လက်ရှိတွင်အဆိုပါစနစ်သည်အချိန်ကန့်သတ်ချက်မသတ်မှတ်ရသေးသော်လည်းငှားရမ်း ချိန်နှင့်အခကြေးငွေများမမှန်ကန်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အငြင်းပွားမှုများကိုလျှော့ချ ရန်အတွက်ငှားရမ်းပြီးနောက်4နာရီအတွင်းယာဉ်ပြန်မပေးရသေးသူများကိုအကြောင်းကြားမည်ဖြစ်သည်၊အငှားစနစ်သည်တစ်နာရီအတွင်းအငှားယာဉ်စာရင်းကိုရှာဖွေပြီး4နာရီထက် ပြန်မပေးရသေးသူများထံနာရီတိုင်းဖုန်းမက်ဆေ့ခ်ျအကြောင်းကြားစာပေးပို့မည်ဖြစ်သည်။
ထို့အပြင်ညအချိန်တွင်ပြည်သူများအလုပ်အနားယူခြင်းကိုအနှောင့်အယှက်ဖြစ်၍အ ကြောင်းကြားစာများပေးပို့ခြင်းလျှော့ချမည်၊8နာရီမှ22နာရီအထိသာမက်ဆေ့ခ်ျအကြောင်း ကြားစာများပေးပို့ပြီး4နာရီထက်ပို၍ငှားရမ်းမှုအတွက်တိုးလာသည့်နှုန်းထားများသက် ရောက်ကြောင်းပြည်သူများအားသတိပေးအပ်ပါသည်၊အသုံးပြုရန်မလိုအပ်ပါကယာဉ်ကိုအမြန်ဆုံးပြန်ပို့ပေးပါ။ခိုးမှုဖြစ်နိုင်ခြေရှိပါကရဲစခန်းသို့ဆက်သွယ်စုံစမ်းမေးမြန်းရာတွင်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အချက်အလက်အရင်းအမြစ်:ထိုင်ပေမြို့အစိုးရသယ်ယူပို့ဆောင်ရေးဗျူရို