အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

ထိုင်ပေရှိ2023ထိုင်ဝမ်မီးပုံးပွဲတော်သည်အနုပညာရှင်များ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုသာမကထိုင်ဝမ်တွင်နေထိုင်သူသစ်များ၏ 「နှလုံးသားဇာတ်လမ်းများ」ကိုပါသယ်ဆောင်ပေးပါသည်။

ထိုင်ပေမြို့အစိုးရအရပ်ဘက်ရေးရာဗျူရို၏သတင်းထုတ်ပြန်ချက်


ထုတ်ဝေသူ:လူဦးရေမူဝါဒကဏ္ဍ 

ထုတ်ဝေသည့်နေ့စွဲ:112ခုနှစ်2လ15ရက်

ဆက်သွယ်ရန်ပုဂ္ဂိုလ်:ဝူချုံရှင့်ဌာနမှုး လောရှမ်းယွင်

ဆက်သွယ်ရန်ဖုန်း:1999 လိုင်းခွဲ 6258、6375、0966590813、0935265759


  ယခုနှစ်2023ထိုင်ဝမ်မီးပုံးပွဲတော်၏「အရင်းအမြစ်ပြပွဲဧရိယာ」သည်ကမ္ဘာတစ်ဝှမ်းမှယဉ်

ကျေးမှုပေါင်းစုံကိုလက်ခံပြီးမတူညီသောယဉ်ကျေးမှုလှုပ်ခတ်မှုအောက်တွင်ရှုခင်းသစ်ဖန်တီး

ရန်မတူညီသောလူမျိုးစုများ၏ဘာသာစကား၊ဂီတသံနှင့်သင်္ကေတများကိုအသုံးပြုထားသည်။ယင်းတို့ထဲတွင်နေထိုင်သူသစ်၏လက်ရာများနှင့်ယဉ်ကျေးမှုမျိုးစုံပေါင်းစည်းညီညွတ်မှုကိုကိုယ်စားပြုသည့်ဆောင်ပုဒ်မှာ「ငါတို့ဒီမှာ・ထိုင်ပေ|နေထိုင်သူသစ်များ၏နှလုံးသားမှပုံပြင်များ」

ဖြစ်သည်။အနုပညာရှင်များ၊နေထိုင်သူသစ်များ၊ဒုတိယမျိုးဆက်သစ်များကိုမီးပုံးပွဲတော်ထုတ်လုပ်ရေးတွင်ပါဝင်ရန်ဖိတ်ခေါ်၍မတူသည့်ဇာတ်လမ်းများထိုင်ပေရဲ့ညကောင်းကင်ယံအောက်တွင်ရောယှက်လင်းလက်တောက်ပလျက်ရှိသည်။


  စက်ယန္တရားနှင့်အလင်းနည်းပညာအသွင်ပြောင်းရာတွင်အလင်းဓါတ်ခွဲခန်းသည်ရောင်စုံအလင်းပြောင်းလဲမှုဖြင့်「ထိုင်ပေအကြောင်း」လက်ရာကိုတင်ဆက်ထားသည်၊ရောင်စုံမီးများ၏အလင်းယိုင်မှုအောက်တွင်နေထိုင်သူသစ်များ၏စိတ်ကူးများကိုတောက်ပစေသည်၊ဘာသာစကားအမျိုးမျိုးဖြင့်ချိတ်ဆက်ထားသည်၊ထိုင်ပေတွင်အတူအလုပ်လုပ်ခြင်းနှင့်နေထိုင်ခြင်း၏ပုံရိပ်ကို

မီးရောင်၏ရစ်သမ်အောက်တွင်ပြသထားသည်။အနုပညာရှင်ဝမ်ဝိန်ကျစ်သည်ဝါးယက်လုပ်ခြင်းကိုဖန်တီးမှုတစ်ခုအဖြစ်ကျွမ်းကျင်စွာအသုံးပြုတတ်သူဖြစ်သည်၊ဤထိုင်ဝမ်မီးပုံပွဲတော်အတွက်「ငါတို့ဒီမှာ」အကြီးစားမီးအလင်းရောင်လက်ရာကိုဖန်တီး၍နေ့နှင့်ညမတူညီသောအလင်းရောင်ပြောင်းလဲမှုအောက်တွင်လုံးဝကွဲပြားသောအသွင်အပြင်ကိုပြထားသည်၊မတူသည့်ပစ္စည်းဂုဏ်သတ္တိများမှတစ်ဆင့်နေထိုင်သူသစ်များနှင့်ယဉ်ကျေးမှုပေါင်းစုံပေါင်းစည်းခြင်းကိုကိုယ်စားပြု

သည်။ဂျပန်အနုပညာရှင်ကျန်ယုံတဖူ(ながともだいすけ)နှင့်ကျန်းမင်နီတို့က「လူတိုင်း Hito Bito」နှင့်「လူများကြားတွင်ရင်းနှီးသောဆက်သွယ်မှုအနုပညာ」ကိုရှင်းပြခဲ့သည်၊လူစာ

လုံးနှစ်ထပ်ဝင်ပေါက်၏ပုံသည်လူတို့အကြားအပြန်အလှန်အားပေးကူညီမှု၊ပျော်ရွှင်မှုမျှဝေခြင်းကိုကိုယ်စားပြုသည်။


  ပြင်သစ်နိုင်ငံမှအနုပညာရှင်မော့ရှမ်းလန်(Margot Guillemot)နှင့်ချုံးကျဲစိမ်းတို့သည်ထိုင်

ပေမြို့အုပ်ချုပ်ရေးခရိုင်12ခု၏အစီအစဉ်များကိုခရီးဆောင်သေတ္တာများအထပ်လိုက်၊အလင်းအကွက်များဖြင့်ဖန်တီးသည်၊လက်ရာအတွင်းပိုင်း「အိမ်」ဒီဇိုင်းအပြင်အဆင်အဖြစ်အသုံးပြုထားသည်၊နေထိုင်သူသစ်တစ်ဦးစီသည်ကမ္ဘာတစ်ဝှမ်းမှထိုင်ပေသို့ပြောင်းရွှေ့အခြေချနေထိုင်ကြပြီး「ကိုယ်ပိုင်နေရာတစ်ခု」ကိုတွေ့ရှိကြောင်းသင်္ကေတဖြစ်သည်။စက္ကူညှပ်ပန်းချီပညာရှင်ချိန်ယို့ဟန်သည်「ထိုင်ပေအရသာကိုစိုက်ပျိုးပါ」ဖြင့်လူများ၏အတိတ်အမှတ်တရကိုပုံဖော်ခဲ့သည်၊ဤမီးပုံးပွဲတော်၏မူလပြပွဲဧရိယာတည်နေရာပေါင်းစပ်ခြင်း-စုန်းစန်းယဉ်ကျေးမှုနှင့်ဖန်တီးမှုပန်းခြံ၊

မူလကစုန်းစန်းဆေးလိပ်စက်ရုံဖြစ်သည့်ဘွိုင်လာခန်း၏အပူစွမ်းအင်ဖြင့်နိုင်ငံခြားတိုင်းပြည်များနှင့်ထိုင်ဝမ်ယဉ်ကျေးမှုတို့ကိုပေါင်းစပ်ထားသည့်ထိုင်ပေအရသာသစ်ကိုကျွန်ုပ်တို့အတွက်စိတ်ကူးတင်ဆက်ထားသည်။လျှုံယွိစတူဒီယိုသည်နေထိုင်သူသစ်နှင့်ဒုတိယမျိုးဆက်သစ်များအား「ကြယ်ကောင်းကင်ယံအောက်ကငါတို့」ကိုအတူဖန်တီးရန်ဖိတ်ခေါ်၍လူတိုင်းအားထိုင်ပေတွင်နေထိုင်မှုအတွေ့အကြုံကိုပုံဆွဲစေပြီးမတူညီသောယဉ်ကျေးမှုနှင့်လူမျိုးရေးလက္ခဏာများကိုပြထားသည်။ဖိလစ်ပိုင်အနုပညာရှင်Mark Lester Lugay Reyesနှင့်အလင်းဓါတ်ခွဲခန်းတို့ပူးပေါင်းဖန်တီးသည့်「အမှတ်တရမြစ်」သည်ဖိလစ်ပိုင်ရိုးရာယဉ်ကျေးမှု「အိမ်ရွှေ့ရန်ကူညီပါ」ပုံဖြင့်လူများကြားတွင်စည်းလုံးညီညွတ်မှုနှင့်အပြန်အလှန်ကူညီမှုတို့၏လှပသောအမှတ်တရများကမ္ဘာကိုပြောပြခဲ့သည်။ဝမ့်ဟွာရွှေ့ပြောင်းနိုင်ငံသားခန်းမမှဤမီးပုံးပွဲတော်တွင်「နှစ်ကူးပွဲတော်」ကို

တင်ဆက်သည်၊ချီတုံ့ရောင်စုံပန်းချီစတူဒီယိုသည်ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှား၊ဂျပန်၊ပြင်သစ်၊မြန်မာ၊ကိုရီးယား၊ကမ္ဘောဒီးယား၊အီတလီ၊ဖိလစ်ပိုင်၊ဗြိတိသျှ၊ဒတ်ခ်ျနှင့်အိုင်ယာလန်စသည့်13နိုင်ငံနှစ်ကူးတွင်စားသုံးသည့်အရသာများသည်ကမ္ဘာလုံးဆိုင်ရာမိသားစုပုံသဏ္ဍာန်နှင့်အစားအစာမျှဝေခြင်းတို့ကိုတင်ဆက်သည့်မီးချောင်းနံရံပန်းချီကားများအကြောင်းကိုပေါင်းစပ်ဖန်တီးထားသည်။


  ထိုင်ပေရှိ2023ထိုင်ဝမ်မီးပုံးပွဲတော်「ငါတို့ဒီမှာ・ထိုင်ပေ|နေထိုင်သူသစ်များ၏နှလုံးသားမှပုံပြင်များ」၊အနုပညာရှင်များ၊နေထိုင်သူသစ်များနှင့်ဒုတိယမျိုးဆက်သစ်များ၏ပူးပေါင်းဖန်တီးမှုနည်းလမ်းဖြင့်ဤထိုင်ဝမ်ကျွန်းတွင်အတူကြီးပြင်း၊အမြစ်တွယ်ခြင်း၏ဇာတ်လမ်းများရှင်းပြထားသည်၊မတူညီသောဘာသာစကား၊ယဉ်ကျေးမှုများရှိသော်လည်းဖန်တီးမှုတွင်အချင်းချင်းပဲ့တင်ထပ်နေမှုကိုရှာတွေ့ပြီးနှလုံးသားမှဇာတ်လမ်းများကိုကောက်နုတ်ဖော်ပြနိုင်သည်။နေထိုင်သူ

သစ်များ၏အလင်းရောင်လက်ရာများနှင့်ကျွန်ုပ်တို့နှင့်မတူကွဲပြားမှုနှင့်ပေါင်းစပ်မှုဆိုင်ရာယဉ်

ကျေးမှုဇာတ်လမ်းများကိုရှုစားရန်စုန်းစန်းယဉ်ကျေးမှုနှင့်ဖန်တီးမှုဥယျာဉ်နှင့်ဝမ့်ဟွာရွှေ့ပြောင်း

နေထိုင်သူသစ်ခန်းမသို့လာရန်ကျွန်ုပ်တို့ဖိတ်ကြားအပ်ပါသည်။