ပျော်ရွှင်ဖွယ်သင်္ကြန်ပွဲတော် စာရေးဆရာ:ထိုင်းရွှေ့ပြောင်းနိုင်ငံသား/ရွှီတယ်ရှုံ့
ထိုင်ဝမ်လူများ ထိုင်းနိုင်ငံတွင်နွေရာသီသာရှိသည်ထင်နိုင်သည်၊ အမှန်မှာ ထိုင်းနိုင်ငံရာသီဥ တုသုံးမျိုးခွဲနိုင်သည်၊ နွေ၊မိုး၊ဆောင်း၊ 4လသည်တစ်နှစ်ရဲ့အပူဆုံးလဖြစ်သည်။4လမှာအရေး ကြီးသည့်အမျိုးသားပွဲတော်ရှိသည်၊ ထိုင်းလူမျိုးအားလုံး (ပြည်ပနေထိုင်သူများအပါအဝင်) ၎င်းတို့၏မိသားစုများနှင့်အတူဆင်နွဲဖို့ မွေးရပ်မြေသို့ပြန်ရန်မျှော်လင့်ကြသည်။ဤသည်မှာ ကမ္ဘာကျော်ထိုင်းနှစ်သစ်ကူး 「သင်္ကြန်ပွဲတော်」 「စုန်ခရမ်ပွဲတော်(Songkran Festival)」လည်းဖြစ်သည်။ နှစ်စဉ်သင်္ကြန်ပွဲတော်သည် မရေတွက်နိုင်သောနိုင်ငံခြားခရီးသွားများကို လာရောက်ဆင်နွှဲရန် ဆွဲဆောင်သည်။
ထိုင်းနိုင်ငံတရားဝင်ပြက္ခဒိန်အရ သင်္ကြန်ကိုနှစ်စဉ်4လ 13~15ရက်ထိကျင်းပ သည်၊ ထိုကာလတွင် အစိုးရနှင့်စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းမည်၊ ပြည်သူ များမွေးရပ်မြေသို့ပြန်၍မိသားစုပြန်လည်ဆုံစည်းကြသည်၊ထိုင်းမှာနေတုန်းက အားလပ်ရပ်ရက်ရှည်ကာလတွင်း မိသားစုနှင့်ပြန်လည်ဆုံစည်းရန်မွေးရပ်မြေ သို့ပြန်သည်၊အများအားဖြင့် 4လ 13ရက်မနက်ခင်း၌ မိသားစုနှင့်အတူ ဘုရား ကျောင်းသို့သွားပြီးပြင်ဆင်ထားသည့်အစားအစာများနှင့်ပစ္စည်းများကို ဘုန်း တော်ကြီးများထံကပ်လှုသည်၊ ဘုရားကျောင်းမှာနှစ်ပတ်လည်「ဗုဒ္ဓရေသပ္ပါယ်」သန့်ရှင်းသောရေဖြင့် ရေသပ္ပါယ်ကြသည်၊ ထိုနေ့တွင် အိမ်ပြန်လမ်းမှာ လမ်း ဘေးရှိလူများပက်၍တကိုယ်လုံးစိုနေသည်ကိုမှတ်မိသေးသည်၊ ဒါကြောင့် အိမ်ပြန်ရောက်တာနှင့်ရေတစ်ပုံးအပြည့်မ၍ အပြင်ဘက်တွင်မိတ်ဆွေ သူငယ် ချင်းတွေနဲ့ရေပက်ကြသည်၊ အပြန်အလှန်ရေပက်သည့်လှုပ်ရှားမှုမှာ သုံးရက် ကြာပြီးလူတိုင်းရောင်စုံအဝတ်အစားများကိုဝတ်ဆင်ကြသည်။
နောက်တစ်နေ့တွင် ကျွန်ုပ်တို့်မိသားစုသည်အပြင်စားသောက်ဆိုင်သို့သွှားစား သည်၊ တစ်ခါတစ်လေ ကားမောင်း၍ကမ်းခြေ၌သွားကစားသည်၊ တစ်ချိန် တည်းမှာပင် ပန်းပွင့်ဖတ်ထည့်ထားသည့်ရေကိုမိဘများ၏လက်ထဲသို့လောင်း ထည့်ပြီး မိဘများနှစ်သစ်မှာကျန်းမာရေးကောင်းအောင်ဆုတောင်းသည်။ ရာသီဥတုအလွန်ပူသော်လည်းလူတိုင်း ပျော်ရွှင်၍ အပြန်အလှန်ရေပက်ဖြန်း ခြင်းဖြင့် ပြီးခဲ့သည့်နှစ်က အဆင်မပြေမှုနှင့် ကံဆိုးမှုများကို ဖယ်ရှားပေးလိမ့် မည်ဟုယုံကြည်သည်၊ သင်္ကြန်ကာလနှင့် ထိုင်ဝမ်နှစ်သစ်ကူးကဲ့သို့ အိမ်ကို သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်အစားသစ်များဝတ်ဆင်ခြင်း၊ မကောင်းသော စကားလုံးများကို ရှောင်ရှား၍ နှစ်သစ်သို့ကံကောင်းခြင်းများယူဆောင်လာပါ။
4လပိုင်း ထိုင်းနိုင်ငံသို့သွားရန်အခွင့်အလမ်းရှိပါက ထိုင်းနိုင်ငံသင်္ကြန့်ပွဲတော်ကို ကိုယ်တိုင် ခံစားပါ၊ ပျော်စရာကောင်းပြီးထပ်ဆောင်း၍ကံကောင်းစေတယ်နော်!
「ဗုဒ္ဓရေသပ္ပါယ်အခမ်းအနား」
![]()
ထိုင်းအကြီးအကဲများအား ပန်းပွင့်ဖတ်ရေဖြင့်လက်ဆေးသည့်ကောင်းချီးမင်္ဂ လာအခမ်းအနားမိတ်ဆက်
![]()

![Taiwan.gov.tw [အခြားဝင်းဒိုးအသစ်တစ်ခုဖွင့်မည်]](/images/egov.png)
