အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

အိမ်ထောင်စု အကြမ်းဖက်မှု ကာကွယ်ရေး။

အိမ်ထောင်စု အကြမ်းဖက်မှု ကာကွယ်ရေး။
အိမ်ထောင်စု အကြမ်းဖက်မှု ခံစားလျှင် အောက်ဖေါ်ပြပါ အတိုင်း လုပ်ဆောင် နိုင်သည်။
ဂ အရေးပေါ်အခြေအနေ
၁၁ဝ ဖုန်းကို ဆက်ပြီး အကြမ်းဖက်မှုဖြစ်ပွါးသောနေရာနှင့် အခြေအနေကို သတင်း
ပေးရသည်။

ရဲတပ်ဖွဲ့က သတင်းရပြီးတော့ရဲသားကို ဖြစ်ပွါးရာနေရာသို့ စေလွှတ်ကာအကြမ်းဖက်မှု
ကို တာဆီးမည်။ အခြေအနေအရအရေးကြီးယာယီကာကွယ်ရေးအမိန့်ကိုလျှောက်တင်
၍ လိုအပ်သလိုကာကွယ်ဆောင်ရွက်မည်။ ဥပမာဆေးရုံသို့ ပို့ဆောင်ခြင်း၊နေရာချထား
ခင်းစသည်များကို ဆောင်ရွက်မည်။

သာမန် အခြေအနေ

ဆေးရုံသို့ စစ်ဆေး ကုသ ၍ ဒဏ်ရာ စစ်ဆေးရေး လက်မှတ် ကို ထုတ်ပေးရသည်။
ကိုယ့်ကိုကိုယ် ကာကွယ် ၍ မြန်နိုင်သမျှ ကူညီတောင်းရသည်။
၁၁ဝ(သို့မဟုတ်)၁၁၃ ကိုဖုန်းဆက်၍ လူမှုဝန်ထမ်းမှတဆင့် ရဲစခန်းကို သတင်း ပေးရသည်။ ရဲစခန် သို့ ကိုယ်တိုင်သွားပြီး တိုင်ကြားရသည်။
သက်ဆိုင်ရာ သက်သေခံ ကို ထိန်းသိမ်းရသည်။ ဥပမာ ဒဏ်ရာ စစ်ဆေးရေး လက်မှတ်၊ ဓါတ်ပုံ၊ သက်ဆိုင်ရာ တရားရုံးထုတ်ပေး သော ကာကွယ်ရေး အမိန့် များ ဖြစ်သည်။

ဥပဒေ အရ တရားစွဲရသည်။(ထိခိုက်မှု ပြစ်မှုကျူးလွန်ခြင်း တရားစွဲ အချိန်ကာလ ကန့်သတ်ချက် သည် ၆ လ ဖြစ်သည်။)

ဂရဲတပ်ဖွဲ့ မှ အကျိုးဆောင်မှု။

ရဲဌာနခွဲ၊ ရဲစခန်း သည် ရဲသား သီးခြား စေလွှတ်ပြီး အိမ်ထောင်စု အကြမ်းဖက်မှု ကို စုံစမ်းစစ်ဆေးသည်။

သက်သေခံ ကို ထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်သူ ကို ပြောင်းရွှေခြင်း တို့ ကို ဆောင်ရွက်သည်။

ကာကွယ်ရေးအမိန့် မထုတ်ပေးခင် လိုအပ်သော ကာကွယ်ရေး နည်းလမ်းကို ဆောင်ရွက်သည်။ ဥပမာ လုံခြုံရေး ပို့ဆောင်ရေး၊ စောင့်ရှောက်ရေး၊ အရေးကြီး ကယ်ဆယ်ရေး၊ နေရာချထားရေး တို့ဖြစ်သည်။

အရေးကြီး ယာယီ ကာကွယ်ရေး အမိန့် လျှောက်တင်ခြင်း၊ ကာကွယ်ရေးအမိန့် ကျင့်သုံးခြင်း။

အရေးပေါ်သတင်းပေးဖုန်း--၁၁ဝ
တနိုင်ငံလုံးအတွက်ကာကွယ်ပေးသောလိုင်း။--၁၁၃
နိုင်ငံခြားသားကြင်ဖော်စုံစမ်းမေးမြန်းရေးဖုံးသီးသန့်လိုင်း:0800-024-111

နိုင်ငံခြားသားကြင်ဖော်စုံစမ်းမေးမြန်းရေးဖုံးသီးသန့်လိုင်းအကျိုးဆောင် အကြောင်းအရာနှင့် အချိန်။
「နိုင်ငံခြားသားကြင်ဖော်စုံစမ်းမေးမြန်းရေးဖုံးသီးသန့်လိုင်း」:「0800-024-111」ဖြစ်သည်။ ဤဖုန်းသည် အင်္ဂလိပ်၊ ဗီယက်နမ်၊ အင်တိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံဘာသာစကား ၅ မျိုးရှိသည်။ နိုင်ငံခြား ကြင်ဖေါ် နှင့် ပတ်သက်သော အိမ်ထောင်စု အကြမ်းဖက်မှု၊ လိင်ကျူးကျော်မှု နှင့် ကလေးသူငယ် ကာကွယ်ရေး သတင်းများ အတိုင်ပင်ခံရသည်။ ဤအထူးဖုန်း ၏ အကျိုးဆောင်း အချိန် အစီအစဉ်သည်--

ဘာသာစကား

အကျိုးဆောင်း အချိန်

အင်္ဂလိပ်、ကမ္ဘောဒီးယား、ထိုင်း、အင်တိုနီးရှား

13:00~17:00

ဗီယက်နမ်、တရုပ်ဘာသာစကား

09:00~17:00



စာတမ်းအရင်းအမြစ်၊ ထိုင်ပေမြို့ အစိုးရ ရဲဌာနခွဲ အမျိုးသမီး နှင့် ကလေး သူငယ် ရဲတပ်ဖွဲ့