အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

မြို့တော်

ဘန်ကောက်
 

ဘာသာစကား

ယိုးဒယားဘာသာ
 

အမျိုးသားပန်း

စိန်ပန်း
 

ကိုးကွယ်သည့်
ဘာသာ

ဗုဒ္ဓဘာသာ
 

ငွေအသပြာ

ဘတ်ငေG(THB)
 

ပထဝီအနေအထား

 ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ဗဟို၌ တည်ရှိသည်။ အရှေ့တောင်ပိုင်းတွင် ကမ္ဘောဒီးယား
နိုင်ငံ၊ တောင်ပိုင်းတွင် မလေးရှားနိုင်ငံ၊ အနောက်ပိုင်းတွင် မြန်မာနိုင်ငံ၊ အရှေ့မြောက်ပိုင်းနှင့်မြောက်
ပိုင်းတွင် လာအိုနိုင်ငံများနှင့် အသီးသီး နယ်နိမိတ်ချင်းဆက်စပ်သည်။ တောင်ပိုင်းတွင် ယိုးဒယားအို၊
အနောက်တောင်ပိုင်းတွင် အိန္ဒိယသမုဒ္ဒရာနှင့်မျက်နှာပြုသည်။
 

သမိုင်းအကျဉ်း

 ၁၃၇ဝခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ရှေးခေတ်တွင် ယိုးဒယား﹙Siam﹚ဟုခေါ်သည်။
၁၉၃၂ခုနှစ် တော်လှန်ရေးအောင်ပွဲရရှိပြီးနောက် ဥပဒေပြုလွှတ်တော်ဖြင့် အုပ်ချုပ်သောဘုရင်စံနစ်ကို
လက်ခံကျင့်သုံးပြီး ထိုင်းဘုရင်အား နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ထားသည်။ ၁၉၃၉ခုနှစ်
နိုင်ငံတော်အမည်ကို ထိုင်းဘုရင့်နိုင်ငံ﹙Kingdom of Thailand﹚အဖြစ် သတ်မှတ်ထားသည်။၁၉၄၆ခုနှစ် ထိုင်းဘုရင်Bhumibolက နန်းတက်ပြီး Ramahမင်းဆက်၏နဝမဆက် ဘုရင်ဖြစ်လာသည်။
 

အရေးပါသော
ပွဲတော်နေ့များ

(၁) နှစ်သစ်ကူးနေ့(Songkran Festival Day)


ရှေးခေတ်တွင် ထိုင်းနိုင်ငံသည် ကို နှစ်သစ်ကူးနေ့အဖြစ် ကူးလေ့ရှိ
သည်။ ဧပြီလလယ်ပိုင်းတွင် လယ်ယာအလုပ်နည်းပါးသောကာလဖြစ်သောကြောင့် ဘာသာရေးကိစ္စ
များ၊ ရိုးရာအနုပညာများကို ကြီးကျယ်စွာ လုပ်သင့်သည်။ ၏လှုပ်ရှားမှု
များမှာ အနယ်အနယ်အရပ်ရပ်၌ နိုင်ငံတော်အလံတင်ခြင်း၊ မိမိ ချမ်းမြေ့သာယာစေရန် ဘုရားရှိခိုး
ခြင်း၊ ဆွမ်းတင်ခြင်း၊ သက်ကြီးများအား ရေပက်ပူဇော်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ဤပွဲတော်ကို
အများက သင်္ကြန်ပွဲတော်ဟုလည်းခေါ်ကြသည်။ သင်္ကြန်ပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ရက်မှ ၁၅ရက်အထိ ကျင်းပလေ့ရှိသည်။ ရိုးရာ ၏နံနက်ပထမဦးဆုံးသောအခမ်းအနားမှာမိမိ ချမ်းမြေ့သာယာစေရန် သက်ကြီးများ ပူဇော်ကန်တော့ခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်များကရိုသေလေးစားစွာ တန်းစီပြီး သက်ကြီးများ၏ဆုမွန်ကောင်းတောင်းမှုဖြင့် လာမည့်နှစ်တွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံရန် မျှော်လင့်ကြသည်။

 

(၂) ရေမီးထွန်းပွဲ
ရေမီးထွန်းပွဲသည် ထိုင်းနိုင်ငံ၏အနက်အဓိပ္ပါယ်အရှိဆုံးသော ဒဏ္ဍာရီအပါဝင်ဆုံးသောရိုးရာပွဲနေ့
ဖြစ်သည်။ ယင်းပွဲနေ့ကို နှစ်စဉ် ဒီဇင်ဘာလ ၁၅ရက် ညပိုင်းတွင် ကျင်းပလေ့ရှိသည်။ လယ်သမားတို့
ရေမီးထွန်းခြင်းဖြင့် သူတို့ကို လုံလောက်သော ရေအရင်းအမြစ်ပေး၍ သီးနှံစိုက်ပျိုးနိုင်ခြင်းအတွက်
ရေနတ်အား ကျေးဇူးတုံ့ပြန်ခြင်းဖြစ်ပြီး လာမည့်နှစ်တွင်လည်း မိုးမှန်လေမှန် ရာသီမဖောက်ပြန်စေရန်
အတွက်ဖြစ်သည်။ လူငယ်လူရွယ်များကမူ ရေမီးထွန်းခြင်းဖြင့် မိမိသဘောကျသောရည်းစားကို ရှာဖွေတွေ့ရှိနိုင်မည်ဟုမျှော်လင့်ကြသည်။ ဗုဒ္ဓဘာသာဝင်များမှာမူ ဘေးဒုက္ခများသည် ရေစီးပမာ စီးသွားပြီး ချမ်းမြေ့သာယာမှုသည် ရေလှိုင်းပမာ စီးဆင်းလာစေရန်မျှော်လင့်ကြသည်။

 

(၃) Vegetarian Festivalပွဲတော်

ထိုင်းနိုင်ငံPhuketကျွန်းတွင် အရေးပါသောပွဲတော်နေ့မှာVegetarian Festivalပွဲတော်နေ့ဖြစ်သည်။ ယင်းပွဲတော်နေ့ကို နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာလပိုင်းတွင် ကျင်းပခြင်းဖြစ်ပြီးကိုးရက် ဆက်တိုက် ဂုဏ်ပြုလေ့ရှိသည်။ Vegetarian Festivalပွဲတော်နေ့ကို ကျင်းပသည့်ကိုးနေ့ကိုးညအတွင်း ဗုဒ္ဓဘာသာဝင်များသည် သက်သတ်လွတ်စားကြသည်၊ ပျော်ပွဲရွှင်ပွဲမှန်သမျှကိုရပ်စဲကြသည်။ မြို့တွင်းရှိ အဓိကဘုန်းကြီးကျောင်းငါးကျောင်းတွင် ဂုဏ်ပြုပွဲအမျိုးမျိုးကိုလည်းကျင်းပကြသည်။

(၄) စွန်လွှတ်ပွဲ
စွန်လွှတ်ခြင်းသည် ထိုင်းနိုင်ငံတွင် သမိုင်းရှည်ကြာလှသည်။ ထိုင်းနိုင်ငံသားများသည် စွန်လွှတ်ခြင်းကိုလူသူများ၏အိပ်မက်ကောင်း၊မျှော်လင့်ချက်နှင့်ကျွမ်းကျင်လှသည့်အနုပညာလက်ရာကိုပါ အပြည့်တင်ဆောင်ပြီးနိဗ္ဗာန်သို့ပျံသန်းသွားနိုင်မည်ဟူသောအမှတ်လက္ခဏာတစ်ရပ်အဖြစ်ထား
ပါသည်။
 

(၅) နွေးဦးလယ်ထွန်ပွဲ
နှစ်စဉ် မေလပိုင်းသည် ထိုင်းနိုင်ငံ၏နွေးဦးလယ်ထွန်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံသည် ရှေးပဝေသဏီ
မှစ၍ လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခုအထိ လယ်လုပ်သားဦးရေ ၈ဝ%ခန်း ရှိမြဲ
ရှိနေသည်။ ထို့ကြောင့် ယင်းနေ့ကို ပြည်သူပြည်သားများက ခမ်းနားကြီးကျယ်သည့်ပွဲတော်နေ့အဖြစ်
သဘောထားကြသည်။ ဘုရင်နှင့်နန်းတွင်းသူနန်းတွင်းသား၊ အစိုးရဝန်ထမ်းများသည် ဘန်ကောက်မြို့
ရှိ နန်းပိုင်လယ်ခင်း၌ နွေးဦးလယ်ထွန်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ယင်းနေ့ကို ကြီးကျယ်
ခမ်းနားနိုင်စေရန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
 

(၆) Surinဆင်သင်းပွဲ

Surinသည် မြောက်ပိုင်တွင် Roi Et တောင်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့ပိုင်းတွင်Sisaket အနောက်ပိုင်းတွင် Buriramနှင့် နယ်နိမိတ်ချင်းဆက်စပ်သည်။ ရှေးပဝေသဏီမှစ၍
ဆင်အထွက်ပေါများသောကြောင့် ဆင်များ၏ဇာတိဟု အများက ခေါ်စမှတ်ပြုကြသည်။
Surinသည်ရှေး Khmerသား လက်ထက်တွင် ဆင်များကို စတင် မွေးမြူလာသည်။ ဆင်များဖြင့် စစ်တိုက်ခြင်း၊
အမဲလိုက်ခြင်းနှင့်သယ်ပို့ခြင်းလုပ်ငန်းကို လုပ်ဆောင်စေသည်။ သို့သော် Surin ရှိ ဆင်များသည်
ကမ္ဘာကျော်စေပြီး ပြည်တွင်းပြည်ပ ခရီးသည်များကို ပြုံလိုက်လာစေကြသည်မှာ
Surin၏ နှစ်စဉ်
နိုဝင်ဘာလ ကျင်းပလေ့ရှိသည့်ဆင်ဖမ်းပွဲဖြစ်သည်။ ယင်းကမ္ဘာကျော် ဆင်ဖမ်းပွဲကျင်းပခြင်းသည်
ယခုအထိ အနှစ်(၄ဝ)ကျော် ရှိပြီးဖြစ်သည်။ နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသည်များကို ထောင်လိုက်
သောင်းလိုက်ချီပြီး ဆွဲဆောင်လာနိုင်သည်။ ထိုင်းနိုင်ငံအတွက် နိုင်ငံခြားငွေကို ရရှိနိုင်သည့်အပြင်
ှကမငည၏စီးပွားရေးကိုလည်း တိုးတက်နိုင်သည်။

 

အချက်အလက်များကိုးကားခြင်း။ ။ တရုတ်ပြည်တိုင်ဝမ်ဒေသနိုင်ငံခြားရေးဌာန