အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

အရေးပေါ်ကယ်ဆယ်ရေးအိတ်ကိုဘယ်လိုပြင်ဆင်မလဲ။

一、အရေးပေါ်ကယ်ဆယ်ရေးအိတ်ကိုအိမ်နှုင့်အလုပ်တွင်အလွယ်တကူလက်လှမ်းမီ နိုင်သောနေရာများတွင်ထားရှိသင့်သည်၊ကယ်ဆယ်ရေးအိတ်မှာပါရှိသည့်လိုအပ်ချက် များကိုအချိန်မရွေးစစ်ဆေးပြီးအနည်းဆုံးခြောက်လတစ်ကြိမ်အပ်ဒိတ်လုပ်သင့်ပါသည်။အရေးပေါ်အိတ်ထဲရှိပစ္စည်းများကိုတစ်ကိုယ်ရေနှင့်မိသားစုဝင်များအခြေအနေပေါ်မူတည်၍မိသားစုဝင်များနှင့်ဆွေးနွေးနိုင်သည်၊ထို့ပြင်မည်သည့်ပစ္စည်းများကိုဘေးလွတ်ရာအိတ်ထဲ တွင်ထည့်ထားရမည်နည်း၊တစ်ဦးချင်းသယ်သွားနိုင်ရမည်၊ထို့ပြင်သက်ကြီးရွယ်အိုနှင့်က လေးများအတွက်အိတ်တစ်လုံကိုပြင်ဆင်ထားရန်အကောင်းဆုံးဖြစ်သည်၊ဒါပေမယ့်ရှင်သန်ဖို့လည်းလိုအပ်သည့်သယ်ဆောင်သွားနိုင်ဖို့လည်းထည့်စဉ်းစားရမည်။ဥပမာအားဖြင့်

 (一)အရေးပေါ်အစားအစာ:သောက်ရေ၊ဘေးဥပါဒ်ကာကွယ်ရေးအစားအစာ၊ဘီစကွတ် များ၊လေစုပ်အစားအစာစသည်တို့ဖြစ်သည်၊အရေးပေါ်အခြေအနေတွင်ဘေးကင်းစေရန်အတွက်3ရက်စာလုံလောက်အောင်ပြင်ဆင်ခြင်းသည်ပိုကောင်းပါသည်၊လူတစ်ဦးလျှင်ရေသန့်3လီတာပြင်ဆင်ခြင်းသည်ပိုကောင်းပါသည်၊ကလေးရှိသည့်မိသားစုများသည်နို့မှုန့်၊ကလေးအစားအစာ၊နို့ဗူးများစသည်တို့ကိုပြင်ဆင်ထားသင့်သည်။

 (二)ဆေးနှင့်သန့်ရှင်းရေးသုံးပစ္စည်းများ:ဗီတာဒင်း၊ဝါဂွမ်း၊ပိတ်စ….စသည့်ရှေးဦးသူနာပြု ပစ္စည်းများ၊သာမိုမီတာ၊ဆပ်ပြာ၊တစ်ရှုး၊တစ်ရှုးစို၊ဂွမ်းထုတ်နှင့်ဆေးဝါးများ(နာတာရှည်ရောဂါဝေဒနာရှင်များသည်နေ့စဉ်ဆေးဝါးများနှင့်အသုံးများသောဆေးဝါးများစသည်တို့၊ဆေးဝါး များသိုလှောင်ချိန်နှင့်သိုလှောင်မှုနည်းလမ်းစသည်တို့ကိုဂရုစိုက်ပါ)။

 (三)အဖိုးတန်ပစ္စည်းများ:မှတ်ပုံတင်ကတ်၊ကျန်းမာရေးအာမခံကတ်နှင့်ငွေစာရင်းစာအုပ် ၊အခြားအရေးကြီးစာရွက်စာတမ်းမိတ္တူများ၊ငွေသားအနည်းငယ်လိုအပ်ပါသည်၊ငွေအကြွေ စေ့များလည်းပြင်ဆင်ထားလျှင်အကောင်းဆုံးဖြစ်သည်၊ဘာကြောင့်လဲဆိုတော့ဈေးရောင်း စက်များကိုသုံးနိုင်သောကြောင့်ဖြစ်သည်။

 (四)အခြားအရာများ:ဥပမာဝီစီ၊ဘေးအန္တရာယ်ကာကွယ်ရေးမြေပုံများ(မြို့၏ဘေး အန္တရာယ်ကာကွယ်ရေးအချက်အလက်ဝက်ဘ်ဆိုဒ်မှဒေါင်းလုဒ်လုပ်ယူနိုင်သည်)၊ခရီး ဆောင်ရေဒီယို၊ဓာတ်မီး၊ဘက်ထရီ၊မီးခြစ်၊ဆွဇ်ဓား၊ဖောက်တံ၊ဘောပင်နှင့်စက္ကူ၊ကြိုးစသည် ဖြင့်၊ဘက်ထရီအပိုပစ္စည်းများကိုပြင်ဆင်ပါ၊ကျေးဇူးပြု၍သင်ပြင်ထားသည့်ဘက်ထရီသည် သင်အသုံးပြုလိုသောလျှပ်စစ်ပစ္စည်းများအတွက်သင့်လျော်မှုရှိမရှိကိုဂရုပြုပါ။

二、အရေးပေါ်ကယ်ဆယ်ရေးအိတ်ကိုအိမ်တွင်ရှိပြီးသားကျောပိုးအိတ်ဖြင့်အစားထိုးနိုင် သည်၊ထည့်ရမည့်ပစ္စည်းအမျိုးအစားများသည်အသုံးပြုသူ၏လိုအပ်ချက်အပေါ်အခြေခံ သည်၊ထွက်ပြေးသည့်အခါဖိနပ်၊ဖြစ်နိုင်လျှင်ဘေးကင်းလုံခြုံသောဦးထုပ်ကိုသေချာဝတ် ဆင်ပြီးအရေးပေါ်ကယ်ဆယ်ရေးအိတ်ကိုယူဆောင်လာရန်မမေ့ပါနှင့်။!