အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

မြို့တော် ဖနွမ်ပင်
 

ဘာသာစကား  ကမ္ဘောဒီးယားဘာသာ/ခမာဘာသာ
 

အမျိုးသားပန်း  ဒက်ဖိုးဒီးလ်ပန်း
 

ကိုးကွယ်သည့်  ဘာသာ

မဟာယာနဗုဒ္ဓဘာသာ ၊ ဟိနယာနဗုဒ္ဓဘာသာ ငွေကြေးစနစ်
 

ငွေအသပြာ  လီးအီးလ် (Riel)
 

ပထဝီအနေအထား

 ကမ္ဘောဒီးယားနိုင်ငံက အလယ်တောင်ကျွန်းဆွယ်မှာ တည်ရှိတယ်။ မြောက်ဖက်မှာ လာအိုနိုင်ငံနဲ့နီးစပ်ပြီး အနောက်မြောက်ဖက်မှာ ထိုင်းနိုင်ငံနဲ့နယ်စပ်ထားပါတယ်။ အရှေ့တော်ငဖက်မှာ ဗီယက်နမ်နဲ့နီးစပ်ပါ
တယ်။ အနောက်တောင်ဖက်မှာပင်လယ်နဲ့နီးကပ်ပါတယ်။တောင်ပိုင်းဒေသက ယိုးဒယာပင်လယ်ကွေ့
၊မလေးရှားနိုင်ငံနဲ့ကမ်းလှမ်းမျက်နှာတည်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနယ်မြေတစ်ခုလုံးက ပန်းကန်ပြား ပုံဏ္ဍာဖြစ်ပြီး မျက်နှာဖက် ၃ဖက်မှာ တောင်ပူစာများနဲ့ တောင်စဉ်စုများ ဝိုင်းထားရှိတယ်။ ဗဟိုချက်မမှာ တော့ ကျယ်ပြန့်ပြီးမြေစြွာကယ်ဝတဲ့မြေပြန့်တစ်ခုဖြစ်တယ်။ အဲဒီမြေပြန့်အကျယ်အဝန်းမှာ နိုင်ငံတစ်ခုလုံး ရဲ့ လေးပုံတစ်ပုံထက်များပြီး နေရာယူခဲ့ပါတယ်။ အဲဒီမြေပြန့်ဒေသ မဲခေါင်မြစ်နဲ့မဲ့ခေါင်မြစ်မြစ်လက်တက် မှ နုံးတင်ပြီး ဖြစ်လာတာဖြစ်တယ်။
 

သမိုင်းအကျဉ်း

 ကမ္ဘောဒီးယားနိုင်ငံက အလယ်တောင်ကျွန်းဆွယ်ပေါ်ရှိ ရှေးဟောင်းနိုင်ငံတစ်ခုဖြစ်တယ်။ သမိုင်းကြာရှည်မှု မှာ နှစ် ၂ဝဝဝကျော်ရှိခဲ့ပါတယ်။ တရုတ်ချင် ၊ ဟန်မင်းခေတ်မှာ ၄င်းကို ဖူနန်းလို့ ခေါ်ပါတယ်။ မင် ခေတ် မှစပြီး ကမ္ဘောဒီးယားလို့ ခေါ်ပါတယ်။ A.Dတစ်ရာစုနှစ်မှာ ကမ္ဘောဒီးယားနယ်တွင်းမှာ ဖူနန်း ဘုရင့် နိုင်ငံကို ထူထောင်လာပါတယ်။ ပြည်သူပြည်သားများက ဟိန္ဒူဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ကိုးကွယ်ပါတယ်။ အိန္ဒိယယဉ်ကျေးမှုသြဇာပေးခြင်းကို များစွာခံခဲ့ရပါတယ်။ ၁၅ရာစုနှစ်နောက် ပိုင်းမှာ နိုင်ငံအင်အားနည်းသွားလို့ ဗီယက်နမ်နိုင်ငံဝင်ရောက်ကျူးကျော်ခြင်းကို ကြိမ်ပေါင်းများစွာ ခံခဲ့ရ တယ်။ ၁၈၆၃ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံရဲ့ကာကွယ်ခံနိုင်ငံဖြစ်ရှာသွားတယ်။ ၁၉၄၁ခုနှစ်ကနေ ၁၉၄၅ခုနှစ် အထိ ဂျန်ပန်တပ်မတော်သိမ်းပိုက်ခံခဲ့ရတယ်။ ၁၉၄၅ခုနှစ် အောက်တိုဘာလမှာ ပြင်သစ်နိုင်ငံမှ ပြန်လည် သိမ်းပိုက်လိုက်တယ်။ ၁၉၅၃ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ ပြင်သစ်အုပ်ချုပ်မှုမှ လွတ်ထွက်လာနိုင်ပြီး လွတ်လပ်ခွင့်ရရှိပါတယ်။ ၁၉၅၅ခုနှစ် စက်တင်ဘာလ စိယနုက ကမ္ဘောဒီးယားဘုရင်အဖြစ်ရွေးခံရတယ်။ ပြီးနောက်မှာ ကမ္ဘောဒီးယားသမိုင်းက စိယနုခေတ် ၊ လွန်နော်ခေတ် ၊ အနီရောင် ကမ္ဘောဒီးယားအုပ်ချုပ်ရေး ခေတ် ၊ ဖနွမ်ပင်ခေတ် (ဂုဏ်း ၃ဂုဏ်း ပူးပေါင်းအုပ်ချုပ်ရေး) ၊ နိုင်ငံလုံးအဆင့်မြင့်ဆုံးကော်မတီခေတ် တို့ရှိခဲ့ပါတယ်။ ၁၉၃၃ခုနှစ်မှာ ကမ္ဘောဒီးယားဆိုင်ရာ နိုင်ငံတကာကုလသမဂ္ဂအခွင့်တာဝန်အဖွင့်နဲ့ နိုင်ငံ အဆင့်မြင့်ဆုံးအစည်းအဝေးနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ပြီး အစိုးရသစ်ကို ထူထောင်လာပြီး ဒီနေ့အထိ ဖြစ်တယ်။
 

အရေးပါသော
ပွဲတော်နေ့များ

(၁) နှစ်သစ်ကူးပွဲ။
နှစ်တိုင်း ၄ လ ၁၄ရက်ကနေ ၁၆ ရက်အထိ ကမ္ဘောဒီးယားနှစ်သစ်ကူးပွဲတော်ဖြစ်တယ်။ သကျမုနီရဲ့မွေးနေ့နဲ့ သတ်မှတ်ထားတာဖြစ်တယ်။ နှစ်သစ်ကူးပွဲတော်ရက်များမှာ တစ်နိုင်ငံလုံးစေတီဘရားကျောင်းများက ဗုဒ္ဓဘာသာအရောင် ၅မျိုးအလံနဲ့ငကြင်းအလံကို ချိန့်ထားပါတယ်။

(၂)Imperial Ploughing Festival

နှစ်တိုင်းမေလ ၁၁ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့Imperial Ploughing Festival မှာ ကမ္ဘောဒီးယား လူမျိုးတို့ရဲ့အရေးပါတဲ့ရိုးရာပွဲတော်တစ်ခုဖြစ်တယ်။ တစ်နိုင်ငံလုံးရဲ့အစိုးရဌာနများကို တစ်ရက်ရုံးပိတ်လိုက် တယ်။ ဒီပွဲတော်အခမ်းအနားကို မွန်မြတ်လယ်ယာမှာ ကျင်းပပါတယ်။ တစ်နှစ်လယ်ယာစိုက်ပျိုးမှုဖြစ်စဉ် အတိုင်း စိုက်ပျိုးပါတယ်။
(၃) ရေပူဇော်ပွဲ
နှစ်တိုင်းအောက်တိုဘာလ ၃၁ရက်နေ့ကနေ နိုဝင်ဘာလ ၂ရက်နေ့ထိ ၃ ရက်ကျင်းပပါတယ်။ နတ်ဒေဝ များက စောင်မပေးတာ နဲ့ သဘာဝဆုလာတ်ပေးတာကို ကျေးဇူးတင်သဘောမျိုးဖြစ်တယ်။ ရေပူဇော်ပွဲတော် မှာ လှေလှော်ပြိုင်ပွဲ ၊ ရေမီးလုံလွှတ်ပွဲ ၊ လမင်းပူဇော်ပွဲစတဲ့လှုပ်ရှားမှုများကို ကျင်းပလေ့ရှိတယ်။
(၄) သင်္ကန်းလက်ဆောင်ပေးပွဲ
သာသနနှစ် ၁ဝလ ၂၈ရက်နေ့ကနေ ၁၁လ ၂၈ရက်နေ့ထိကျင်းပလေ့ရှိတဲ့သင်္ကန်းလက်ဆောင်ပေးပွဲမှာ ကမ္ဘောဒီးယားဗုဒ္ဓဘာသာဝင်များတို့ရဲ့ အခမ်းနားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ရဟန်းဘုန်းကြီးများမိုးရာသီ အပြီးနေထိုင်ပြီးနောက် သူတို့အတွက် တစ်လကြာ သင်္ကန်းလက်ဆောင်ပေးပွဲ ကျင်းပပေးပါတယ်။
 

 

အချက်အလက်များကိုးကားခြင်း။ ။ တရုတ်ပြည်တိုင်ဝမ်ဒေသနိုင်ငံခြားရေးဌာန