尚未定義

ပြင်းထန်သောအထူးကူးစက်တတ်သောအဆုတ်ရောင်ရောဂါကာကွယ်ခြင်း(ဝူဟန့် အဆုတ်ရောင်ရောဂါ) (2-1)

ထိုင်ပေမြို့ ရွေှ့ပြောင်းလုပ်သားများနှင့်နိုင်ငံခြားကျောင်းသားများကိုသက်ဆိုင်ရာကပ်ရောဂါ ကာကွယ်ရေးအစီအမံများကို သတိပေးသည်။
 
ပြင်းထန်သောအထူးကူးစက်တတ်သော အဆုတ်ရောင်ရောဂါကာကွယ်ရန် ဘယ်လိုလုပ်ရ မလဲ။
1.ကူးစက်ရောဂါကာကွယ်ရေးအစီအမံများ:
(1).ဖျားခြင်း၊ချောင်းဆိုးလျှင်မျက်နှာဖုံးတပ်ပါ။
(2).လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးကြောပါ။
(3).ရိုးရာဈေး(သို့)ဆေးရုံများစသည့်လူများသောနေရာများလျော့သွားပါ၊ အကယ်၍ ဆေးရုံ သို့သွားရန်လိုအပ်လျှင်တစ်ရက်လုံးမျက်နှာဖုံးတပ်ထားပါ။
(4).တောရိုင်းတိရစ္ဆာန်နှင့်ငှက်များနှင့်ထိတွေ့ခြင်းမလုပ်ပါနှင့်။
 
2.အကယ်၍ နေထိုင်မကောင်း(သို့)သံသယရှိသောလက္ခဏာများရှိလျှင်:
(≧38℃) အဖျားရှိ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ(ဥပမာ-ချောင်းဆိုး ခြင်း)(သို့)မဖျားမှီ14ရက်ခရီးသွားသမိုင်းနှင့်ထိတွေ့မှုသမိုင်း၊ မျက်နှာဖုံးချက်ချင်းတပ်၍ မိမိ ကိုယ်တိုင်1922သီးသန့်လိုင်း(သို့)ထိုင်ပေမြို့ကပ်ရောဂါကာကွယ်တားဆီးရေးအထူးလိုင်း 2375-3782သို့ခေါ်ဆိုပါ။ဖြစ်နိုင်လျှင်အမြန်ဆုံးဆေးကုသမှုခံယူပါ။ခရီးသွားသမိုင်း၊ အလုပ် အကိုင်၊ ထိတွေ့မှုသမိုင်းနှင့် စုစည်းခြင်းရှိမရှိကိုအသိပေးပါ။
3.ပတ်ဝန်းကျင်ရှိလူ ရောဂါလက္ခဏာသံသယရှိလျှင် မည်သို့ကူညီရမည်:
  မိမိကိုယ်တိုင်1922သီးသန့်လိုင်း(သို့)ထိုင်ပေမြို့ကပ်ရောဂါ ကာကွယ်တားဆီးရေးအထူး လိုင်း 2375-3782သို့ခေါ်ပါ။ဖြစ်နိုင်လျှင်အမြန်ဆုံးဆေးကုသမှုခံပါ။ ခရီးသွားသမိုင်း၊ အလုပ် အကိုင်၊ထိတွေ့မှုသမိုင်းနှင့် စုစည်းခြင်းရှိမရှိကိုအသိပေးပါ။
 
⚠ဆက်စပ်ကာကွယ်ရေးသတင်းအချက်အလက် :ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီး ဌာနရောဂါထိန်းချုပ်ရေးအေဂျင်စီ https://www.cdc.gov.tw/
☎ကပ်ရောဂါကာကွယ်ရေးသီးသန့်လိုင်း 1922
☎ပြည်ပမှလာသူများသီးသန့်လိုင်း 0800-024-111