။ ဆီး၊ လေရောဂါများကို ပျောက်ကင်းစေနိုင်၏။
  • အကျိုးအာနိသင်:
    ချွေးထုတ်၊ လေထုတ်၊ အစာကြေစေသည့် ဆေးဝါးများပြုလုပ်ရာတွင် သုံးသည်။ အစာမကြေခြင်း၊ အစာပျက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော စသော ရောဂါဝေသနာများကို ပျောက်ကင်းစေနိုင်၏။ ဆေးဝါးပြုလုပ်ရာတွင် ငရုတ်ကောင်းအဖြူကိုသာအဓိကအဖြစ်အသုံးပြုကြသည်။
  • အကျိုးရှိပုံ:
    ပုဇွန်၊ ဂဏန်း၊ ငါး၊ အသားများ၊ ဟင်းများ ချက်ပြုတ်ရာတွင် ငရုတ်ကောင်းကို နည်းလမ်းအမျိုးမျိုးဖြင့်သုံးစွဲ၏။ သို့အပြင်ဟင်းရည်ကြိုခြင်း၊ အချဉ်သပ်ခြင်း တို့တွင်လည်းအသုံးပြုသည်။
ရှောက် (Lime)
ရှောက်
  • စာတွဲငယ်မျာ:
    အရှေ့တောင်အာရှတွင်ရှင်သန်သည့် နှစ်စိမ်းချုံပင်မျိုးဖြစ်သည်။ ဟင်းလျာ များတွင်သုံးလျှင် သံပုရာကဲ့သို့သော အရသာရသည်။ လိမ္မော်စသည် တို့မှထွက်သည့်အရသာနှင့် လုံးဝမတူသလိုအစားထိုးလို့လည်းမရနိုင်ပါ။ ရှောက်ရွက်အရင့်သည်အနုထက်ပို၍မွှေးကြိုင်ပါသည်။
  • အကျိုးအာနိသင်:
    အစာစားခြင်စိတ်ကိုဖြစ်စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ သွေးသားနှင့် ပတ်သက်သောရောဂါများကို ကုသနိုင်၏။ ဘက်တီးရီးယားများကိုလည်း သေစေနိုင်သည်။
  • အကျိုးရှိပုံ:
    ဟင်းချက်ရာတွင်အသုံးပြုလိုလျှင် ချက်စက စတင်ထည့်၍ချက်ပြုတ်လျှင် အနံပို၍မွှေးကြိုင်ပါသည်။ ကြက်၊ ငါး စသည့်အသားများကို ချက်ပြုတ် ရာတွင်ညှီနံပျောက်ရန်အတွက်လည်း အသုံးပြုပါသည်။
မဆာလာ (Curry)
မဆာလာ
  • စာတွဲငယ်မျာ:
    အိန္ဒိယတွင်စတင်သုံးသည့်ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်။ အမွှေး၊ အစပ်၊ အရောင်စသည့်အမွှေးအကြိုင် ဖြင့်ဖော်စပ်ထားသောဟင်းခတ် အမွှေး၊ အကြိုင်မှုန့်ဖြစ်သည်။ ဟင်လျာများကို အနှံ့အရသာရှိစေနိုင်သည့်အပြင် အိန္ဒိယတွင်ဆေးဝါးတစ်မျိုးအဖြစ်အသုံးပြုကြ၏။ အမွှေး ၄၀%၊ အစပ်၂၀%၊ အရောင်၃၀%၊ အခြားအမွှေးအကြိုင်၁၀%စသည့်ဟင်းခတ်အမွှေးအကြိုင် များဖြင့်ဖော်စပ်ထားသည်။ အခြားကိုယ်ပိုင်နည်းဖြင့်လည်းဖော်စပ်နိုင်သည。
  • အကျိုးအာနိသင်:
    အစာစားခြင်းစိတ် ကိုဖြစ်စေနိုင်၏၊ အစာကြေစေနိုင်၏၊ သွေးသားများကို ကောင်းမွန်စွာလည်စေနိုင်ပြီး ချွေးထုတ်နိုင်၍ ကိုယ်ခန္ဓာအပူကိုလျော့ ပေးနိုင်သည်။ ခန္ဓာကိုယ်တွင်းရှိဗက်တီးရီးယားပိုးများကိုလည်းရှင်းလင်း ပေး၏။ သလိတ်ကပ်၊ ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေနိုင်၏။ လူကို နုပျိုစေနိုင်(အယ်လ်ဇိုင်းမားရောဂါကိုကာကွယ်နိုင်)၊ သို့သော်မဆာလာ နှင့် နနွင်းတို့သည်ပူ၏။ ထို့ကြောင့် အပူကြီးသူနှင့်ဆီးဝါ၊ ၀မ်းချုပ် သူများ အသုံးပြုရာတွင်အတော်အဖြင့်သုံးရမည်။
  • အကျိုးရှိပုံ:
    ဥရောပခေတ်အလယ်ပိုင်း တွင် ဟင်းခတ်အမွှေးကြိုင်များကို ဟင်းလျာများ ၌သုံးသည့်အပြင် ယမ်းဘီလူးများ၊ ပစ္စည်းများတာရှည်ခံရှိရန် အတွက် ပြုလုပ်ရာတွင် သုံးသည်။ ထို့ကြေင့်နေ့စဉ်သုံးစွဲသည့်ပစ္စည်းတစ်မျိုး ဖြစ်လာ၏။
ကက်သွန်န (shallot)
ကက်သွန်
  • စာတွဲငယ်မျာ:
    နှစ်ရှည်ခံဆေးပင်ဖြစ်၏၊ ပင်စည်များခရမ်းနီရောင်၊ ဥ၀ိုင်းလေးသဏ္ဍန်ဖြင့် မြေအောက်၌ရှင်သန်သည်။ မူရင်းဒေသ မှာပပါလက်စတိုင်းနိုင်ငံဖြစ်သည်။ နောက်ပိုင်းတွင် အဓိကအားဖြင့်စိုက်ပျိုးကြသည်။ အာရှတွင်လည်းစိုက်ပျိုး ကြသည်။ ဟင်းလျာများတွင်ကြက်သွန်နီကိုအနံ့အရသာမွှေးကြိုင်အောင် မဖြစ်မနေအသုံးပြုကြသည်။
  • အကျိုးအာနိသင်:
    ညှိနံ့များကိုပျောက်ကင်းစေနိုင်၏။ အမြဲစားသုံးလျှင်ဝမ်းလျှော၏။ အားတိုးစေ၏။ ချွေးထုတ်ပေး၏၊ ချောင်းဆိုးသလိပ်ကပ်ခြင်းကိုပျောက်စေ၏၊ ဆီးရွှင်စေသောအကျိုးရှိပါသည်။
  • အကျိုးရှိပုံ:
    ဆီချက်အဖြင့် တရုတ်ဟင်းလျာများ၌အနံ့အရသာရှိစေရန်အသုံးပြုကြသည်။ ကုန်ဈေးဆိုင်များ၌လည်းဝယ်ယူနိုင်ပါသည်။ ကိုယ်တိုင်ချက်လျှင်ပိုကောင်း မည်။ ထိုင်းဟင်းလျာများ၌သုံးသောပူစပ်ချဉ်ရည်များတွင်အဓိကအဖြစ်သုံး သောပစ္စည်းတစ်မျိုးဖြစ်သည်။ အသုပ်များ၌လည်းအသုံးပြုသည်။
အုန်းနို့ (Coconut milk)
အုန်းနို့
  • စာတွဲငယ်မျာ:
    အပူပိုင်းဒေသများ၏ ရတနာအုန်းသီးတွင် ပရိုတင်း (အသားဓာတ်)နှင့် အဆီပါဝင်မှုများသည်။ အုန်းသီးအားမည်သည့် အာဟာရဓာတ်များကို ကြွယ်ဝစွာပေးနိုင်သည်။ အုန်းသီးအရင့်၏အသားဖြစညှစ်ယူ၍ အုန်းနို့ ရရှိသည်။ အုန်းနို့မှာမွှေးကြိုင်သောအရသာ ရှိ၍မှုန့်အချိုပွဲများပြုလုပ်ရာတွင် သုံးသည့်မဆာလာဟင်းလျာများတွင် အုန်းနို့ကိုသုံးချင်ဖြင့်ပူစပ်သည့် အရသာကိုလျော့ပေးနိုင်သည်။
  • အကျိုးအာနိသင်:
    အုန်းသီး၏အသားသည် အစာအိမ်ကိုအကျိုးပေး၏။ အုန်းရည်မှာပျစ်၏။ ဒူလာရောဂါကိုပျောက်စေ၏။
  • အကျိုးရှိပုံ:
    ထိုင်းအစားအစာသည် အငန်၊ အချို စသောဟင်းလျာများတွင် မဖြစ်မနေ အသုံးပြုကြသည်။ အုန်းနို့ကိုအချိုမှုန့်ပွဲကိုချက်ပြုတ်ရာမှ ကိတ်မှုန့်၊ အချိုမှုန့်များတွင် အသုံးပြုနိုင်ပါသည်။ ရွှေရင်အေးစသောအအေးစာ များတွင်အဓိကဖြင့်အသုံးပြုပါသည်။ ထိုင်းနိုင်ငံတွင်များသောအားဖြင့် ဟင်းလျာထဲတွင်အုန်းနို့သည် အလိုအပ်ဆုံးအဖြစ်ပါဝင်ပါသည်။ မဆလာ ဟင်းများကိုချက်ပြုတ်ရာတွင်လည်းသုံးသည်။