ထိုင်ဝမ်ကွမ်းဟွာမဂ္ဂဇင်းစာစောင်58 (6-4)
「ဘုံအကြောင်းအရာ」:「ထိုင်ဝမ်ရုပ်ပြလှိုင်းသစ်」သည်မျက်နှာဖုံးဆောင်ပုဒ်ဖြစ်သည်၊ထိုင် ဝမ်ရုပ်ပြတံဆိပ်များကမ္ဘာသို့တိုးတက်လာမှု၊လူသိများသောထိုင်ဝမ်ရုပ်ပြလက်ရာများ၊ရုပ်ပုံအခြေခံများနှင့်ရုပ်ပုံ IP စွဲလန်းမှုစသည့်ကဏ္ဍများမှထိုင်ဝမ်ရုပ်ပြများဖွံ့ဖြိုးတိုးတက်မှုအ ကြောင်းအစီရင်ခံစာတင်ပြပါသည်။ 「ထိုင်ဝမ်ကိုနားလည်ခြင်း」ယူနစ်:〈စဉ်ဆက်မပြတ်နှင့်ကာဗွန်နည်းသောအစားအစာ ဉာဏ်ပညာ:အားမေတိုင်းရင်းသားတောရိုင်းဟင်းသီးဟင်းရွက်ယဉ်ကျေးမှု〉ဆောင်းပါး သည်တိုင်းရင်းသားဟင်းသီးဟင်းရွက်များစုဆောင်းခြင်းနှင့်တောရိုင်းဟင်းသီးဟင်းရွက် ယဉ်ကျေးမှုအကြောင်းအစီရင်ခံပြီးအားမေရိုးရာစားသုံးနိုင်သောတောရိုင်းဟင်းသီးဟင်း ရွက်အမျိုးအစားများကိုမိတ်ဆက်ပေးပါသည်၊ဟွားလျှန်ရိုးရာဈေးကွက်ရှိကြွယ်ဝပြီးမျိုးစုံ သောတောရိုင်းဟင်းသီးဟင်းရွက်ဈေးကွက်အပြင်၊ထိုင်ဝမ်၏ဒေသထွက်တောရိုင်းဟင်းသီးဟင်းရွက်ယဉ်ကျေးမှုကိုကမ္ဘာသို့မြှင့်တင်ပေးပါသည်။ 「အရှေ့တောင်အာရှအထူးပရောဂျက်」ယူနစ်:〈သြစထရိုနီးရှားတွေ့ဆုံခြင်း:ဤနေရာတွင် ထိုင်ဝမ်သည်ကမ္ဘာနှင့်တွေ့ဆုံမည်〉ဆောင်းပါးသည်၊ထိုင်တုန်းသမိုင်းမတင်မီခေတ် ပြတိုက် ၏ကမ္ဘာ့သြစထရိုနီးရှားယဉ်ကျေးမှုပြပွဲနှင့်စက္ကူပိုးစာ DNA လေ့လာခြင်းတို့ကိုမိတ်ဆက်ပေး ထားပြီး၊ထိုင်ဝမ်သည်သြစထရိုနီးရှားဘာသာစကားမိသားစု၏အစောဆုံးမွေးရပ်မြေဖြစ် ကြောင်းရှင်းပြထားသည်။
2025-06-09

![Taiwan.gov.tw [အခြားဝင်းဒိုးအသစ်တစ်ခုဖွင့်မည်]](/images/egov.png)
