အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

ကလေး ကျေးဇူးပြု၍ငါ့ကိုပြောပါ ~~ကျောင်းတွင်းအဖြစ်အပျက်များဖြစ်ပေါ်စဉ်မိဘနှင့်သားသမီးဆွေးနွေးခြင်းဆိုင်ရာအခြေခံမူများ

ပေါ်အိုက်မူလတန်းကျောင်းညွှန်ကြားရေးမှုး ဟွမ်ကျုံးရှင့်


    ကလေးများသည်ကျောင်းတွင်သင်ကြားကြီးထွားမှုနှင့်လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုလုပ်ငန်းစဉ်များတွင်အခက်အခဲများနှင့်ကြုံတွေ့လေ့ရှိသည်၊မိဘများသည်ဤအခွင့်အရေးကိုဆုပ်ကိုင်၍ပိုမိုနားထောင်ပြောဆိုဆက်ဆံသင့်ကြောင်း၊မေတ္တာနှင့်ဂရုစိုက်မှု၊အဖြစ်အပျက်ကိုကျေနပ်ဖွယ်ကိုင်တွယ်ဖြေရှင်းရန်၊အကျပ်အတည်းကိုအချိုးအကွေ့တစ်ခုအဖြစ်ပြောင်းလဲသင့်သည်၊ဤနည်းဖြင့်မိဘနှင့်သားသမီးကြားအချင်းချင်းဆက်ဆံရေးပိုရင်းနှီးစေသည်။ဤသည်မှာမိဘများသားသမီးနှင့်ဆက်သွယ်ရာတွင်ဆုပ်ကိုင်ကိုးကားနိုင်စေမည့်အခြေခံမူများနှင့်အလေ့အကျင့်အချို့ဖြစ်ပါသည်:


一、အဖြစ်အပျက်မတိုင်ခင်

(一)အတန်းလှုပ်ရှားမှုများတွင်ပါဝင်ပါ:အတန်းလှုပ်ရှားမှုများတွင်ပါဝင်ပါ(အတန်းအစည်း

အဝေးများ၊ကျောင်းပြင်ပသင်ကြားမှုစသည်တို့)၊ကလေးနှင့်အတန်းဖော်များမည်သို့ပေါင်းသင်းဆက်ဆံပုံကိုနားလည်ရန်၊ဆရာ၏သင်ကြားမှုပုံစံနှင့်အတန်းစီမံခန့်ခွဲမှုအကြောင်းတို့လည်းလေ့လာခွင့်ရသည်။ 

(二)ဆရာနှင့်အစဉ်မပြတ်ဆက်သွယ်ပါ:နောက်ဆုံးတွင်ဆရာသည်ကျောင်းတွင်ကလေးနှင့်အချိန်အကြာဆုံးထိတွေ့နေရသူဖြစ်ပြီးကျောင်းတွင်ကလေး၏လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုနှင့်သင်ယူမှုအခြေအနေတို့ကိုနားလည်ရန်ဆရာနှင့်အနီးကပ်ဆက်ဆံရန်လိုအပ်ပါသည်။ 

(三)ကလေး၏ပုံမှန်မဟုတ်သောတုံ့ပြန်မှုများကိုသတိပြုပါ:ကျောင်းအကြောင်းအရာများပြော

သောအခါကြောက်ရွံ့ခြင်း၊တိတ်ဆိတ်နေခြင်း၊အားလပ်ရက်ပြီးနောက်ကျောင်းပြန်တက်ရန်

ကြောက်ရွံ့ခြင်း၊မကြာခဏဗိုက်နာခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုများ၊ဤအခြေအနေများတွင်ကလေးသည်ဖိအားများ(သို့)အခက်အခဲများနှင့်ရင်ဆိုင်နေရခြင်းရှိမရှိနားလည်ရန်လိုအပ်ပါသည်။ 


二、အဖြစ်အပျက်ပြီးနောက်

(一)များများနားထောင်ပါ၊အပြစ်မတင်ပါနဲ့။

အဖြစ်အပျက်၏ဆက်သွယ်ရေးလုပ်ငန်းစဉ်အရဤအရာသည်ကလေးအားနားလည်ရန်အခွင့်အရေးကောင်းတစ်ခုဖြစ်မည်၊မိဘသည်သားသမီးများ၏တွေးခေါ်မှုကိုဦးစွာနားလည်ရန်လိုပြီးသို့မှသာကလေးများနှင့်ပြောဆိုနိုင်မည်။ကလေး၏စကားများကိုနှောက်ယှက်ရန်(သို့)ကြိုတင်အပြစ်တင်မှုများအလျင်စလိုမလုပ်ပါနှင့်(သင်ဒီလိုဒီလိုဖြစ်ရမည်၊ငါမင်းကိုအရမ်းနားလည်တယ်)အနာဂတ်တွင်ကလေးများပြောဆိုမှုကိုတွန်းလှန်ခြင်းမှရှောင်ပါ။ 

(二)စိတ်ချင်းဆက်နွယ်၊ကလေးတွေရဲ့ခံစားချက်တွေကိုအာရုံစိုက်ပါ

သင့်ကလေး၏ခံစားချက်ကိုဂရုစိုက်ခြင်းသည်၎င်းတို့၏အပြုအမူကိုတိုက်ရိုက်ပြုပြင်ခြင်းထက်ပိုအရေးကြီးသည်။ဒါကမိဘများအစားထိုးလို့မရတဲ့အခန်းကဏ္ဍတစ်ခုပါ။ကလေးသည်ကျောင်းတွင်ဆွေးနွေးခံရခြင်း(သို့)သတိပေးခံရပြီးအိမ်ပြန်ရောက်ပြီးနောက်လေးနက်သောဆွေးနွေးမှုတစ်ခုနှင့်ရင်ဆိုင်ရပါကအကြောက်တရားသည်မရင့်ကျက်သောစိတ်အတွက်အလွန်ကြီးမား သည်။ထို့ကြောင့်မိဘသည်မိမိတို့၏သားသမီးများကိုယခုအချိန်တွင်ထုတ်ပြောခွင့်ပေးသင့်ပြီး၊၎င်းတို့အားဦးစွာစာနာနားလည်ပေးကာနှလုံးသားများကိုဖွင့်ဟခွင့်ပေးသင့်သည်။


(三)ဆက်သွယ်မှုမတိုင်ခင်၊ပြီးနောက်ရောချစ်ခင်အားပေးပါ

ဆက်သွယ်ပြောဆိုချိန်မိဘများမှန်းထားသည့်ဆက်သွယ်ရေးအကျိုးသက်ရောက်မှုအောင်/

မအောင်မြင်သည်ဖြစ်စေ၊ကလေးအားနှစ်သိမ့်အားပေးရန်၊အစပျိုးလုပ်ဆောင်ရန်၊ကလေးနှင့်

တစ်ဖက်တည်းရပ်တည်နေရမည်၊နောက်ဆုံးတွင်ကလေးသည်ကြီးထွားပြောင်းလဲရန်အတွက်ချစ်ခြင်းမေတ္တာနှင့်အားပေးမှုလိုအပ်နေသေးသည်။


(四)အနာဂတ်တွင်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုကလေးနှင့်အတူဆွေးနွေးပါ

အခက်အခဲတွေကြုံတွေ့ရသည့်အခါမိဘများအကြံဉာဏ်ပေးနိုင်ပေမယ့်သားသမီးတွေတစ်ခါတည်းနဲ့နေရာရောက်တာနဲ့အဲ့ဒါကိုသင်ယူနိုင်တယ်လို့မမျှော်လင့်ပါနဲ့။ကလေးများအားပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်အားကောင်းစေရန်အခွင့်အလမ်းများပေးပါ၊ဤနည်းဖြင့်မိဘနှင့်ကလေး

များကြားဆက်ဆံရေးသည်ကလေးများကိုယ့်ကိုယ်ကိုတန်ဖိုးရှိမှုအပေါ်မထိခိုက်စေဘဲ၊ကျောင်းတက်ရန်စိတ်အားထက်သန်မှုကိုပင်တဖြည်းဖြည်းမဆုံးရှုံးစေဘဲကိစ္စရပ်ကိုဆွေးနွေးရန်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။


    ကလေးများနှင့်ကျောင်းတွင်းအဖြစ်အပျက်များအကြောင်းပြောဆိုသည့်အလေ့အထကိုထူထောင်ပါ၊ကလေးကြီးထွားလာချိန်မှာကြုံရသည့်စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲကိုပိုမိုနားလည်နိုင်သလို၊ကလေးပရိသတ်အဖြစ်နားထောင်ခြင်းမှအလျင်သင့်ချိန်တွင်အားပေးမှုနှင့်လမ်းညွှန်မှုပေးနိုင်သည်၊မိဘနှင့်ကလေးဆွေးနွေးမှုများမှတဆင့်ကျောင်းတွင်းဖြစ်ရပ်များကိုရင်ဆိုင်ရာတွင်ပြဿနာဖြေရှင်းနိုင်စွမ်းကိုပြုစုပျိုးထောင်ပေးရန်၊နောင်တွင်ကြုံတွေ့ရသည့်မတူညီသောအခြေအနေများကိုလျောညီထွေဖြစ်အောင်ဆောင်ရွက်နိုင်မည်။