အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

အလယ်တန်းကျောင်းသားများအတန်းတက်:နိုင်ငံတကာကျောင်း သားဖလှယ်မှု

အလယ်တန်းကျောင်းသားများအတန်းတက်:နိုင်ငံတကာကျောင်း သားဖလှယ်မှု
စာရေးသူ:ရန်မင်အထက်တန်းကျောင်းသားရေးရာဌာနမှုး 

အထက်တန်း၊အသက်မွေးဝမ်းကျောင်းကျောင်းသား/သူများအားနိုင်ငံတကာအပြန်အလှန်ဖလှယ်နိုင်ရေးအားပေးရန်အတွက်ထိုင်ပေမြို့အစိုးရပညာရေှးဌာနသည်နှစ်စဉ်အပြည်ပြည်ဆိုင်ရာကျောင်းသားဖလှယ်ရေးအစီအစဉ်ကိုစီစဉ်သည်၊အစီအစဉ်၏ရည်ရွယ်ချက်မှာ အ ထက်တန်း၊အသက်မွေးဝမ်းကျောင်းကျောင်းသားများ၏နိုင်ငံတကာအမြင်ကိုတိုးချဲ့ရန်၊နိုင်ငံ ခြားယဉ်ကျေးမှုများကိုနက်ရှိုင်းစွာနားလည်သဘောပေါက်ရန်၊အမျိုးသားရေးပျိုးထောင်မှုအသိအမှတ်ပြုရန်၊ကမ္ဘာလုံးဆိုင်ရာတာဝန်ယူမှုအသိ၏ကမ္ဘာလုံးဆိုင်ရာထူးချွန်စေရန်ဖြစ် သည်။ထိုင်ပေမြိုရှိအစိုးရနှင့်ပုဂ္ဂလိကအလယ်တန်း9တန်းကျောင်းသားနှင့်အထက်တန်း ပထမနှစ်ကျောင်းသား25ဦးကို ကနေဒါပြည်နယ် Campbell River မြို့နယ်အစိုးရ အထက် တန်းကျောင်း၊အမေရိကန်ပြည်နယ်အသီးသီးရှိအစိုးရအထက်တန်းကျောင်းများတွင် တစ် နှစ်ပညာသင်ကြားရန်ရွေးချယ်ခဲ့သည်။ရွေးချယ်မှုစံသတ်မှတ်ချက်များသည်ကျောင်းရမှတ်များအပြင်အင်္ဂလိပ်စာအရည်အချင်းသည်အမျိုးသားအင်္ဂလိပ်စာစာမေးပွဲ၏အလယ်တန်းအဆင့်(သို့)အထက်လိုအပ်သည်။

သို့သော်ကပ်ရောဂါကြောင့်မူလ109စာသင်နှစ်ဖလှယ်မည့်ကျောင်းသားများကိုယခုနှစ်110သို့ရွှေ့ဆိုင်း၍ပြည်ပသို့ထွက်ခွာနိုင်မည်၊111စာသင်နှစ်အတွက်ဖလှယ်မည့်ကျောင်းသားအစီအစဉ်၏လက်ရှိအခြေအနေကိုမသတ်မှတ်ရသေးပေ၊ကပ်ရောဂါအခြေအနေနှင့်အညီ ပြုပြင်ပြောင်းလဲမည်။ထိုကဲ့သို့သောအစီအစဉ်များတွင်ပါဝင်ရန်စိတ်ဝင်စားသောကျောင်းသားများသည်ကမ္ဘာလုံးးဆိုင်ရာကပ်ရောဂါလျော့ကျပြီးနောက်ထိုင်ပေမြို့အစိုးရပညာရေးဌာနမှနောက်ဆုံးပေါ်သတင်းအချက်အလက်များကိုပိုမိုအာရုံစိုက်ရန်အကြံပြုပါသည်။

အထက်တန်းကျောင်းကာလတွင်းနိုင်ငံခြားကျောင်းသားဖလှယ်မှုလျှောက်ထားနိုင်သည့် အပြင်တက္ကသိုလ်လည်းပြည်ပတွင်ပညာသင်ကြားရန်အခွင့်အလမ်းများစွာရှိသည်၊ထိုင်ဝမ်ရှိတက္ကသိုလ်များစွာသည်ယခုအခါနိုင်ငံတကာပညာရေးစနစ်အတွက်လျှောက်ထားရန်နိုင်ငံ ခြားတက္ကသိုလ်များနှင့်မဟာမိတ်ဖွဲ့ကြသည်၊နှစ်နိုင်ငံပညာရေးစနစ်ပြီးသည်နှင့်ကျောင်းနှစ် ကျောင်းများမှဘွဲ့ရရှိရန်လိုအပ်ချက်များနှင့်ြ့ပည့်စုံပါကကျောင်းနှစ်ကျောင်း၏ဘွဲ့ကိုရရှိနိုင် သည်။ဖူရိန်တက္ကသိုလ်ကိုဥပမာအနေဖြင့်ယူပါ၊၎င်းကျောင်းသည်အမေရိကန်၊ဂျာမနီ၊စပိန် စသည့်နိုင်ငံများရှိတက္ကသိုလ်31ခုနှင့်ပူးပေါင်းဆောင်ရွက်မှုပုံစံကိုထူထောင်ခဲ့သည်၊ထိုင်ပေ မြို့တက္ကသိုလ်သည်အမေရိကန်၊အင်္ဂလန်၊မလေးရှားနှင့်ကာဇက်စတန်ရှိကျောင်း5ကျောင်းနှင့်ကျောင်းနှစ်ကျောင်းပူးပေါင်းသည့်စနစ်ကိုလက်မှတ်ရေးထိုးခဲ့သည်၊ကျောင်းသားများ အားအချိန်နှင့်ငွေကုန်ကြေးကျသက်သာစွာဖြင့်နိုင်ငံခြားတွင်ပညာသင်ရန်အိမ်မက်ကိုအ ကောင်အထည်ဖော်ရန်နှင့်ဘွဲ့နှစ်ဘွဲ့ရရှိစေသည်။


အသေးစိတ်အတွက်ကျေးဇူးပြု၍ကိုးကားပါ:
1.ထိုင်ပေမြို့အစိုးရပညာရေးဌာန၏109စာသင်နှစ်နိုင်ငံတကာကျောင်းသားဖလှယ်မှုသင်ယူမှုအကောင်အထည်ဖော်ရေးအစီအစဉ်
2.ဖူရိန်တက္ကသိုလ်ပညာရပ်ဆိုင်ရာဖလှယ်ရေးစင်တာ၏ဝက်ဘ်ဆိုက် 
3. ထိုင်ပေမြို့တက္ကသိုလ်၏နိုင်ငံတကာရေးရာရုံး၏ဝက်ဘ်ဆိုက်