အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

အချစ်စုတဲ့စာအုပ်

အမျိုးသားလေကြောင်းတက္ကသိုလ်တွဲဖက်လက်ထောက်ပါမောက္ခ ကျန်းစုန့်စုန်း

ငွေစုဖို့မဟုတ်တဲ့ငွေစုစာအုပ်တစ်မျိုးရှိတယ်၊「ချစ်ခြင်းမေတ္တာ」ကိုသိုမှီးရန်သုံးသည်၊များများသိမ်းလေအချစ်များလေ၊အချစ်ကအတိုးပါရှိသေးတယ်၊အားလုံးကအချစ်စုတဲ့စာအုပ်ထဲမှာပြထားပါတယ်။

    ဦးထုပ်သီချင်းဘုရင်မဖုန့်ဖေးဖေး၏အယ်လ်ဘမ်မှသီချင်းတစ်ပုဒ်「မင်းကိုချစ်တာနှလုံးဝမှာဖွင့်ရခက်တယ်」သီချင်းထဲကသီချင်းတစ်ပိုဒ်ပါ「မင်းကိုချစ်တာနှလုံးဝမှာဖွင့်ရခက်တယ်၊မင်းကိုချစ်တယ်ဆိုတာမင်းသိလား။」လို့အဖြေကသိတာမသေချာ(သို့)လုံးဝမသိပါ;ဘာလို့လဲဆိုတော့ချစ်ခြင်းမေတ္တာဆိုတာပြောပြ၊လုပ်ပြနှင့်စုဆောင်းလာတာ။ကတိသစ္စာ၊အားပေးစကား၊ချီးမွမ်းစကားများဖြင့်သင့်မိသားစုကိုချစ်ကြောင်းဖော်ပြပါ။

ဥပမာ「မင်းပင်ပန်းသွားပြီ」၊「ကျေးဇူးတင်ပါတယ်」၊「ကြိုးစားထား」၊「တောင်းပန်ပါတယ်」ဟုရိုးရိုးသားသားပြောပါ (သို့) 「ကြိုက်တယ်」၊「တော်တယ်」၊「ကြည့်ကောင်းတယ်」၊「ဂုဏ်ယူပါတယ်」လို့လေးစားစွာပြောပါ၊မိသားစုဝင်အချင်းချင်းအဆုံးမရှိသောချစ်ခြင်းမေတ္တာ များပေးပို့ခြင်းနှင့်လက်ခံခြင်းတို့သည်ချစ်ခြင်းမေတ္တာစုဆောင်းမှု၏ပထမဖော်ပြခြင်းဖြစ်သည်။    မိသားစုဝင်များသည်နေ့စဉ်အာရုံစူးစိုက်ပြီးကောင်းမွန်သောအချိန်များကိုမျှဝေနိုင်သည်၊အတွင်းစိတ်ခံစားချက်နှင့်အတွေးအမြင်များမျှဝေခံစားနိုင်ကာအချင်းချင်းသင့်လျော်စွာတုံ့ပြန်ပြီးပံ့ပိုးကူညီနိုင်သည်;ဥပမာ-အတူတူစာဖတ်ခြင်း၊ပုံဆွဲခြင်း၊သီချင်းဆိုခြင်း၊အခန်းသန့်ရှင်းခြင်း(သို့)လေ့ကျင့်ခန်းလုပ်ခြင်းစသည်ဖြင့်မိသားစုဝင်များအချင်းချင်းရင်းနှီးချစ်ခင်မှုကိုခံစားနိုင်စေရန်နှစ်သက်ရာကိုအတူတကွလုပ်နိုင်သည်၊ဤသည်မှာချစ်ခြင်းမေတ္တာစုဆောင်းမှု၏ဒုတိယမြောက်ဖော်ပြခြင်းဖြစ်သည်။

    မိသားစုဝင်တွေရဲ့နှလုံးသားကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးမှုကိုဖော်ပြဖို့်လက်ဆောင်တွေ ပေးပို့ပါ၊အများအားဖြင့်မိသားစု၏လိုလားချက်များနှင့်နှစ်သက်မှုများကိုလေ့လာပါ၊ဥပမာ-မိသားစုကြိုက်တဲ့ကိုယ်နဲ့အတူသယ်ဆောင်သည့်၊စားပွဲဘေးတွင်ထားရှိသည့်၊ကုတင်ခေါင်းရင်းမှာစီထားသည့်၊အခန်းထဲမှာချိတ်ဆွဲထားသည့်ပစ္စည်းများကိုသင်ရွေးချယ်ပြီးပေးပို့နိုင်သည်၊သို့မှသာသင့်မိသားစုချိုမြိန်သောလက်ဆောင်များနှင့်ချစ်ခြင်းသင်္ကေတများကိုခံစားနိုင်မည်ဖြစ်သည်၊ဤသည်မှာချစ်ခြင်းမေတ္တာစုဆောင်းမှု၏တတိယမြောက်ဖော်ပြခြင်းဖြစ်သည်။ 

    မိသားစုအတွက်စိတ်ရင်းမှန်ဖြင့်ဘာကိုမှပြန်မတောင်းဘဲရိုးရိုးသားသားပေးဆပ်ပါ၊ဥပမာ-မိသားစုအတွက်ပစ္စည်းများလျှော်ဖွတ်ခြင်း၊မိသားစုဝင်များအတွက်ဘေးကင်းလုံခြုံရန်ယာဉ်စစ်ဆေးခြင်း၊ကျန်းမာရေးအချက်အလက်များပေးခြင်းနှင့်မိသားစုလိုအပ်ချက်များကိုနားလည်ပေး ခြင်းစသည်ဖြင့်မိသားစုဝင်များအားဂရုစိုက်ခြင်း「မိသားစုကောင်းဖို့အတွက်」ဟူသောသတင်းစကားသည်ချစ်ခြင်းမေတ္တာစုဆောင်းမှု၏စတုတ္ထမြောက်ဖော်ပြခြင်းဖြစ်သည်။

    ရင်းနှီးမှုနှင့်သင့်လျော်သောဆက်သွယ်မှုကိုမိသားစုဝင်များထံဖော်ရွေမှုနှင့်နက်ရှိုင်းသော ချစ်မေတ္တာပေးရန်အသုံးပြုပါ၊ဥပမာ-မိသားစုဝင်လက်ကိုဆုပ်ကိုင်ခြင်း၊နောက်ကျောပွတ်သပ်ပေးခြင်း၊ခါးဖက်ခြင်းတို့သည်စကားလုံးများမပါသောမိသားစုကိုနီးစပ်ချစ်ခင်ရင်းနှီးစေသည်မှာချစ်ခြင်းမေတ္တာစုဆောင်းမှု၏ပဉ္စမမြောက်ဖော်ပြခြင်းဖြစ်သည်။ ဝါး!ချစ်ခြင်းမေတ္တာစုဆောင်းမှုတွင်စုဆောင်းသူသည်「ဟုတ်သောစကား」、「ချိုမြိန်သောအချိန်」、「ချိုမြိန်သောလက်ဆောင်」、「ဝန်ဆောင်မှုလုပ်ဆောင်ချက်」နှင့်「ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှု」 စသည့်အသေးစိတ်ဖော်ပြခြင်းတို့သည်ချစ်ခြင်းမေတ္တာအပြည့်ရွှေဒင်္ဂါပြားများဖြစ်သည်။ချစ်ခြင်းမေတ္တာသည်ပြောပြ၊လုပ်ပြနှင့်ဖော်ပြပြီးနေ့စဉ်စုဆောင်းသည့်အကျင့်မွေးမြူပါ။ ချစ်ခြင်းမေတ္တာစုဆောင်းမှုသည်မိသားစုကိုပျော်ရွှင်စေမည်ဖြစ်ပြီးအကျိုးသက်ရောက်မှု;ပဋိပက္ခဖြစ်လျှင်ကြီးမားသောအမှုသည်သေးသောအမှုအဖြစ်သို့ပြောင်းလဲနိုင်ပြီးပဋ္ဋိပက္ခသည်ချိုမြိန်မှုအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ပျော်ရွှင်မှုကိုရှာဖွေခြင်းသည်မိသားစုတိုင်း၏တူညီသော ဆန္ဒဖြစ်ပြီးချစ်ခြင်းမေတ္တာဆုဆောင်းခြင်းသည်ပျော်ရွှင်မှုကိုရှာဖွေခြင်း၏အာမခံချက်ဖြစ်သည်။