အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

 

※လူဝင်မှုကြီးကြပ်ရေးထိုင်ပေမြို့ဝန်ဆောင်မှုဌာန

1. ပြည်မကြီး အိမ်ထောင်ဖက်
အခြေချနေထိုင်ခွင့်ရပြီးနောက် အမြဲနေထိုင်ခွင့်ပါမစ် ကိုင်ဆောင်သူ (၎င်း၏ နေထိုင်ခွင့်ကိုဆုံးရှုံးရန်အတွက် ပေးအပ်ရမည်။)နှင့် ပြည်မကြီး ခရီးသွားခွင့်(ရယူပြီုးသည့်အခါ မူလနိုင်ငံသား သက်သေ အထောက် အထား လက်မှတ်ကိုဆုံးရှုံးရန် တချိန်တည်း ပြန်လည်ပေးအပ်ရမည်။) လူဝင်မှုကြီးကြပ်ရေးထိုင်ပေမြို့ဝန်ဆောင်မှုဌာနသို့ အခြေချနေထိုင်ခွင့် လက်မှတ် ဆက်သွယ်ထုတ်ယူရန်နှင့် ရက်၃၀တွင်း အိမ်ထောင်စုစာရင်း မူရင်း(သို့) အိမ်၊ပိုင်ဆိုင်မှုသက်သေမူရင်းဖြင့် အိမ်ထောင်စုမှတ်ပုံတင်ရုံး သို့ ဝင်ရောက်နေထိုင်ခြင်းကို လျှောက်ထားစိစစ်အတည်ပြုပါ။
ပထမဆုံး ပြည်ပထွက်ခွာပါက မှတ်ပုံတင်ကိုင်ဆောင်၍ ကောင်စစ် ရေးရာ ဦးစီဌာနတွင် ယူနီဖောင်းနံပါတ်ရှိ အာအိုစီနိုင်ငံကူးလက်မှတ် လျှောက်ထားရမည်။
အဆိုပါအခြေချခွင့်ကို ၃လတွင်းပူးတွဲပေးဆောင်ရန် 「ဟိုင်ကျီးဟွေ့၏ မူလနိုင်ငံသားဆုံးရှုံးသည့် အထောက်အထား စိစစ်အတည်ပြုချက်」နှင့်「ပြည်မကြီးခရီးသွားခွင့်」ပူးတွဲပေးဆောင်ခြင်းမရှိက အခြေချ ခွင့်ပြုမိန့်ဖျက်သိမ်းမည်။
2. နိုင်ငံခြား အိမ်ထောင်ဖက်
အခြေချနေထိုင်ခွင့်ရပြီးနောက် နိုင်ငံခြားပတ်စ်ပို့ကိုင်ဆောင်သူနှင့် နိုင်ငံခြားသားနေထိုင်ခွင့် (၎င်း၏ နေထိုင်ခွင့်ကိုဆုံးရှုံးရန်အတွက် ပြန်ပေးအပ်ရမည်။) လူဝင်မှုကြီးကြပ်ရေးထိုင်ပေမြို့ဝန်ဆောင်မှုဌာနသို့ အခြေချနေထိုင်ခွင့်လက်မှတ် ဆက်သွယ်ထုတ်ယူရန်နှင့် ရက်၃၀တွင်း အိမ်ထောင်စုစာရင်းမူရင်း(သို့) အိမ်၊ပိုင်ဆိုင်မှုသက်သေမူရင်းဖြင့် အိမ်ထောင်စုမှတ်ပုံတင်ရုံးသို့ ဝင်ရောက်နေထိုင်ခြင်းကို ဦးစွာ လျှောက်ထားပါ။
3. ထမဆုံး ပြည်ပထွက်ခွာပါက မှတ်ပုံတင်ကိုင်ဆောင်၍ ကောင်စစ် ရေးရာ ဦးစီဌာနတွင် ယူနီဖောင်းနံပါတ်ရှိ အာအိုစီနိုင်ငံကူးလက်မှတ် အသစ်တစ်ဖန် လျှောက်ထားရမည်။
C. ဟောင်ကောင် နှင့်မကာအို အိမ်ထောင်ဖက် အခြေချနေထိုင်ခွင့်ရပြီးနောက် ၎င်း၏နေထိုင်ခွင့်ကိုဆုံးရှုံးရန် အတွက် ပေးအပ်ရမည်၊ ရက်၃၀တွင်း အိမ်ထောင်စုစာရင်းမူရင်း(သို့) အိမ်၊ပိုင်ဆိုင်မှုသက်သေမူရင်းဖြင့် အိမ်ထောင်စုမှတ်ပုံတင်ရုံး သို့ ဝင်ရောက်နေထိုင်ခြင်း လျှောက်ထားပါ။
ပထမဆုံး ပြည်ပထွက်ခွာပါက မှတ်ပုံတင်ကိုင်ဆောင်၍ ကောင်စစ် ရေးရာ ဦးစီဌာနတွင် ယူနီဖောင်းနံပါတ်ရှိ အာအိုစီနိုင်ငံကူးလက်မှတ် လျှောက်ထားရမည်။
ဘုံသတိပြုရန် ကိစ္စရပ်များ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရယူပြီးနောက် အခွန်ငွေ၊ စစ်မှုထမ်း၊ ပြည်ပဝင်ထွက်၊ ပညာရေး၊ ဆေးဘက်ဆိုင်ရာ အခွင့်အရေး၊ မဲပေးပိုင်ခွင့်၊ လူမှု့ဖူလုံရေး သယံဇာတများ စသည့်ဆက်စပ် အခွင့်အရေး တာဝန်အားလုံး၊ အာအိုစီအက်ဥပဒေနှင့်ဆက်စပ်သော ပြဋ္ဌာန်းချက် စည်းမျဉ်းများကို လိုက်နာရမည်။


※အလုပ်သမားဝန်ကြီးဌာန အလုပ်သမားအာမခံကြေးရုံး

 

1. အလုပ်သမားရေးရာကာကွယ်စောင့်ရှောက်ရေးနှင့်ဆက်စပ်သော သတိပြုရန် ကိစ္စရပ်များ
၁။ ရွှေ့ပြောင်းနိုင်ငံသားမှတ်ပုံတင်မယူခင် နေထိုင်ခွင့်(သို့) ပတ်စ်ပို့နံပါတ်(သို့)ယူနီဖောင်း နံပါတ်နှင့် နောက်တိုးအာမခံ၊ ကိုယ်တိုင်(သို့)ဝန်ဆောင်မှုဖြင့် ဖြည့်စွက်ပါ 「အာမခံ ပြောင်းလဲခြင်းကိစ္စလျှောက်လွှာ」မှတ်ပုံတင်ရှေ့နောက်မိတ္တူနှင့် မရေးသွင်းမှီ နောက်တိုး အာမခံအချက်အလက် (အင်္ဂလိပ်အမည်၊ နေထိုင်ခွင့်ပါမစ်(သို့) ပတ်စ်ပို့နံပါတ်) နှင့်ပူးတွဲ၍ အလုပ်သမားအာမခံရုံးသို့ အခြေခံအချက်အလက် ပြောင်းလဲခြင်းလျှောက်ထားပါ ၎င်းရှေ့နောက် နောက်တိုးအာမခံကို ပေါင်းစပ်တွက်ချက်မည်။
၂။ရွှေ့ပြောင်းနိုင်ငံသားများ အင်တာနက်(သို့)အေတီအမ်စက်များမှတဆင့် ကိုယ်ပိုင်အာမခံ အချက်အလက်များ စုံစမ်းနိုင်သည်။အချက်အလက်ပြောင်းလဲရန် အလုပ်သမားအာမခံရုံးသို့ ပေးပို့သည့်အပြင်၊ သဘာဝအထောက်အထားများ အသစ်ပြောင်းလဲရန်လိုသည်။ သဘာဝ အထောက်အထားသည် ထိုအချိန်တွင် လျှောက်လွှာအချက်အလက်များကို မှတ်တမ်းတင် ထားသည်။ ပုဂ္ဂိုလ်ရေးအာမခံအချက်အလက်ဟောင်းများကို ရယူလိုလျှင်နှိင်းယှဉ်လို့ မရသောကြောင့်ဖြစ်သည်။ အလုပ်သမားဖူလုံရေးကဒ်နှင့် ကျုံးဟွာရုံကျိန့်ဒက်ဘစ်ကဒ် ကိုင်ဆောင်သူသည် ကဒ်ထုတ်ပေးသည့် ဘဏ်နှင့်စာတိုက်သို့ အကြောင်းကြားဖို့ လိုအပ် သည်။
၃။ပုဂ္ဂိုလ်ရေး အာမခံအချက်အလက်စုံစမ်းရန် အောက်ပါအတိုင်း :

(၁)။အင်တာနက်မှတဆင့် ပုဂ္ဂိုလ်ရေးအာမခံအချက်အလက် စုံစမ်းမှု(သဘာဝ အထောက် အထား စုံစမ်းမှုအပါအဝင်၊အလုပ်သမားဖူလုံရေးကဒ်၊ 「မိုဘိုင်းဝန်ဆောင်မှု APP」မှတဆင့်)
(၂)။အလုပ်သမားလူမှုဖူလုံရေးကဒ်ဖြင့် အေတီအမ်စက်မှတဆင့် စုံစမ်းရန်။
(၃)။ကျုံးဟွာရုံကျိန့်ဒက်ဘစ်ကဒ်ဖြင့် စာတိုက်အေတီအမ်စက်မှတဆင့် စုံစမ်းရန်။
(၄)ကောင်တာစုံစမ်းရေး။
(၅)ဖုန်းစုံစမ်းရေး (နှစ်ပတ်လည်စုစုပေါင်းငွေကြေးစုံစမ်းရေး)

2. အလုပ်သမားရေးရာငွေပေးချေမှုဆက်စပ်သည့် သတိပြုရန်ကိစ္စရပ်များ
၁။မှတ်ပုံတင်ရပြီးကာစ ရွှေ့ပြောင်းနိုင်ငံသားများ အလုပ်သမားရေးရာမှငွေပေးချေစဉ် ဘဏ်အကောင့်၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ပြောင်းလဲသည့် မှတ်ပုံတင်နံပါတ်များကို အတည်ပြုပြောင်းလဲရန်၊ ငွေသွင်းအကောင့် ပြန်စုပ်မှုမှရှောင်ရှားနိုင်ရန်အတွက်ဖြစ်သည်။
၂။မှတ်ပုံတင်မရမှီ ရွှေ့ပြောင်းနိုင်ငံသား အလုပ်သမားရေးရာမှပေးသည့် အလုပ်သမား အာမခံကြေးနှစ်စဉ်ထောက်ပံ့ငွေထုတ်ယူသူသည် မှတ်ပုံတင်ရယူပြီးနောက် အလုပ်သမား အာမခံရုံးသို့ မှတ်ပုံတင်မိတ္တူအထောက်အထားစိစစ်အတည်ပြုရန်ပေးပို့ရမည်။

3. အလုပ်သမားရေးရာပင်စင်ဆက်စပ်သည့် သတိပြုရန်ကိစ္စရပ်များ
၁။ယခင်နေထိုင်ခွင့်ဖြင့် အလုပ်သမားရေးရာပင်စင်ဆောင်ထားသည့် ရွှေ့ပြောင်းနိုင်ငံသား မှတ်ပုံတင်ရယူပြီး နောက် အလုပ်သမားအာမခံကြေးရုံးသို့ အချက်အလက်ပြောင်းလဲရမည်။
(၁)ရွှေ့ပြောင်းနိင်ငံသား အလုပ်သမားရေးရာပင်စင်တပြိုင်တည်းပါဝင်ပေးဆောင်ရန်၊ အလုပ်သမားနှင့် ကျန်းမာရေးအာမခံ အချက်အလက်ပြောင်းလဲမှုသရီးအင်ဝမ်းလျှောက်လွှာ ဖြည့်စွက်ပါ။ မှတ်ပုံတင် ရှေ့နောက် မိတ္တူပူးတွဲပေးအပ်ရမည်။
(၂)ရွှေ့ပြောင်းနိုင်ငံသား အလုပ်သမားပင်စင်ဖော်ပြခြင်း (ကိုယ်ပိုင်လုပ်ငန်းရှင်များ မိမိဆန္ဒ အလျှောက် လစာပင်စင်ဖော်ပြခြင်း အပါအဝင်)၊ အလုပ်သမားပင်စင်အချက်အလက် ပြောင်းလဲမှုလျှောက်လွှာဖြည့်စွက်ပါ။
 မှတ်ပုံတင် ရှေ့နောက် မိတ္တူပူးတွဲပေးအပ်ရမည်။

၂။သဘာဝအထောက်အထား အသုံးပြုပါက အလုပ်သမားဖူလုံရေးကဒ်(သို့) ရုံကျိန့် ဒက်ဘစ် ကဒ်ဖြင့် ရွှေ့ပြောင်းလုပ်သားပင်စင်ပုဂ္ဂိုလ်ရေးအကောင့်ဒေတာတွင် စစ်ဆေးပါ။မှတ်ပုံတင် ရယူပြီးနောက် အိမ်ထောင်စုစာရင်းရုံးနှင့်ဆက်သွယ်ပါ။ ထုတ်ပေးသည့် ဘဏ်(သို့)စာတိုက် လုပ်ထုံးလုပ်နည်းအရ ပြောင်းလဲရမည်။
၃။အလုပ်သမားပုဂ္ဂိုလ်ရေးပင်စင်စုံစမ်းရေးမှာ အောက်ပါအတိုင်း :
(၁)။အင်တာနက်မှတဆင့် ကိုယ်ရေးအာမခံအချက်အလက် စုံစမ်းမှု(သဘာဝ အထောက် အထား စုံစမ်းမှုအပါအဝင်၊အလုပ်သမားဖူလုံရေးကဒ်၊ 「မိုဘိုင်းဝန်ဆောင်မှု APP」မှတဆင့်)
(၂)။အလုပ်သမားလူမှုဖူလုံရေးကဒ်ဖြင့် အေတီအမ်စက်မှတဆင့် စုံစမ်းရန်။
(၃)။ကျုံးဟွာရုံကျိန့်ဒက်ဘစ်ကဒ်ဖြင့် စာတိုက်အေတီအမ်စက်မှတဆင့် စုံစမ်းရန်။
(၄)ကောင်တာစုံစမ်းရေး။

4. အမျိုးသားပင်စင်အာမခံပေးချေမှုနှင့်အခွင့်အရေး ဆက်စပ်သည့် သတိပြုရန်ကိစ္စရပ်များ
အသက်၂၅နှစ်ပြည့် ၆၅နစ်အောက် တိုင်းပြည်တွင်း အိမ်ထောင်စုစာရင်းရှိ သက်ကြီးပင်စင်၊ အစိုးရ ပညာရေး အာမခံပင်စင်(သို့) စစ်ပင်စင် မရယူသေး၊ အလုပ်သမားအာမခံ၊စိုက်ပျိုးရေးအာမခံ၊ အစိုးရပညာရေး အာမခံပင်စင်(သို့) စစ်ပင်စင် ပါဝင်ခြင်းမရှိသော ရွှေ့ပြောင်းနိုင်ငံသားသည် အလုပ်သမားအာမခံရုံးသို့ ကိုယ်တိုင်သွားရောက်၍ အမျိုးသားပင်စင်အာမခံတွင်ပါဝင်ပြီး သတ်မှတ်ထားသော အာမခံကြေး ပေးဆောင်ရမည်။ အသက် ၆၅နှစ်ရောက်သောအခါ နှစ်စဉ်စုဆောင်းလာသည့် သက်ကြီးပင်စင် ထုတ်ယူနိုင်သည့်အပြင် အမျိုးသားပင်စင်အာမခံထားစဉ် အတွင်း မွေးဖွားစရိတ်၊ မသန်မစွမ်းပင်စင်၊ မသေဘဲကျန်ရစ်သူ နှစ်စဉ်ထောက်ပံ့ကြေးနှင့် အသုဘစရိတ်များကာကွယ်မှုရှိသည်။

5.ရွှေ့ပြောင်းနိုင်ငံသား နေထိုင်ခွင့်(သို့)ပတ်စ်ပို့နံပါတ်ဖြင့် အလုပ်သမားအာမခံပါဝင်၍ မှတ်ပုံတင် ရယူပြီးနောက် အမျိုးသားပင်စင်ငွေပေးချေမှုစလစ် စတင်လက်ခံရရှိမည်လား။
အလုပ်သမားအာမခံပါဝင်၍ အမျိုးသားပင်စင်အာမခံမဟုတ်သူ၊ အကယ်၍သင်သည် အလုပ်ရှိပြီး နေထိုင်ခွင့် (သို့)ပတ်စ်ပို့နံပါတ်ဖြင့် အလုပ်သမားအာမခံပါဝင်သည်။ မှတ်ပုံတင်ရယူပြီးနောက်
「အလုပ်သမားအာမခံပြောင်းလဲမှုလျှောက်လွှာ」ဖြည့်စွက်ပြီးမှတ်ပုံတင်ရှေ့နောက်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူပူးတွဲ၍ အလုပ်သမားအာမခံရုံးသို့ အချက်အလက်ပြောင်းလဲမှု လျှောက်ထားရမည်။ ဤသို့ပြောင်းလဲခြင်းဖြင့် နောက်တိုးအာမခံစဉ် အမျိုးသားပင်စင်ငွေပေးချေမှု စလစ်လက်ခံရရှိခြင်းမှ ရှောင်ရှားနိုင်သည်။
ထို့အပြင် အမျိုးသားပင်စင်ငွေပေးချေမှုစလစ် လက်ခံရရှိပါက မစိုးရိမ်ပါနှင့် အာမခံယူနစ် လျှောက်လွှာပေါ်မှ ပြောင်းလဲမှုနှင့် အမျိုးသားပင်စင်အာမခံတို့ အသစ်တစ်ဖန်နှိုင်းယှဉ်မည်။ သို့သော် အာမခံဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းရှိ၍ ကိုယ်တိုင်စုံစမ်းပါ။

6. လက်ရှိ အမျိုးသားအာမခံ မသေဘဲကျန်ရစ်သူပင်စင် ထုတ်ယူသည့်ရွှေ့ပြောင်းနိုင်ငံသား သတိပြုရန်လိုအပ်သော ကိစ္စရပ်များ
အမျိုးသားပင်စင်မသေဘဲကျန်ရစ်သူပင်စင်ထုတ်ယူသည့်ရွှေ့ပြောင်းနိုင်ငံသားမှတ်ပုံတင်မရမှီ အလုပ်သမားရေးရာရုံးသို့ နှစ်စဉ် အထောက်အထား(သို့)နေထိုင်ဆက်စပ်သည့်စာရွက်စာတမ်း ပူးတွဲပေးပို့စစ်ဆေးမှုပြုရမည်။ မှတ်ပုံတင်ရရှိပြီးနောက် အိမ်ထောင်စုစာရင်းမိတ္တူသာ ပေးပို့ပြီး နောက်ပိုင်းနှစ်စဉ်အထောက်အထားအချက်အလက်များပူးတွဲစစ်ဆေးရန်မလို အလုပ်သမားအာမခံ မှတိုက်ရိုက် အိမ်ထောင်စုစာရင်း၏အချက်အလက် နှိုင်းယှဉ်ပါမည်။ ထို့အပြင် ရွှေ့ပြောင်းနိုင်ငံသား ကနဦး မသေဘဲကျန်ရစ်သူပင်စင် လျှောက်ထားစဉ်ကတင်ပြခဲ့သော အလုပ်သမားရေးရာမှ ငွေသွင်းပေးသည့် မူလပိုင်ရှင်အကောင့် စာတိုက်(သို့)ဘဏ်သို့ ပြောင်းလဲမှုလျှောက်တင်ရမည်။ သို့မှသာ ပင်စင်ငွေစနစ်တကျ ဝင်နိုင်မည်။
※အမျိုးသားအာမခံ မသေဘဲကျန်ရစ်သူပင်စင်ငွေပေးချေမှုမေးမြန်းရန်ဖုန်း:(02)2396-1266 လိုင်းခွဲ 6022 ။
7.ရွှေ့ပြောင်းနိုင်ငံသားမှတ်ပံတင်ရရှိပြီး စိုက်ပျိုးရေးအာမခံလျှောက်ထားရာတွင် ဆက်စပ်သည့် သတိပြုရမည့် ကိစ္စရပ်များ
၁။လျှောက်ထားသူ :အိမ်ထောင်စုဝင်၊ မှတ်ပုံတင်ရှိသူ၊ အမှန်တကယ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူသာလျှင် စိုက်ပျိုးရေးအာမခံပါဝင်ဆောင်ရွက်ရန် အိမ်ထောင်စုရှိသည့် တောင်သူလယ်သမားအသင်းသို့ ကိုယ်တိုင်လျှောက်ထားရမည်။
၂။အရည်အချင်းများ :ဤလင့်ကိုဆက်သွယ်ပါ (https://www.bli.gov.tw/)အလုပ်သမား အာမခံကလစ်ကိုနှိပ်၍ဆက်ရှာပါ။
၃။အထောက်အထားစာရွက်စာတမ်း : ဤလင့်ကိုဆက်သွယ်ပါ။ (https://www.bli.gov.tw/) အလုပ်သမား အာမခံကလစ်ကိုနှိပ်၍ဆက်ရှာပါ။
၎။စိုက်ပျိုးရေးအာမခံပါဝင်ပြီးနောက် ပြောင်းလဲမှု(သို့)ဆုံးရှုံးမှုဖြစ်ပါက အိမ်ထောင်စုရှိသည့် တောင်သူလယ်သမားအသင်းသို့လျှောက်ထားရမည်။

 


※ထိုင်ပေမြို့ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန

ပြည်တွင်းယာဉ်မောင်းလိုင်စင်
(https://tpcmv.thb.gov.tw/)

ယာဉ်မောင်းလိုင်စင် သတင်းအချက်အလက်ပြောင်းလဲခြင်း
(https://tpcmv.thb.gov.tw/)

●ယာဉ်မောင်းလိုင်စင် အချက်အလက်ပြောင်းလဲရန်သိသင့် (အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ လိပ်စာ၏ပြောင်းလဲခြင်း) စာရွက်စာတမ်းများ ပြင်ဆင်သင့်သည်။

1.အောက်ပါ ကိုယ်ပိုင်အထောက်အထား စာရွက်စာတမ်း တစ်ခု :
(1)ထိုင်ဝမ်မြို့တွင်းရှိ အိမ်ထောင်စုဝင်နိုင်ငံသား၊ မှတ်ပုံတင်ကဒ်(သို့) စစ်မှုထမ်းကဒ် ပူးတွဲတင်ပြရမည်။
(2)နိုင်ငံခြားသား၊ ပြည်မကြီးဒေသမှပြည်သူ (သို့) ထိုင်ဝမ်တွင် အိမ်ထောင်စုမရှိသော ပြည်သူ၊ တစ်နှစ်အထက် နေထိုင်ခွင့်(သို့) နေထိုင်ခွင့်အထောက်အထား (အဖွဲ့ဝင်) ပူးတွဲတင်ပြရမည်။
(3)ဟောင်ကောင်(သို့)မကာအိုဒေသခံများ တစ်နှစ်အထက်နေထိုင်ခွင့်အထောက်အထား (အဖွဲ့ဝင်) သို့မဟုတ် ပြည်ဝင်ထွက်အထောက်အထား။ သို့သော် တရုတ်သက္ကရာဇ် ၉၄ခု၊ ၁လ၊၁ရက်မှစ၍ တစ်နှစ်အထက်နေထိုင်ခွင့် အထောက်အထား(အဖွဲ့ဝင်) ပူးတွဲ တင်ပြရမည်။
2.မူရင်းယာဉ်မောင်းလိုင်စင်
3.အမည်၊ နံပါတ်တစ်ချိန်တည်းပြောင်းလဲသူသည် အိမ်ထောင်စုစာရင်း (၃လအတွင်း) စိစစ် အတည်ပြုရန် ပူးတွဲတင်ပြရန် လိုအပ်သည်။
4.နံပါတ်ပြောင်းလဲသူသည် အဆိုပါအစိုးရစာရွက်စာတမ်းပြောင်းလဲမှု အထောက်အထား ပူးတွဲတင်ပြရန် လိုအပ်သည်။
5.၆လတွင်းရိုက်သည့် နောက်ခံပြောင် ဦးထုပ်ချွတ်ရန် အင်္ဂါရပ်များ ရှင်းလင်းသည့် တစ်ပိုင်း ၁လက်မ ဓါတ်ပုံ၂ပုံ (လိပ်စာပြောင်းသူ ဓါတ်ပုံပေးရန်မလို)

●လျှောက်ထား အသိပေးစာ
လျှောက်ထားခ:ထိုင်ဝမ်ငွေ 200။
လုပ်ဆောင်ချိန်:ဦးရာလူ။
လက်ခံမည့်နည်းလမ်း:ကောင်တာမှတိုက်ရိုက်လက်ခံ။

● မှတ်ပုံတင်နည်းလမ်း:
ကိုယ်တိုင်၊ ကိုယ်စား (ကိုယ်စားမှတ်ပုံတင်သူသည် မှတ်ပုံတင်မူရင်းစိစစ်အတည်ပြုရန် ယူဆောင်လာရမည်။)
တာဝန်ခံဌာန:ထိုင်ပေမြို့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးရုံး ယာဉ်မောင်းလိုင်စင်စီမံခန့်ခွဲမှု ဌာန
ဖုန်း:(02)2763-0155 လိုင်းခွဲ 201、203
ဖက်စ်:(02)2766-8690
တည်နေရာ:10561 ထိုင်ပေမြို့ စုန်းစန်းခရိုင်၊ ပါးတယ်လမ်း၊ အပိုင်း၎၊ အမှတ်၂၁
ထိုင်ပေမြို့ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီဌာနရုံး စစ်လင်လိုင်စင်ဌာနခွဲ
ဖုန်း:(02)2763-0155 လိုင်းခွဲ 726、727
ဖက်စ်:(02)2831-4278
တည်နေရာ:11169 ထိုင်ပေမြို့ ချိန်တယ်လမ်း၊ အပိုင်း၅၊အမှတ်၈၀။

● သတိပြုရန်။
1.ယာဉ်စည်းကမ်းဖောက်ဖျက်မှုဒဏ်ငွေရှိပါက အရင်ပေးချေပြီးမှ အသစ်လဲလှယ်နိုင်သည်။
2.ဤမြို့ ကိုယ်ပိုင်ယာဉ်လုပ်ငန်းရှင်၊ယာဉ်မောင်းသူသည် အမည်(သို့)လိပ်စာ ပြောင်းလဲစဉ် ဦးဆုံးကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ထိုင်ပေမြို့ ရှင့်ယိခရိုင်၊ စုန်းတယ်လမ်း၊ အမှတ်၃၀၀၊ ၄ထပ်၊ 02-27274168)သို့ ဦးစွာတင်ပြရမည်။
3.သက်တမ်းကုန်းဆုံးသည့်ယာဉ်မောင်းသူသည် တချိန်တည်းလျှောက်ထားရန် လိုအပ် သည်။
4.အမည်၊ နံပါတ်တချိန်တည်းပြောင်းလဲသူ အိမ်ထောင်စုစာရင်းပူးတွဲပေးဆောင်ရမည်။;မှတ်ပုံတင်နံပါတ်ပြောင်းလဲသူ အစိုးရ၏ပြောင်းလဲမှုအထောက်အထား ပူးတွဲပေးရမည်။