နေထိုင်သူသစ်ကလေးများအတွက်ပညာသင်ကြားရေးလမ်းညွှန်
ကူထင်အလယ်တန်းကျောင်းအတိုင်ပင်ခံဒါရိုက်တာဝမ်ဖိန်လင် မကြာသေးမီနှစ်များအတွင်း၊အကြံဉာဏ်ပေးခန်းတွင်အလုပ်လုပ်ရင်း၊ဒေသခံလူမှုအသိုင်း အဝိုင်းတွင်ပေါင်းစည်းနိုင်ရန်ဘာသာစကား၊ယဉ်ကျေးမှု၊သမိုင်း၊လူမှုရေးအသိစသည့်ဗဟုသုတများလေ့လာသင်ယူရန်လိုအပ်သောနေထိုင်သူသစ်ကလေးများ၏ပညာရေးကိုအထူးအာရုံစိုက်ခဲ့ပါသည်။ထို့အပြင်ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ပူးပေါင်းဆောင်ရွက်မှုစိတ်ဓါတ်နှင့်တီထွင်ဖန်တီး နိုင်မှုစသည့်စွမ်းရည်များဖွံ့ဖြိုးတိုးတက်ရန်လည်းအလွန်အရေးကြီးပါသည်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင်တီထွင်ဖန်တီးမှုဆိုင်ရာတွေးခေါ်မှုကိုမြှင့်တင်ရန်အထူးအရေးကြီးသည်:အောက်ပါတို့သည်ကလေးများအတွက်တီထွင်ဖန်တီးမှုဆိုင်ရာတွေးခေါ်မှုကိုမြှင့်တင်ရန်နည်းလမ်းအချို့ဖြစ်သည်: 1. ကလေးတွေကိုစိတ်ကူးဉာဏ်ကြွယ်ဝဖို့အားပေးပါ:ကလေးတွေကိုလွတ်လပ်စွာဖွံ့ဖြိုးဖို့နေရာပေးပါ။ဖြစ်နိုင်ခြေအမျိုးမျိုးကိုဖန်တီးခွင့်ပေးပြီးသူတို့ရဲ့စိတ်ကူးများကိုကန့်သတ်မထားပါနှင့်။ 2. စူးစမ်းချင်စိတ်ကိုမွေးမြူပါ:ကလေးများကိုမေးခွန်းများမေးရန်တွန်းအားပေးပြီးသူတို့ပတ် ဝန်းကျင်ရှိအရာများနှင့်ကမ္ဘာကြီးကိုစူးစမ်းလေ့လာရန်အားပေးပါ။ 3. အတွေ့အကြုံအမျိုးမျိုးကိုထောက်ပံ့ပေးပါ:မတူညီသောအရာများကိုတွေ့ကြုံခံစားပြီးမတူညီသောလက်မှုပညာများပြုလုပ်ပါ၊အမျိုးမျိုးသောလှုပ်ရှားမှုများတွင်ပါဝင်ခြင်းဖြင့်ကလေးများကိုမတူညီသောအရာများနှင့်ထိတွေ့ခွင့်ရစေကာတီထွင်ဖန်တီးနိုင်စွမ်းကိုစတင်ပါစေ။ 4.ကိုယ်တိုင်သင်ယူမှုအတွက်နေရာပေးပါ:ကလေးအားအချို့သောအလုပ်များကိုကိုယ်တိုင်ပြီး မြောက်စေကာ၊လွတ်လပ်သောသင်ယူမှုလုပ်ငန်းစဉ်ကိုတွေ့ကြုံခံစားစေပြီး၎င်းတို့၏လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းကိုမွေးမြူပါ။ 5.ကလေးများကိုအနုပညာသင်ယူရန်အားပေးပါ:အနုပညာသည်ကလေးများ၏တီထွင်ဖန်တီး နိုင်စွမ်းကိုလှုံ့ဆော်ပေးနိုင်သည်၊သူတို့ကိုယ်သူတို့ပိုကောင်းအောင်ဖော်ပြကြပါစေ။ 6.ကလေးတွေကိုစဉ်းစားတွေးခေါ်ဖို့လှုံ့ဆော်ပါ:ပြဿနာဖြေရှင်းနည်းကိုစဉ်းစားစေပြီးကလေးများ၏တွေးခေါ်နိုင်စွမ်းလှုံ့ဆော်ပေးနိုင်ရန်ကလေးများကိုလုံလောက်သောစိန်ခေါ်မှုများပေးပါ။ 7.ကလေးများ၏ကြိုးစားအားထုတ်မှုကိုချီးမွမ်းပါ:ကလေးများကိုပိုမိုယုံကြည်မှုရှိပြီး၎င်းတို့၏ဖန်တီးမှုဆိုင်ရာတွေးခေါ်မှုကိုပိုတိုးတက်ကောင်းမွန်စေရန်ကြိုးပမ်းအားထုတ်မှုနှင့်၎င်းတို့၏အောင်မြင်မှုများကိုချီးကျူးဂုဏ်ပြုရန်အားပေးပါ။ ယခုနှစ်ပညာရေးဗျူရို၏အရေးကြီးသောမူဝါဒများနှင့်လမ်းညွှန်ချက်များထဲမှတစ်ခုမှာ ကလေးများအားလွတ်လပ်စွာသင်ယူရန်နေရာပေးပါ၊အောက်ပါအချက်များမှစတင်နိုင်သည်: 1. သင့်လျော်သောသင်ယူမှုအရင်းအမြစ်များကိုပံ့ပိုးပါ:ဥပမာအားဖြင့်စာအုပ်များ၊အင်တာ နက်အရင်းအမြစ်များ၊သင်ကြားရေးအထောက်အကူများစသည်ဖြင့်၊ကလေးများလွတ်လပ်စွာသင်ယူမှုအတွက်အရင်းအမြစ်များကိုရွေးချယ်နိုင်ပါစေ။ 2. ကိုယ်ပိုင်သင်ယူမှုလိုအပ်ချက်များနှင့်အတွေးအမြင်များကိုဖော်ပြရန်ကလေးများကိုအား ပေးပါ:ကလေးများ၏သင်ယူမှုလိုအပ်ချက်များကိုတန်ဖိုးထားပံ့ပိုးပေးကြောင်းသိစေခြင်းဖြင့် ကလေးများ၏လွတ်လပ်စွာသင်ယူလိုစိတ်အားမြှင့်တင်ပေးနိုင်ပါသည်။ 3. အပြုသဘောဆောင်သောသင်ယူမှုပတ်ဝန်းကျင်ကိုထူထောင်ပါ:ဥပမာ-ဆိတ်ငြိမ်သော စာသင်ခန်းများပံ့ပိုးပေးခြင်း၊အပြုသဘောဆောင်သောလေထုကိုဖန်တီးပေးခြင်းစသည်ဖြင့်ကလေးများသင်ယူစဉ်သက်တောင့်သက်သာခံစားရပါစေ။ 4. ကလေးများအားလုံလောက်သောကိုယ်တိုင်လုပ်ပိုင်ခွင့်ပေးပါ:ဥပမာအားဖြင့်ကလေးများ အားသင်ယူမှုအစီအစဉ်နှင့်နည်းလမ်းစသည်တို့ကိုကိုယ်တိုင်ဆုံးဖြတ်ပါစေစသည်ဖြင့်ကလေး များအားကိုယ်တိုင်လုပ်ပိုင်ခွင့်ပိုမိုရရှိစေကာကလေးများ၏လွတ်လပ်စွာသင်ယူမှုကိုမြှင့်တင်ပါ။ ကလေးများကိုချီးမွမ်းနည်းသည်မိဘနှင့်ဆရာတိုင်းသင်ယူသင့်သည့်အကြောင်းအရာ များထဲမှတစ်ခုဖြစ်သည်၊အောက်ပါနည်းလမ်းများဖြင့်စတင်နိုင်သည်ဟုအကြံပြုအပ်ပါသည်: 1.ကလေးတွေရဲ့ကြိုးစားအားထုတ်မှုနှင့်ရလဒ်တွေအတွက်ချီးကျူးဂုဏ်ပြုပါ။ 2.ကလေး၏အားသာချက်များကိုအာရုံစိုက်ပြီးသူတို့ကိုသင်တွေ့မြင်ကြောင်းအသိပေးပါ။ 3.ကလေးကိုဆက်လက်ကြိုးစားပြီးစိန်ခေါ်ဖို့အားပေးပါ၊အောင်မြင်နိုင်မယ်လို့သင်ယုံကြည် ကြောင်းသူတို့ကိုအသိပေးပါ။ 4.ကလေးများအားသူတို့ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည့်နေရာနှင့်ပြုပြင်ရမည့်နေရာများကိုသိရှိစေရန်ထိရောက်သောအကြုံပြုချက်ပေးပါ။ 5.အပြုသဘောဆောင်သောလေသံနှင့်ကိုယ်အမူအရာဘာသာစကားဖြင့်ချီးမွမ်းပြောဆို ခြင်းဖြင့်သင့်ကလေးကိုသင်၏ရိုးသားမှုနှင့်စိုးရိမ်မှုကိုပြသပါ။ ကလေးများဘဝတစ်လျှောက်သင်ယူသည့်လမ်းသည်အလွန်ရှည်လျားသည်၊မိဘများ၏အဓိကအလုပ်မှာကလေးများ၏ကောင်းမွန်သောလေ့လာမှုအလေ့အထများမွေးမြူရန်၊သင်ယူမှုအရင်းအမြစ်များနှင့်ပံ့ပိုးကူညီမှုများပံ့ပိုးပေးရန်၊၎င်းတို့၏သင်ယူမှုနှင့်ကြီးထွားမှုကိုမြှင့်တင်ရန်အတွက်ကလေးများနှင့်တက်ကြွသောဆက်သွယ်မှုနှင့်အပြန်အလှန်ဆက်ဆံရေးကိုထူထောင်ရန်ဖြစ်သည်။ထို့အပြင်မိဘများလည်းကလေးများအား၎င်းတို့၏ကိုယ်ပိုင်စိတ်ဝင်စားမှုနှင့်အရည်အချင်းများဖွံ့ဖြိုးတိုးတက်လာစေရန်တွန်းအားပေးသင့်ပြီးကလေးများအတွက်ကျွမ်းကျင်မှုနှင့်အသိပညာသစ်များသင်ယူရန်အခွင့်အလမ်းများထောက်ပံ့ပေးသင့်သည်။

![Taiwan.gov.tw [အခြားဝင်းဒိုးအသစ်တစ်ခုဖွင့်မည်]](/images/egov.png)
