2026 ထိုင်ဝမ် မီးထွန်းပွဲတော်
ရှန်ယွမ်ပွဲတော်၊မီးထွန်းပွဲတော်(သို့)နှစ်သစ်ကူးကလေးဟုလည်းလူသိများသောမီး ထွန်းပွဲတော်သည်မုဆိုးတစ်ဦးသည်လူ့လောကထဲသို့လှည့်လည်သွားလာနေသောနတ် ဘုရားငှက်တစ်ကောင်ကိုမတော်တဆသတ်မိသည့်နေ့ဟုဆိုကြသည်၊ထိုအကြောင်းကို ကျောက်စိမ်းဧကရာဇ်သိသွားသောအခါအလွန်ဒေါသထွက်ပြီးအပြစ်ပေးသည့်အနေဖြင့် ကမ္ဘာမြေပေါ်တွင်မီးရှို့ရန်စီစဉ်ခဲ့သည်၊ထို့ကြောင့်မီးဘေးအန္တရာယ်ဖြစ်စေရန်ကောင်းကင် စစ်သည်များနှင့်စစ်သူကြီးများကိုပထမလ၏၁၅ရက်နေ့တွင်လူ့ပြည်သို့သွားရန်အမိန့်ပေးခဲ့သည်။ ကျောက်စိမ်းဧကရာဇ်၏သမီးတော်သည်ဤအကြောင်းကိုကြိုတင်သိရှိခဲ့သည်၊အပြစ်မဲ့ ပြည်သူများဒုက္ခပါဝင်ခံစားနေရသည်ကိုမမြင်နိုင်သောကြောင့်ကမ္ဘာမြေပေါ်သို့တိတ်တ ဆိတ်ဆင်းသက်ကာပထမလ၏၁၄၊၁၅နှင့်၁၆ရက်နေ့တွင်မီးအိမ်များချိတ်ဆွဲပြီးမီးရှုးမီးပန်း များပစ်လွှတ်ရန်သူတို့အားပြောကြားခဲ့သည်၊ဤနည်းအားဖြင့်ကျောက်စိမ်းဧကရာဇ်သည် ကောင်းကင်မှငုံ့ကြည့်သောအခါကမ္ဘာမြေသည်မီးလျှံဖြင့်လောင်ကျွမ်းနေပြီးလူများသည်ပြစ်ဒဏ်ခံရပြီးဘေးအန္တရာယ်ကိုရှောင်ရှားနိုင်လိမ့်မည်။ပထမလ၏၁၅ရက်နေ့တွင်ကျောက်စိမ်းဧကရာဇ်သည်ကမ္ဘာမြေသည်မီလျှံဖြင့်လောင်ကျွမ်းနေသည်ကိုမြင်တွေ့ပြီးမီးရှုးမီးပန်းများ ပစ်လွှတ်သံကိုကြားခဲ့ရသည်၊လူများသည်ပြစ်ဒဏ်ခံရပြီးထွက်ခွာသွားပြီဟုသူယုံကြည်ခဲ့ သည်၊ထို့ကြောင့်နှစ်စဉ်ပထမလ၏၁၅ရက်နေ့တွင်လူများသည်ဘေးအန္တရာယ်မှဘေးကင်း စွာလွတ်မြောက်သည့်ဤနေ့ကိုအောက်မေ့သတိရရန်မီးအိမ်များချိတ်ဆွဲပြီးမီးရှုးမီးပန်းများ ပစ်လွှတ်ကြသည်။ ပထမလရဲ့၁၅ရက်နေ့မှာကျင်းပတဲ့မီးထွန်းပွဲတော်မှာလူတွေဟာမီးရှုးမီးပန်းတွေပစ်၊ မီးပုံးတွေဆွဲသည့်နည်းဖြင့်နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေး၊ကြွယ်ဝချမ်းသာရေးနဲ့မိသားစုလုံခြုံရေးအတွက်ဆုတောင်းကြပါတယ်၊ထိုင်ဝမ်ကဒေသအသီးသီးမှာမိသားစုတစ်ခုလုံးပါဝင်ဆင်နွှဲ နိုင်အောင်မီးထွန်းပွဲတော်တွေကိုအလှည့်ကျကျင်းပကြပါတယ်။မီးထွန်းပွဲတော်အတွင်းမှာလည်းလူတွေဟာပြန်လည်ဆုံစည်းခြင်းနဲ့ကံကောင်းခြင်းတွေကိုကိုယ်စားပြုတဲ့မုန့်လုံးရေ ပေါ်တွေကိုလည်းစားသုံးကြပြီးပွဲတော်ကိုပိုမိုလှပစေပြီးနှစ်သစ်ကိုကြိုဆိုကြပါတယ်။

![Taiwan.gov.tw [အခြားဝင်းဒိုးအသစ်တစ်ခုဖွင့်မည်]](/images/egov.png)
