အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

သယ်ယူပို့ဆောင်ရေးအငှား

ထိုင်ဝမ်၏လမ်းများသည်ကောင်းမွန်စွာထိန်းသိမ်းထားပြီးလမ်းကြောင်းအားလုံးကိုတိုးချဲ့ ထားသည်၊မြောက်နှင့်တောင်ကိုဖြတ်၍သွယ်တန်းသောအမျိုးသားအဝေးပြေးလမ်းမကြီး1 နှင့်3ပြည်နယ်အဝေးပြေးလမ်းများသည်ပြီးပြည့်စုံသောလမ်းကွန်ရက်တခုဖြစ်သည်၊မြို့တွင်းမှကျေးလက်ဒေသများသို့စိတ်အပန်းဖြေခရီးသွားလာနိုင်သည်၊လွတ်လပ်စွာခရီးသွားလိုသူများကားငှားသည့်ရွေးချယ်မှုသည်မဆိုးပါ။

 

ကားအငှားဝန်ဆောင်မှု

ထိုင်ဝမ်တွင်ကားငှားခြင်းသည်အလွန်အဆင်ပြေသည်၊အဓိကလေဆိပ်များ၊ရထားဘူတာ များနှင့်မြို့ကြီးများတွင်ကားအငှားကုမ္ပဏီရုံခန်းများရှိပြီးထိုင်ဝမ်တစ်မြို့လုံးအလွယ်တကူ သွားလာနိုင်ရန်ကားအငှားမျိုးစုံကိုပံ့ပိုးပေးပါသည်။ကုမ္ပဏီအများစုတွင်ဦးစားပေးကား အငှားရွေးချယ်ခွင့်များရှိပြီးအခြားတစ်နေရာသို့ပြန်ပို့ပေးသည့်ဝန်ဆောင်မှုကိုလည်းပေး သည်(သို့သော်အချို့သောဝန်ဆောင်မှုများမှာအပိုဆောင်းခများလိုအပ်သည်)။ထို့အပြင်ငှား ရမ်းခတွင်အာမခံရှိမရှိ၊ကိုယ်တိုင်ပေးချေးရမည့်အပိုင်းရှိမရှိစသည်တို့ပါဝင်ပြီးအထက်ပါဖော်ပြပါကိစ္စရပ်အားလုံးကိုကားမယူမီရှင်းလင်းစွာအတည်ပြုရန်လိုအပ်ပါသည်။

 

ထိုင်ဝမ်၏လမ်းအခြေအနေများနှင့်မရင်းနှီးသောဧည့်သည်များသည်ယာဉ်မောင်းဝန်ဆောင်မှုဖြင့်ကားငှားသည့်နည်းလမ်းစဉ်းစားနိုင်သည်။ထို့အပြင်နိုင်ငံတကာခရီးသွားဟိုတယ်အ များအပြားသည်လည်းကားအငှာဝန်ဆောင်မှုများကိုဆောင်ရွက်ပေးလျက်ရှိသည်၊လေဆိပ် ကြို/ပို့(သို့)နာရီပိုင်းအသုံးပြုလိုသောခရီးသွားများအတွက်ဟိုတယ်၏ကားအငှားဝန်ဆောင်မှုသည်ပိုမိုအဆင်ပြေပြီးသက်သာပါသည်။

 

မောင်းနှင်မှုသတိထားရမည့်ကိစ္စရပ်များ

ဒေသအလိုက်မော်တော်ယာဉ်များသည်လမ်းညာဘက်ခြမ်းတွင်မောင်းနှင်ရမည်ဖြစ်ပြီး ယာဉ်မောင်းနှင့်ရှေ့ထိုင်ခုံခရီးသည်များသည်ထိုင်ခုံခါးပတ်များပတ်ထားရမည်။အကယ်၍ သင်သည်ထိုင်ဝမ်တွင်ခရီးသွားဖို့ကားငှားရန်စီစဉ်ပါကနိုင်ငံ၏ယာဉ်မောင်းစည်းမျဉ်းများကိုကျေးပြု၍ကြိုတင်နားလည်ပါ၊လိုင်စင်လှဲလှယ်ခြင်း(သို့)ရယူပြီးသက်တမ်းရှိသည့်တရားဝင်ယာဉ်မောင်းလိုင်စင်ရရှိပြီးနောက်ထိုင်ဝမ်၏အလှတရားကိုခံစားနိုင်ရန်သင့်ခရီးစဉ်ကိုစတင်နိုင်ပါသည်။!

 

မိမိတို့နိုင်ငံမှယာဉ်မောင်းလိုင်စင်ရယူရန်(သို့)သက်တမ်းတိုးလိုသောနိုင်ငံခြားသားများအတွက်ကျေးဇူးပြု၍ထိုင်ပေမြို့ကြီးကြပ်ရေးရုံးဝက်ဘ်ဆိုဒ်တွင်ရှာဖွေပါ။!

သို့မဟုတ်ဆက်သွယ်ရန်ဖုန်း:02-2763-0155