ပင်းကျန်းမူလတန်းကျောင်းပညာရေးရာညွှန်ကြားရေးမှုး ချိုက်ချောင်ရှဲန့်
မိသားစုတိုင်းတွင်ခက်ခဲသောကျမ်းဂန်များရှိသည်၊မတူညီသောဘဝနောက်ခံမှလူများ သည်မတူညီသောမိသားစုစီမံခန့်ခွဲမှုပြဿနာများရှိသည်၊မတူညီသောနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူသစ်များအတွက်မိသားစုတခုတည်ထောင်ရန်မည်မျှခက်ခဲသည်ကိုတွေးကြည့်နိုင်ပါသည်၊နေထိုင်သူသစ်များနိုင်ငံရပ်ခြားမိသားစုမှာနေရသည့်အခြေအနေသည်မင်နန်လူမျိုး
များပြောသည့်အတိုင်း「သင်သတိုးသမီးအလုပ်ကိုယူပြီးသည်းခံထိန်းထားပါ」မတူညီသော ယဉ်ကျေးမှုနှင့်နိုင်ငံများမှနေထိုင်သူသစ်များသည်အိမ်တွင်ခက်ခဲသည့်အခြေအနေမှာရှိ နေသည်။
အရှေ့တောင်အာရှမှနေထိုင်သူသစ်များသည်ထိမ်းမြားအောင်သွယ်မိတ်ဆက်ခြင်း ဖြင့်ပေါင်းသင်းခဲ့သော်ထိုင်ဝမ်ရှိအိမ်တွင်းအခြေအနေသည်အိမ်မှုကိစ္စများလုပ်ဆောင်ခြင်း (သို့)မိသားစုကိုထိန်းကျောင်းခြင်းအပေါ်အခြေခံ၍အိမ်တွင်းအခြေအနေမှာအတော်လေး နိမ့်ကျပြီး၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ပါ။ဤမိသားစုအခြေအနေမျိုးသည်နေထိုင်သူသစ်များအတွက်၎င်းတို့၏ကလေးများကိုပြုစုပျိုးထောင်ရန်ခက်ခဲစေပြီးကလေးများ၏ ပုံမှန်ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကိုဆိုးရွားစွာထိခိုက်စေပါသည်၊ထို့ကြောင့်ကျောင်းဝင်း အတွင်းတွင်ထိုကဲ့သို့သောမိသားစုမှကြီးပြင်းလာသည့်ကလေးများသည်ယေဘုယျအားဖြင့်ရှက်ရွံခြင်း၊ပညာရေးဆိုင်ရာစွမ်းဆောင်ရည်ညံ့ဖျင်းခြင်း၊တိတ်ဆိတ်နှုတ်နည်းခြင်းကိုတွေ့ရှိရပါသည်။…。
နေထိုင်သူသစ်မိသားစုများကိုအကြံဉာဏ်ပေးရာတွင်လူများကိုနက်ရှိုင်းစေသည့်ကိစ္စ တခုရှိသည်၊သူမ၏အပြုသဘောဆောင်သောတွေးခေါ်မှုနှင့်လုပ်ရပ်ကိုကျွန်ုပ်ကိုယ်တိုင်ပင်လေးစားမိပါသည်၊ထိုသို့သောနေထိုင်သူသစ်မိသားစုများအတွက်ကိုးကားရန်ထောက်ပံ့ပေး နိုင်ပါသည်။ဒီဗီယက်နမ်မှလာသောနေထိုင်သူသစ်သည်မူလကထိုင်ဝမ်မိသားစုတွင်အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့သည်၊ထိုအချိန်တွင်အိမ်နီးချင်းများကအဆိုပါအမျိုးသမီးသည်လုံ့လဝီရိယရှိပြီးသပ်ရပ်မှုရှိသည်ကိုလေ့လာမိသောကြောင့်မိမိသားဖြစ်သူအားဇနီးအဖြစ်နှင့်မိတ် ဆက်ပေးခဲ့ရာထိုင်ဝမ်တွင်နေထိုင်သူသစ်ဖြစ်လာခဲ့သည်။ထိုင်ဝမ်မိသားစုတွင်အိမ်ထောင်ကျခါစမိသားစုကသူမအားနိုင်ငံခြားအကူတဦးအဖြစ်သဘောထားကာအိမ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊ထမင်းသုံးနပ်ချက်ပြုတ်ခြင်း၊နာမကျန်းဖြစ်နေသောယောက္ခမ၊စိတ်ရောဂါခံစားနေရသောခယ်မနှင့်ခင်ပွန်းတို့ကိုပြုစုစောင့်ရှောက်ရသည်၊မူလအိမ်အကူထက်ဘဝကပို ခက်ခဲသည်။ဒါပေမယ့်နေထိုင်သူသစ်သည်အပြုသဘောဆောင်သည့်တွေးခေါ်မှုနှင့်လုပ် ရပ်ဖြင့်ရင်ဆိုင်နေရသည်၊နှစ်တွေကြာလာသည့်အခါယောက္ခမနှင့်ခယ်မများကအထင်ကြီးယုံကြည်လာကြသည်။ယောက္ခမမကွယ်လွန်ခင်မှာငွေကြေးအာဏာကိုသူမထံလွှဲပြောင်း ပေးခဲ့သည်၊နေထိုင်သူသစ်ရဲ့ကြိုစားအားထုတ်မှုတွေဟာယုံကြည်စိတ်ချနိုင်ကြောင်းတွေ့ မြင်နိုင်ပြီးအခက်အခဲတွေအားလုံးပြေလည်သွားတယ်လို့ဆိုနိုင်ပါသည်။ဥပမာအားဖြင့်ခယ်မနှင့်ခင်ပွန်းတို့ကိုဆေးဝါးတိုက်ကျွေးခြင်း၊ဆရာဝန်ပြသခြင်းဖြင့်လူနာအခြေအနေတည်ငြိမ် စေသည်;အိမ်မှုကိစ္စများစနစ်တကျသန့်ရှင်းသပ်ရပ်သည်;ထိုင်ဝမ်လူ့အဖွဲ့အစည်းသို့ အမြန်ဆုံးပေါင်းစည်းနိုင်ရန်သူမသည်ကျောင်းတွင်စေတနာ့ဝန်ထမ်းဝန်ဆောင်မှုအမျိုးမျိုးတွင်ပါဝင်ခဲ့ပြီးအတန်းကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခဲ့ရသည်;အရွယ်ရောက်ပြီးသူ စာတတ်မြောက်ရေးအတန်းများ;တယောက်တည်းနေထိုင်နေရသောသက်ကြီးရွယ်အို များအတွက်အစားအသောက်ပို့ဆောင်ခြင်းတွင်ပါဝင်ခြင်း…,ဒီအမျိုးသမီးရဲ့သဘောထား ကလည်းအလွန်နိမ့်ချယဉ်ကျေးသိမ်မွေ့ပြီးသူမရဲ့အပြုသဘောဆောင်တဲ့အပြုအမူတွေကလည်းချီးကျူးစရာပါ။
သူ့ကလေးကိုယ်ပေါ်မှစပြီးယုံကြည်မှုအပြည့်ရှိတဲ့သဘောထားနှင့်အပြုသဘော ဆောင်တဲ့သင်ယူမှုအမူအကျင့်တွေကိုကျွန်ုပ်မြင်တွေ့သည်၊ကြိုးစားမှုမျိုးစုံနှင့်အတွေ့အကြုံများကိုလက်ခံနိုင်ပြီးရွယ်တူတွေနှင့်ဆက်ဆံရာမှာလူအများနှစ်သက်မြတ်နိုးသည်၊ကိုယ်တိုင်ကတော့နေထိုင်သူသစ်မိခင်ရဲ့အပြုသဘောဆောင်တဲ့စိတ်နေသဘောထားရဲ့လွှမ်းမိုးမှု ကြောင့်လို့ထင်ပါသည်။အဘယ့်ကြောင့်ဆိုသော်ကလေးများသည်မိခင်ထံမှသင်ယူရခြင်း သည်စကားလုံးများဖြင့်သင်ကြားရုံသာမကသာဓကအားဖြင့်သင်ကြားခြင်းလည်းဖြစ်သည်၊ကလေးများမျက်လုံးထဲတွင်မြင်နိုင်သည့်သြဇာလွှမ်းမိုးမှုမှာမသိမသာအပြုသဘောဆောင်ပါသည်။ထို့ကြောင့်သင့်အခြေအနေမည်သို့ပင်ရှိစေကာမူအရာတိုင်းကိုကိုင်တွယ်ဖြေရှင်းရာတွင်သင်၏သဘောထားသည်အခက်အခဲများကိုဖြတ်ကျော်ကာပျော်ရွှင်မှုအဖြစ်သို့ပြောင်း နိုင်ရန်အပြုသဘောဆောင်သောတွေးခေါ်မှုနှင့်တက်ကြွသောလှုပ်ဆောင်မှုများဖြစ်ရမည်။