အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

ကြွဲ့ပားသောတိုးတက်ပြောင်းလဲမှုအတွက်အနုပညာစွမ်းရည်သင်တန်း Part1

 ရေးသားသူ:ရန်မင်အထက်တန်းကျောင်းပညာရေးရာဌာနမှုးဟူကျဲမင်

ထိုင်ဝမ်ပညာရေးစနစ်သည်အထွေထွေဝင်ခွင့်လမ်းကြောင်းများအပြင်အနုပညာစွမ်း ရည်နှင့်အားကစားစွမ်းရည်များကဲ့သို့သောလမ်းကြောင်းအမျိုးမျိုးမှအထက်တန်း ကျောင်းများနှင့်ကောလိပ်များသို့ဝင်ရောက်နိုင်သည်။ဦးစွာအနုပညာစွမ်းရည်သင်တန်း (နောက်ပိုင်းအနုပညာစွမ်းရည်အတန်းဟုရည်ညွှန်းသည်)ကိုမိတ်ဆက်ပေးပြီး၊အနု ပညာ၊ဂီတ၊အကနှင့်ပြဇတ်များအပါအဝင်၊ပရော်ဖက်ရှင်နယ်အနုပညာသင်ကြားမှု၊
ပြုစုပျိုးထောင်မှုနှင့်ကျောင်းသားများ၏လိုက်လျောညီထွေဖွံဖြိုးမှုကိုလမ်းညွှန်ပေး သည်။
 
ထိုင်ပေမြို့မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့်အနုပညာစွမ်းရည်သင်တန်းများနှင့်ဝင်ခွင့်နည်းလမ်းများကိုအောက်ပါအတိုင်းမိတ်ဆက်ပေးထားပါသည်။:
1.မူလတန်းကျောင်း:
(1) အနုပညာသင်တန်း:မင်ကျူမူလတန်းကျောင်း၊ကျန့်အမ်းမူလတန်းကျောင်း၊တုန်းရွမ် မူလတန်းကျောင်း
(2) ဂီတသင်တန်း:သွန်းဟွမူလတန်းကျောင်း၊ကူထင်မူလတန်းကျောင်း၊ဖူရှင်းမူလတန်း ကျောင်း
(3) အကသင်တန်း:တုန်းမိန်မူလတန်းကျောင်း၊ရုံလော့မူလတန်းကျောင်း
(4) ဝင်ခွင့်နည်းလမ်းများ:ထိုင်ပေမြို့ရှိအမျိုးသားမူလတန်း2、3、4、5တန်းရှိကျောင်း သားများသည်နှစ်စဉ်3-6လကျင်းပသည့်မူလတန်းအနုပညာစွမ်းရည်သင်တန်းများတွင်ပါဝင်နိုင်သည်။
 
2.အလယ်တန်းကျောင်း:
(1) အနုပညာသင်တန်း:ကျင်းဟွာအလယ်တန်း၊ဝူချန်အလယ်တန်း၊ကူထင်အလယ်တန်း၊ ပိုင်လင်အထက်တန်း(အလယ်တန်းဌာန)
(2) ဂီတသင်တန်း:ရိန်အိုက်အလယ်တန်း၊နန်မိန်အလယ်တန်း၊စစ်တဖုကျုံး(အလယ်တန်း ဌာန)၊ကျန့်ချိန်အလယ်တန်းကျောင်း
(3)အကသင်တန်း:ပေအမ်းအလယ်တန်း၊စွမ်းရွမ်အလယ်တန်းကျောင်း
(4) ဝင်ခွင့်နည်းလမ်းများ:ထိုင်ပေမြို့ရှိအမျိုးသားမူလတန်6းတန်းပြီးကျောင်းသားများ သည်နှစ်စဉ်3-6လကျင်းပသည့်အလယ်တန်းအနုပညာစွမ်းရည်သင်တန်းတွင်ပါဝင်နိုင်ပါသည်။
 
3.အထက်တန်းကျောင်း:
(1)အနုပညာသင်တန်းများ:စစ်တဖုကျုံး၊မင်လွန်အထက်တန်းကျောင်း၊ဖုရှင်းအထက်တန်း ကျောင်း၊ကျုံးကျိန်းအထက်တန်းကျောင်း၊ထိုက်ပေအထက် တန်းကျောင်း
(2)ဂီတသင်တန်းများ:စစ်တဖုကျုံး၊ဖုရှင်းအထက်တန်း၊ကျုံးကျိန်းအထက်တန်းကျောင်း
(3)အကသင်တန်းများ:ဖုရှင်းအထက်တန်းကျောင်း၊ကျုံးကျိန်းအထက်တန်းကျောင်း
(4)ဒရာမာသင်တန်း:ဖုရှင်းအထက်တန်းကျောင်း
(5) ဝင်ခွင့်နည်းလမ်းများ:အလယ်တန်းကျောင်းပြီးကျောင်းသားများသည်နှစ်စဉ်2-7လ ကျင်းပသည့်ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းခရိုင်ရှိအထက်တန်းကျောင်းအနုပညာစွမ်းရည်သင်တန်းအထူးဝင်ခွင့်ရွေးချယ်မှုတွင်ပါဝင်နိုင်ပါသည်။
 
အနုပညာသင်တန်းတက်နေသောအထက်တန်းကျောင်းသားများအတွက်ကောလိပ်သို့ဝင် ရောက်ရန်လမ်းကြောင်းများတွင်အထူးရွေးချယ်မှု၊ကြယ်ပွင့်ထောက်ခံချက်၊ဝင်ခွင့်လျှောက်လွှာ၊မှတ်ပုံတင်ခြင်းနှင့်ထုတ်ပြန်ခြင်းစသည်တို့ပါဝင်ပါသည်၊အောက်ပါအတိုင်းအချိန်နှင့်တပြေးညီမိတ်ဆက်ပေးသည်:ပထမဦးစွာအထက်တန်းတတိယနှစ်ပထမစာသင်နှစ်ဝက်၏ 10-12လတွင်「အထူးရွေးချယ်မှု」စာမေးပွဲကိုဖြေဆိုရမည်ဖြစ်သည်၊စာမေးပွဲမဖြေဆိုရ သေးပါကကျောင်းသား၏ကျောင်းသင်တန်းရလဒ်များ၊ကိုယ်ရေးကိုယ်တာသင်ယူမှုနှင့် ယှဉ်ပြိုင်မှုရလဒ်များအပေါ်အခြေခံ၍ကျောင်းတစ်ခုစီ၏သုံးသပ်ချက်ကိုလျှောက်ထားပါ၊သုံးသပ်ပြီးနောက်အင်တာဗျူးလုပ်ပါမည်၊နောက်နှစ်၏1လကုန်တွင်စာမေးပွဲပြီးနောက်အရည်အချင်းပြည့်မီသောကျောင်းသားများသည်အထက်တန်းတတိယနှစ်ဒုတိယစာသင်နှစ်ဝက် 3လလယ်တွင်ကျင်းပသည့်「ကြယ်ပွင့်ထောက်ခံချက်」အတွက်ပြင်ဆင်နိုင်ပြီးမိမိနှစ်သက် ရာအနုပညာဆိုင်ရာဌာနများသို့လျှောက်ထားနိုင်ပါသည်။
4လပိုင်းသည်「ဝင်ခွင့်လျှောက်လွှာတင်ခြင်း」၏ပထမအဆင့်ဖြစ်သည်၊တက်ချင်သောဌာန (ဌာန6ခုအထိ)တင်သွင်းပြီးပါကသတ်မှတ်ထားသောဘာသာရပ်အမှတ်များမှတဆင့်5-6လ၏စစ်ဆေးမှုဒုတိယအဆင့်အတွက်ပြင်ဆင်နိုင်သည်။7လလယ်တွင်ဘာသာရပ်ခွဲစာမေးပွဲ များအပြီးတွင်မှတ်ပုံတင်ခြင်းနှင့်ထုတ်ပြန်ခြင်းများကိုဆောင်ရွက်မည်။အထက်တန်း ကျောင်းသားများသည်ရှေ့ဆက်ပညာရေးအတွက်လမ်းကြောင်းအမျိုးမျိုးကိုဆုပ်ကိုင်နိုင်ပြီးသူတို့လေ့လာလိုသောကျောင်းကိုရွေးချယ်နိုင်သည်။