အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

မြို့တော်

ဟနွိုင်း
 

ဘာသာစကား

ဗီယက္နမ္ဘာသာ

 

အမျိုးသားပန်း

ကြာပန်း
 

ကိုးကွယ်သည့်
ဘာသာ

ဗုဒ္ဓဘာသာ၊ ဗရင်ဂျီဘာသာ၊
တာအိုဘာသာ၊ ခရစ်ယာန်ဘာသာ
 

ငွေအသပြာ

ဒေါင်ငေG(Dong)
 

ပထဝီအနေအထား

  ဗီယက်နမ်နိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏အရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် တရုတ်ပြည် ကွမ်ဒုံးပြည်နယ်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယူနန်ပြည်နယ်နှင့်နယ်နိမိတ်ချင်း
ဆက်စပ်သည်။ အနောက်ဘက်တွင် လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံနှင့်နယ်နိမိတ်ချင်းဆက်စပ်သည်။
အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်၏တိုကျိုအော်နှင့် မျက်နှာမူသည်။ တနိုင်ငံလုံး ကျဉ်းမြောင်း
ပြီှးပုံ ပေါ်သည်။
 

သမိုင်းအကျဉ်း

   ရှေးခေတ်တွင် ဗီယက်နမ်၏အမည်ကို Vn Lang? An Namဟုလည်းခေါ်ကြသည်။ တရုတ်
ပြည်၏လက်အောက်ခံနိုင်ငံအဖြစ် အနှစ် ၁ဝဝဝနီးပါး ကြာမြင့်ခဲ့သည်။ ထို့နောက် ပြင်သစ်နိုင်ငံ၏
အုပ်စိုးမှုကို အနှစ် ၈ဝ ကျော် ခံခဲ့ရသည်။ ၁၉၅၄ခုနှစ်တွင် ပြင်သစ်တပ်ဖွဲ့၏Dien Bien Phu
စစ်ပွဲဆုံးရှုံးသွားသဖြင့် ဂျီနီဗာစစ်ရပ်စဲရေးသဘောတူညီချက်ချုပ်ဆိုပြီး တောင်ဗီယက်နမ်နှင့်မြောက်
ဗီယက်နမ်ကွဲပြားသွားကာ တောင်ဗီယက်နမ်ကို ဗီယက်နမ်သမ္မတနိုင်ငံ၊ မြောက်ဗီယက်နမ်ကို
ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခဲ့သည်။ ၅ဝ ဆယ်စုနှစ်နောက်ပိုင်း၌ ရုရှား
နှင့်အမေရိကန်နှစ်နိုင်ငံ၏ဗိုယ်ကျအာဏာဝင်စွက်မှုကြောင့် ဗီယက်နမ်စစ်ပွဲ အနှစ်(၂ဝ)ကျော်
ဆက်တိုက် ကြာမြင့်ခဲ့သည်။ ၁၉၇၅ခုနှစ် ဧပြီလ ၃ဝ ရက်တွင် မြောက်ဗီယက်နမ်သညှ်ငေါသညမြို့ကို
သိမ်းပိုက်သဖြင့် ဗီယက်နမ်သည် တပေါင်းတစည်းတည်းဖြစ်လာသည်။ ၁၉၇၆ခုနှစ် ဇူလိုင်လ ၂ ရက်
တွင် နိုင်ငံ့အမည်ကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲသတ်မှတ်ထားသည်။
 

အရေးပါသော
ပွဲတော်နေ့များ

နှစ်ဆန်းတစ်ရက်နေ့။ ဇန်နဝါရီလ ၁ ရက်၊ ယင်းနေ့သည် ရုံးပိတ်ရက်ဖြစ်သည်။
နွေဦးပွဲတော်
တရုတ်သက္ကရာဇ်၏နှစ်သစ်ကူးနေ့နှင့်အတူ ယင်းနေ့သည် ဗီယက်နမ်နိုင်ငံ၏အရေးကြီးသည့်
ပွဲတော်နေ့ဖြစ်ပြီး အကြိုနေ့မှစ၍ (၄)ရက် ရုံးပိတ်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသားများ၏ရိုးရာ
ယဉ်ကျေးမှုအရ အကြိုနေ့ညတွင် အိမ်သူအိမ်သားများ ပြန်လည်ပေါင်းဆည်းသောညတစ်ညဖြစ်ပြီး
အိမ်သူအိမ်သားများသည် နှစ်သစ်ကူးထမင်းကို စားကြယင်း နှစ်သစ်ကို ဆီးကြိုကြမည်ဖြစ်သည်။

အမျိုးသားနေ့
ခရစ်သက္ကရာဇ်စက်တင်ဘာလ၂ ရက်ဖြစ်ပြီး တစ်ရက်ရုံးပိတ်သည်။ ၁၉၄၅ခုနှစ် စက်တင်ဘာလ
၂ ရက်တွင် ဗီယက်နမ်ခေါင်းဆောင်ံသ ဃ့င ငြည့သည် ဘအေအနညရင်ပြင်၌ လွတ်လပ်ရေးကြေငြာ
စာတမ်းကို ဖတ်ကြားခဲ့ပြီး ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကို ဖွားမြင်လိုက်သည်။ ယခုအခါ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲသတ်မှတ်ထားသည်။

ဆောင်းကူးလပြည့်နေ့
တရုတ်သက္ကရာဇ် ရှစ်လလ ၁၅ ရက်ဖြစ်သည်။ တရုတ်များနှင့်အတူ ဗီယက်နမ်နိုင်ငံသားလည်း
ဆောင်းကူးလပြည့်နေ့ကို ဂုဏ်ပြုလေ့ရှိသည်။ ဆောင်းကူးလပြည့်နေ့အတွင်း ရောင်စုံရွှန်းတင့်
သောမီးပဒေသာ၊ မီးပုံးများထွန်းတတ်သည်။ တစ်အိမ်သားလုံး ဝိုင်းထိုင်၍ စန္ဒလကို ရှုစားယင်း
လမုန့်ကို စားကြသည်။
တရုတ်သက္ကရာဇ်၏ပထမလပြည်နေ့ပွဲတော်
ယင်းနေ့တွင် လူသူများသည် ဘုန်းကြီးကျောင်းအသီးသီးသို့ သွားကြပြီး ဘုရားဖူးလေ့ရှိသည်။
ယင်းပွဲတော်သည် ဗီယက်နမ်နိုင်ငံသားများအတွက်လည်း အရေးကြီးသည့်ပွဲတော်ဖြစ်သည်။
တရုတ်သက္ကရာဇ်၏ငါးလပိုင်း ၅ ရက်ဖြစ်သည်။ ယင်းနေ့၏အရေးကြီးယဇ်စာမှာ ကောက်ညှင်း
ထုပ်ဖြစ်သည်။ အိမ်တိုင်းလိုလို ပွဲနေ့မကျမီ ဝက်သားကောက်ညှင်းထုပ်များထုပ်လေ့ရှိသည်။ ထို့ပြင်
မက်မွန်သီးဌာပနာထုပ်ကောက်ညှင်းထုပ်လည်းရှိသည်၊ သို့မဟုတ် ဈေးတွင် ရောင်းလိုက်သောအချို
ကောက်ညှင်းထုပ်လည်း ဗီယက်နမ်နိုင်ငံသားများ၏အရေးကြီးသောယဇ်စာဖြစ်သည်။
ကျုံးယွမ်ခေါ်ပွဲတော်နေ့
ယင်းနေ့တွင် ညီအပ်ကိုကောင်းများကို ပူဇော်ပြီး မိမိနှင့်အိမ်သူအိမ်သားများအား တစ်နှစ်လုံး
ကျန်းမာချောမောအောင်မြင်စေရန်ဖြစ်သည်။

 

အချက်အလက်များကိုးကားခြင်း။ ။ တရုတ်ပြည်တိုင်ဝမ်ဒေသနိုင်ငံခြားရေးဌာန