အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

တိုင်ဖုန်းမုန်တိုင်းနဲ့ရေကြီးရေလျှံမှုကြိုတင်ကာကွယ်ရေးအတွက်ဘာတွေသိထားသင့်လဲ။

တိုင်ဖုန်းမုန်တိုင်းနီးကပ်လာချိန်အတွက်ကြိုတင်ပြင်ဆင်မှုအနေဖြင့်သင့်အိမ်ပတ်ဝန်းကျင်ကိုအာရုံစိုက်ပြီးအောက်ပါကြိုတင်ကာကွယ်မှုအစီအမံများကိုလုပ်ဆောင်သင့်သည်။:

一、တိုင်ဖုန်းမုန်တိုင်းကာလအတွင်းအရေးပေါ်အကူအညီလိုအပ်ပါကအဖြစ်အပျက်ကိုဖုန်း ဖြင့်သတင်းပို့ရန်「1999」、「119」သို့မဟုတ်「110」ကိုအသုံးပြုနိုင်ပါသည်။

二、ပြည်သူများမိုးရေစီးဆင်းသည့်လမ်းကြောင်းမြောင်းများရှင်းလင်းရန်လိုအပ်ကြောင်း၊ လမ်းဘေးရှိသစ်ပင်များဖြေရှင်းရန်လိုအပ်ကြောင်း(သို့)အခြားကိစ္စရပ်များတွေ့ရှိပါက1999 နိုင်ငံသားဟော့လိုင်းသို့ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

三、နေအိမ်သည်မြေနိမ့်ပိုင်း၌တည်ရှိနေပါက၊တောင်စောင်းများ(သို့)မြစ်ကမ်းပါးများတွင် လုပ်ကိုင်နေသူများသည်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်မြေပြိုခြင်းများကိုသတိထား၍အမြန်ဆုံးရွှေ့ပြောင်းနေထိုင်သင့်သည်။

四、ရေဒီယို၊ဓာတ်မီး၊ရှေးဦးသူနာပြုသေတ္တာ၊သောက်ရေ၊အစားအသောက်နှင့်နေ့စဉ်သုံး ပစ္စည်းများကိုအိမ်တွင်ကြိုတင်ပြင်ဆင်ထားသင့်သည်။

五、လျှပ်စစ်လမ်းကြောင်း၊မီးဖိုနှင့်ဓာတ်ငွေ့ပိုက်လိုင်းကိုကြိုတင်စစ်ဆေးပါ၊မီးဖိုကိုအသုံးပြု သည့်အခါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမှရှောင်ရှားရန်သတိထားပါ။

六、အိမ်ရှိတံခါးများနှင့်ပြတင်းပေါက်များအားလုံးကိုစစ်ဆေးပြီးပြုပြင်သင့်သည်၊ပန်းအိုးကို အိမ်တွင်းသို့ရွှေ့ထားသင့်သည်၊ပန်းများနှင့်သစ်ပင်များကိုနံရံကပ်စင်များဖြင့်ကြိုတင်ကာ ကွယ်ထားသင့်ပြီးလေတိုက်၍လွင့်ကျလာသောလူတွေကိုထိခိုက်နိုင်သည့်လက်နက်မဖြစ် စေရန်အခြားပစ္စည်းများကိုခိုင်ခံ့စေသင့်သည်။

七、ဆောက်လုပ်ရေးလုပ်ငန်းခွင်ခြံစည်းရိုးများ၊ငြမ်းများ၊ကြော်ငြာဆိုင်းဘုတ်များကိုလေပြင်း တိုက်ခိုက်မှုကြောင့်ပြိုကျပျက်စီးခြင်းမှကာကွယ်ရန်စစ်ဆေးဖယ်ရှားခြင်း(သို့)သံမှိုများပြု လုပ်ထားသင့်သည်။

八、အကယ်၍သင်သည်မြို့တော်အစိုးရထံမှဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်သတိပေးချက် ကိုလက်ခံရရှိပါကရွှေ့ပြောင်းခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်မြို့တော်ဝန်ထမ်းများ နှင့်အမြန်ပူးပေါင်းဆောင်ရွက်သင့်သည်။

九、တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်နေစဉ်ကာလအတွင်းအရာဝတ္ထုများပြုတ်ကျခြင်းကြောင့်ထိ ခိုက်ဒဏ်ရာရခြင်းမှရှောင်ရှားရန်မလိုအပ်ဘဲအတတ်နိုင်ဆုံးအပြင်မထွက်ပါနဲ့;ဓာတ်အား ပြတ်တောက်ချိန်တွင်ဖယောင်းတိုင်မီးများအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ၊လိုအပ်ပါကမီးဘေးအန္တရာယ်မဖြစ်စေရန်လုံလောက်သောကြိုတင်ကာကွယ်မှုများပြုလုပ်ပါ။

十、တိုင်ဖုန်းမုန်တိုင်းမိုးသည်းထန်စွာရွာသွန်းချိန်တွင်နေထိုင်မှုဘေးကင်းစေရန်အတွက်မြေ အောက်ခန်းတွင်အလိုအလျောက်ရေစုပ်စက်ကိုတပ်ဆင်သင့်ပြီးမြေအောက်ဝင်ပေါက်တွင်ရေစိုခံတံခါး(သို့)သဲအိတ်ကိုတပ်ဆင်သင့်သည်။

十一、လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းမှကာကွယ်ရန်ပြုတ်ကျနေသောပါဝါကြိုးများကိုလက်ဖြင့်မထိ ပါနှင့်၊အရေးပေါ်ပြုပြင်မှုအတွက်ဓာတ်အားကုမ္ပဏီကိုအကြောင်းကြားရန်119、110 သို့မဟုတ်1999သို့ချက်ချင်းခေါ်ဆိုသင့်သည်။

十二、တစ်ကိုယ်ရေအရေးပေါ်အိတ်ပြင်ဆင်ထားသင့်သည်၊ရေသန့်၊ခေါက်ဆွဲခြောက်၊ဘီစ ကွတ်စသည့်အစားအစာ၊မှတ်ပုံတင်မိတ္တူ၊ငွေသားအချို့၊အသုံးများသောဆေးဝါးများ၊ချည် ကြမ်းလက်အိတ်၊ဓာတ်မီး၊ရေဒီယို၊ဘက်ထရီ၊အနွေးထည်၊စောင်အသေး၊မိုးကာအင်္ကျီ၊အ နွေးထုပ်၊တစ်ရှုးစက္ကူ၊မျက်နှာသုတ်ပဝါ၊စက္ကူနှင့်ဘောပင်၊သော့၊ဆွဇ်ဓားစသည့်အရေးပေါ် ပစ္စည်းများပါဝင်သင့်သည်၊တစ်ချိန်တည်းမှာပဲအိမ်မှာ(သို့)အလုပ်မှာအလွယ်တကူလက် လှမ်းမီတဲ့နေရာမှာထားသင့်ပါသည်။