အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

အိမ်မှာကိုယ်တိုင်လေ့လာခြင်းစီမံကိန်းမိတ်ဆက်

စာရေးသူ:ရန်မင်အထက်တန်းကျောင်းပညာရေးရာဌာနမှုးဟူကျဲမင် 

စမ်းသပ်ပညာရေးအမျိုးအစာ3းမျိုး:「ကျောင်းအမျိုးအစားစမ်းသပ်ပညာရေး」、「အများပြည်သူပိုင်ကျောင်းမှပုဂ္ဂလိကစီမံခန့်ခွဲမှုကိုအပ်နှင်းခြင်း」、「ကျောင်းမဟုတ်သော စမ်းသပ်ပညာရေးအမျိုးအစား」,နှင့်「အိမ်မှာကိုယ်တိုင်လေ့လာခြင်း」သည်ကျောင်းမဟုတ် သောစမ်းသပ်ပညာရေးအမျိုးအစားများထဲမှတစ်ခုဖြစ်သည်၊အိမ်တွင်းပညာသင်ကြားခြင်း လျှောက်ထားရခြင်း၏အဖြစ်များသောအကြောင်းရင်းများမှာအောက်ပါအတိုင်းဖြစ်သည်။:
1. မိဘ(သို့)ကလေးများသည်စနစ်အတွင်းရှိပညာရေးကိုမကျေနပ်၍၎င်းတို့၏ကိုယ်ပိုင် ဘာသာရပ်များနှင့်တိုးတက်မှုကိုအစီအစဉ်ဆွဲလိုကြသည်။
2. ကလေးများသည်ကျောင်းစာသင်ကြားရာတွင်ကြီးမားသောအခက်အခဲများနှင့်ကြုံ တွေ့ရပြီးစာသင်ကြားရန်ကြောက်ရွံ့ခြင်း(သို့)ငြင်းဆိုခြင်းတို့ကိုဖြစ်စေသည်။
3. ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ကျန်းမာရေးဆိုင်ရာအချက်များ။
အိမ်တွင်းပညာသင်ကြားခြင်းကိုလျှောက်ထားလိုပါကနှစ်စဉ်4လ30ရက်နှင့်10လ 31ရက်ထိဖြစ်ပါသည်၊မိဘများသည်ပညာရေးဗျူရို၏ဝက်ဘ်ဆိုက်မှလျှောက်လွှာပုံစံကို ဒေါင်းလုဒ်လုပ်နိုင်ပြီးကိုးကားရန်အတွက်နမူနာရှိသည်။သို့သော်「ကျောင်းပညာရေး」မှယူဆောင်လာသည့်အဖွဲ့လိုက်လုပ်ဆောင်မှုများ၊အဖွဲ့ငယ်ပူးပေါင်းဆောင်ရွက်မှုအတွေ့ အကြုံနှင့်လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုသည်အိမ်တွင်းကျောင်းသင်ရိုးညွှန်းတမ်း အစီအစဉ်ရေးဆွဲရာတွင်ထည့်သွင်းစဉ်းစားရန်နှင့်အားကောင်းစေမည့်အဓိကအချက်များ ဖြစ်သည်၊အင်တာနက်ပေါ်ရှိအိမ်တွင်းကျောင်းနေကလေးများ၏မိဘများမျှဝေသည့်အတွေ့အကြုံများစွာလည်းရှိပါသည်၊နောက်ထပ်ရှာဖွေမှုအကိုးအကားများရနိုင်ပါသည်၊ထို့အပြင်အိမ်းတွင်းကျောင်းပရိုဂရမ်အတွက်လျှောက်လွှာတင်ပြီးတစ်နှစ်အကြာတွင်မူလတန်းနှင့် အလယ်တန်းကျောင်းများ၏ကျောင်းစနစ်သို့ပြောင်းရွှေ့နိုင်သည်။
အိမ်မှာကိုယ်တိုင်လေ့လာခြင်းသည်ကလေးတိုင်းနှင့်မိသားစုတိုင်းအတွက်သင့်လျော် မည်မဟုတ်ပါ၊ကလေးတစ်ဦးစီတွင်မတူညီသောကိုယ်ရည်ကိုယ်သွေးများ၊သင်ယူမှုလိုအပ်ချက်များနှင့်မိသားစုပတ်ဝန်းကျင်ရှိကြသည်၊မိဘများသည်၎င်းတို့၏ကလေးများကိုအိမ် ကျောင်းတက်ရန်အတွက်သင့်လျော်မှုရှိမရှိနှင့်မိသားစုက၎င်းတို့ကိုအပြည့်အဝပံ့ပိုးပေးနိုင် ခြင်းရှိမရှိကိုဂရုတစိုက်အကဲဖြတ်ရပါမည်၊ကိုယ်တိုင်လေ့လာရေးအစီအစဉ်တွင်ပါဝင်ခြင်းရှိမရှိ၊အွန်လိုင်းသင်ကြားရေးသင်တန်းပလက်ဖောင်းများတွင်ထိုင်ပေမြို့၏「ခုခဲ့ယွင်」၊ ပညာရေးဝန်ကြီးဌာမှပေးအပ်သော「စက်မှုကွန်ရက်」နှင့်ပုဂ္ဂလိကဖောင်ဒေးရှင်းမှ တည်ထောင်ထားသော 「တန်းတူပညာရေးပလက်ဖောင်း」တို့အိမ်မှာနေရင်းလေ့လာ သင်ယူနိုင်သည့်ပရိုဂရမ်တစ်ခုစီရဲ့ကျောင်းသားတွေအတွက်တီထွင်ထားသည့်သင်တန်းများစွာရှိပါသည်။!

ထိုင်ပေစမ်းသပ်ပညာရေးဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ https://teecid.tp.edu.tw/Home/NonAnnDow