အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

ဒီဇင်ဘာလ 10 ရက်နေ့ 0:00 မှစတင်၍ နိုင်ငံတွင်းဝင်ရောက်သူဦးရေကန့်သတ်ချက်ကို ရုတ်သိမ်းမည်ဖြစ်ပါသည်။ (C/11-3)

ပြည်တွင်းကူးစက်ရောဂါအခြေအနေ တည်ငြိမ်စွာ ထိန်းချုပ်နိုင်သည်ဟု ဗဟိုကူးစက်ရောဂါကွပ်ကဲမှုဗဟိုဌာနက ယနေ့ (28)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ပနှင့် ပြည်တွင်းကူးစက်ရောဂါအခြေအနေများကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ကာ ပြည်တွင်းကူးစက်ရောဂါ ကာကွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ စွမ်းဆောင်ရည်များကိုစာရင်းပြုစု၍၊  2022 ခုနှစ် ဒီဇင်ဘာ 10 ရက်နေ့ 00:00 မှစတင်၍ (လေယာဉ်ခရီးစဉ်ဇယားတွင်ပြထားသည့်ဆိုက်ရောက်ချိန်)၊ ထိုင်ဝမ်သို့ဝင်ရောက်သူအရေအတွက်ကန့်သတ်ချက်ကို ပယ်ဖျက်ပါမည်။


နိုင်ငံတွင်းသို့ ဝင်ရောက်သူဦးရေသည် အပတ်တိုင်း တိုးလာကြောင်း ကွပ်ကဲမှုဌာနချုပ်မှ ထောက်ပြထားသည်။ ပြီးခဲ့သည့် (11/21-27) 7ရက်အတွင်းတွင် ပြည်ပမှရောဂါကူးစက်မှုမှာ 281မှုရှိပြီး ယခင် 7 ရက်ထက် 12.2% ကျဆင်းသွားကြောင်း၊ ရက်ပိုင်းအတွင်း ပြည်တွင်း၌ ရောဂါဖြစ်ပွားမှုများ ဆက်တိုက်ကျဆင်းလာခဲ့သည်။ထို့ပြင် ယခုနှစ်ကုန်ပိုင်းကို ထည့်သွင်းစဉ်းစားပါက ယခုနှစ်ကုန်တွင် နိုင်ငံခြား ခရစ္စမတ်အားလပ်ရက်များနှင့် ပြည်တွင်းနှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ အဝင်အထွက် ပိုများလာမည်ဟု မျှော်လင့်ရသည်၊ ထိုအချိန်တွင် လိုအပ်နေသော ကန့်သတ်ချက် များကိုပြုလုပ်သွားမည်ဖြစ်၍ဝင်ရောက်သူဦးရေကန့်သက်ချက်ကို ရုတ်သိမ်းသွားမည်ဖြစ်ပြီး ပြည်သူများမတွက်လည်း သူတို့၏ မွေးရပ်မြေသို့ ခရီးစဉ်များ ကြိုတင်စီစဉ်နိုင်ရန် ရည်ရွယ်ထားသည်။


အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် RT-PCR ဓါတ်ဆေး ၄ ခုကို လက်ခံရရှိကာ 7 ရက်ကြာ ကိုယ်တိုင် ကာကွယ်မှု ကာလ အတွင်းစစ်ဆေးမှု ပြုလုပ်ရန်၊ မ၀င်ရောက်မီ 14 ရက်အတွင်းသံသယ လက္ခဏာ ရှိသော ခရီးသည်များက ကျေးဇူးပြု၍ လေဆိပ်၏CDCဝန်ထမ်း / ဆိပ်ကမ်း quarantine ဝန်ထမ်းများထံကြိုတင်အကြောင်းကြားပြီး quarantine ဝန်ထမ်းများ၏အကဲဖြတ်မှုကိုလိုက်နာ၍၊ နိုင်ငံတကာဆိပ်ကမ်းတွင်တံတွေးစုဆောင်းခြင်း၊စစ်ဆေးခြင်းကိုပူးပေါင်းဆောင်ရွက်ပြီး၊quarantine ယာဉ်များဦးစား‌ ပေးစီး၍နေထိုင်ရာသို့ပြန်ရမည်ဟု ကွပ်ကဲမှုဗဟိုဌာနမှ ထုတ်ပြန်ထားသည်။


နယ်စပ်ဖွင့်လှစ်ခြင်းနှင့် နိုင်ငံအတွင်းဝင်ရောက်သူဦးရေ တိုးလာခြင်းတို့နှင့်အတူ ကွပ်ကဲမှုဗဟိုဌာနမှ ပြည်တွင်း‌ ရောဂါမျိုးသစ်မျိုးကွဲများနှင့် နောက်ဆက်တွဲရောဂါဖြစ်ပွားမှုလမ်းကြောင်းများကို သေချာစောင့်ကြည့်ပြီး သက်ဆိုင်ရာဗျူဟာများနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ backupသက်မှတ်ချက် များကို ချိန်ညှိသွားမည်ဖြစ်ကြောင်း ကွပ်ကဲမှုဌာနမှ အလေးပေးပြောကြားခဲ့သည်။ ပြည်သူလူထုများကကျေးဇူးပြု၍ သက်ဆိုင်ရာ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းများ လိုက်နာကာ ပုံမှန်ဘဝသို့ အရောက်လှမ်းနိုင်ရေးအတွက် ရပ်ရွာဘေးကင်းလုံခြုံစေရန် ပူးပေါင်း ထိန်းသိမ်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။