အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

ထိုင်ပေမြို့ရွှေ့ပြောင်းနိုင်ငံသားခန်းမမှ အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ် တားဆီးရန်ကြိုးစားစည်းရုံးလှုံ့ဆော်၊ အသားထုတ်ကုန်များကို မဝယ်ပါနဲ့ (သို့) တိုင်းပြည် တွင်းသို့ သယ်ဆောင်မလာပါနဲ့(8-11)

အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ဖို့အတွက် ထိုင်ပေမြို့ပြရေးရာဌာန၊ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိရစ္ဆာန်အပင်ကျန်းမာရေးစစ်ဆေးရေးဝန်ဆောင် မှုဌာန၊ ကျီးလုံဌာနခွဲ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် တရုတ်ပြည်မကြီးစသည့် နိုင်ငံသားသစ် မိသားစု 8လ 18ရက် ထိုင်ပေမြို့ရွှေ့ပြောင်းနိုင်ငံသားခန်းမမှ စည်းရုံးရေးလှုပ်ရှားမှု3ကြိမ် ကျင်းပခဲ့သည်။ကူးစက်သည့်ဒေသမှအသားကုန်ပစ္စည်းများကိုမဝယ်(သို့)မသယ်ဆောင် လာရ။ စစ်ဆေးတွေ့ရှိသူသည် 20မှ100သောင်းထိ ဒဏ်ငွေပေးဆောင်ရမည်။ တခြား အသားတွေနှင့်ကြက်ဥတွေ သယ်လို့ရလားဆိုတာကိုလည်း ဆွေးနွေးခဲ့ပါသည်။

 

အာဖရိကဝက်အပြင်းဖျားရောဂါသည် အိမ်ဝက်နှင့်တောဝက်၏ဆိုးရွားစွာအန္တရာယ်ပေးနိုင် သော ကူးစက်ရောဂါဖြစ်သည်။ အမျိုးအစားအားလုံးနှင့်အသက်အပိုင်းအခြားအားလုံး ကူးစက်ခံရနိုင်သည်။ ကူးစက်နှုန်းနှင့်သေဆုံးမှုနှုန်း 100% မြင့်မားသည်။ လက်ရှိအာရှတွင် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ လာအိုနှင့် မြန်မာ စသည့်7နိုင်ငံဖြစ်ပွားလျှက်ရှိသည်။

 

အာဖရိကအပြင်းဖျားရောဂါသည်(ရေခဲသေတ္တာအသား ရက်100၊ အအေးခဲခန်းအသား ရက် 1000၊ ဝက်အိမ်1လ) ဗိုင်းရပ်စ်ပိုး ကြာမြင့်စွာရှင်သန်နိုင်သည်။လက်ရှိ တားဆီးကာကွယ်ဖို့ ကာကွယ်ဆေးမရှိ၊ ဝက်မွေးမြူရေးလုပ်ငန်းကို လေးနက်စွာ ခြိမ်းခြောက်နေသည်။ကျွန်ုပ်တို့ နိုင်ငံပြဋ္ဌာန်းချက်များ ကူးစက်ဒေသများမှ အသားထုတ်ကုန်သယ်ဆောင်လာ၍ သိမ်းဆည်း ရရှိပါက ဒဏ်ငွေ ပထမအကြိမ် 20သောင်း၊ ဒုတိယအကြိမ် 100သောင်း ;နိုင်ငံခြားသားက ဒဏ်ငွေအကြေမပေးဆောင်ပါက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ပို့ဆောင်၍ ပြည်ဝင်ခွင့် ငြင်းပယ်မည်။

 

မြို့ပြရေးရာမှ နိုင်ငံသားသစ်များ နိုင်ငံခြားမှအသားထုတ်ကုန်များကိုအင်တာနက်ဖြင့်ဝယ်ယူ ၍ထိုင်ဝမ်သို့ပိုဆောင်ခြင်း၊ အမိတိုင်းပြည်သို့ပြန်သည့်အခါ ဝက်မွေးသည့်နေရာသို့ သွားရောက်ခြင်းရှောင်ကြဉ်ကြရန်၊ အသားထုတ်ကုန်များကိုလည်း ထိုင်ဝမ်သို့မယူလာပါနဲ့။ မြို့ပြရေးရာဌာနမှ ကပ်ရောဂါကာကွယ်တားဆီးရေးသတင်းအချက်အလက်များကို ရွှေ့ပြောင်းနိုင်ငံသားများခန်းမတွင် ဆက်လက်စည်းရုံးလှုံ့ဆော်သွားမည်။

 

ထုတ်ပြန်သည့်ရက်

2019-08-22