尚未定義

ဗီယက်နမ်ကောက်ညှင်းထုပ်ပွဲတော်အမှတ်တရများ စာရေးဆရာ:ဗီယက်နမ်နိုင်ငံသား သစ်/ရွမ်စစ်ဖန်းဟွား

ကမ္ဘာပေါ်တွင်ကပ်ရောဂါကူးစက်မှုပိုမိုလေးနက်သောအခြေအနေတွင်ကောက်ညှင်းထုပ်ပွဲ တော်အမြန်ရောက်လာပြီးစက်ဆုပ်ရွံရှာဖွယ်ကောင်းသောဗိုင်းရပ်စ်အားလုံးကိုယူသွားပြီး ကမ္ဘာကြီးကိုအန္တရာယ်ကင်းပြီးကျန်းမာစေမည်ဟုကျွန်ုပ်မျှော်လင့်ပါသည်။!ဘာဖြစ်လို့ငါ ဒီလိုပြောရလဲဆိုတော့ဗီယက်နမ်မှာ 「ကောက်ညှင်းထုပ်ပွဲတော်」အခြားနာမည်တစ်ခုရှိ သည် 「ပိုးသတ်ပွဲတော်」လို့ခေါ်သည်။ 「ပိုးသတ်ပွဲတော်」ဒီနာမည်ကြားတဲ့အခါ ငါဘာလို့ဒီ လောက်ထိဒီပွဲတော်ကိုမျှော်လင့်နေရတာလဲဆိုတာလူတိုင်းနားလည်သင့်တယ်။


ဗီယက်နမ်အပါအဝင်ထိုင်ဝမ်၊တရုတ်၊တောင်ကိုရီးယားစသည့်အာရှဒေသများစွာတွင် ကောက်ညှင်းထုပ်ပွဲတော်ကိုကျင်းပသည်၊ဗီယက်နမ်၏ကောက်ညှင်းထုပ်ပွဲတော်သည် အခြားနိုင်ငံများနှင့်မည်သို့ကွာခြားသနည်း။ပထမဦးဆုံးအနေဖြင့်ဗီယက်နမ်၏ကောက်ညှင်းထုပ်ပွဲတော်သည်ထိုင်ဝမ်နှင့်အတူတူတရုတ်ပြက္ခဒိန်၏5လ5ရက်နေ့တွင်ဖြစ်သည်၊သို့ သော် ချွီယွမ်သည်မည်သူဖြစ်သည်ကိုငါတို့မသိ၊ကောက်ညှင်းထုပ်ကိုလည်းနှစ်သစ်ကူး၌ လည်းစားသည်၊ဥမရှိ၊လှေလှော်ပြိုင်ပွဲလည်းမရှိ၊အထူးအားလပ်ရက်လည်းမရှိပါ၊ဒီတော့ ဗီယက်နမ်လူမျိုးတွေကောက်ညှင်းထုပ်ပွဲတော်ကိုဘယ်လိုကုန်ကြလဲ။


ငါဗီယက်နမ်မြောက်ပိုင်းမှာကြီးပြင်းလာသည်၊ငါတို့မိသားစုကကောက်ညှင်းထုပ်ပွဲတော် မတိုင်ခင်တစ်ပတ်အလိုမှာဆန်နှပ်ရန်စတင်ပြင်ဆင်သည်။ဆန်နှပ်သည့်ပြင်ဆင်မှုအဆင့် အလွန်များပြားရှုပ်ထွေးသော်လည်းအသေးစိတ်အချက်အလက်များကိုသတိပြုရမည်၊ ပထမဦးစွာရွေးချယ်ထားသောကောက်ညှင်းဆန်ကိုချက်ပြုတ်ပြီးအအေးခံပါ၊ အရက်ထည့်၊ တဆေးမှုန့်(ကောက်ညှင်းဆန်နှင့်တဆေးမှုန့်အချိုးအစားကိုဂရုပြုပါ)၊ငှက်ပျောရွက်ဖြင့်ထုပ်ပါ။4,5ရက်ခန့်အကြာအိမ်တွင်ရနံ့မွှေးရနိုင်သည်၊အမေကကျွန်တော်တို့ကိုစောစောမဖွင့်ဖို့ မှာကြားပေမယ့်၊ဘာဖြစ်လို့လဲဆိုတော့လေဝင်ရင်နှပ်ထားတဲ့ဆန်မအောင်မြင်ဘဲအမေ အရင်ကခက်ခဲစွာပြင်ဆင်မှုကအလကားဖြစ်လိမ့်မည်။ဒါပေမယ့်စပ်စုချင်တဲ့ငါကအမြဲအနံ့ရတာနဲ့မအောင့်နိုင်ဘဲသွားခိုးကြည့်မိတယ်၊နောက်ပြီးအမေကိုအမြန်ခေါ်တယ်:「မေမေ၊ ငါ အရည်များလျှံထွက်နေသည်ကိုငါမြင်တွေ့ရတယ်」 အမေချက်ချင်းသွားစစ်ဆေးပြီး၊ ကောက်ညှင်းဆန်နှပ်တာအောင်မြင်စွာပြီးဆုံး၍နောက်တစ်နေ့သည်လည်းကောက်ညှင်း ထုပ်ပွဲတော်ဖြစ်သည်!


ကောက်ညှင်းထုပ်ပွဲတော်မနက်အစောပိုင်းတွင် လူကြီးများသည်ဆေးဖက်ဝင်ရေတစ်အိုး ကြီးပြင်ဆင်သည်၊ဂရိတ်ဖရုသီးအခွံ၊သံပုရာရွက်၊သံပုရာမြက်၊ရှေးဟောင်းနံနံပန်း၊ပင်စိမ်းစသည့် ဆေးဖက်ဝင်ပင်များပါဝင်သည်။ဆေးဖက်ဝင်ရေသည်ရေချိုးရန်အတွက်သုံးပြီးကိုယ် ခန္ဓာရှိဘက်တီးရီးယားနှင့်အင်းဆက်ပိုးများကိုလည်းဆေးကြောသန့်စင်လိမ့်မည်၊လာမည့်တနှစ်လုံးကျန်းမာဘေးကင်းရန်မျှော်လင့်ပါသည်!ရေချိုးပြီးနောက်လူကြီးများရိုးရာနတ် များကန်တော့ပြီးနောက်အားလုံးအတူတကွကောက်ညှင်းဆန်နှပ်ထမင်းကိုစားသုံးသည်။ ငါမှတ်မိသေးတယ်တနှစ်က ထမင်းရဲ့အရသာကချိုလွန်း၊မွှေးလွန်းလို့ငါတစ်ပန်းကန်ပြီးတစ် ပန်းကန်အသည်းအသန်စားလိုက်တာအမေလာမှကောက်ညှင်းဆန်နှပ်ထမင်းအားလုံးငါ စားလို့ကုန်သွားတာသိလိုက်ရသည်၊သူမကငါမျက်နှာအရမ်းနီပြီးပါးစပ်မှ:「အင်းဆက်ပိုး သတ်၊အင်းဆက်ပိုးသတ်….. 」ဟုဆက်တိုက်ပြောသည်။


ပူနွေးသောရာသီရောက်လာပြီ လူတိုင်းဘေးကင်းလိမ့်မည်ဟုမျှော်လင့်သည်၊ ဗီယက်နမ် သို့သွားရန်အခွင့်အလမ်းရှိသည့်ထိုင်ဝမ်သူငယ်ချင်းများကိုလည်းကြိုဆိုပါသည်၊ကောက် ညှင်းထုပ်ပွဲတော်နှင့်ကြုံပါကကောက်ညှင်းဆန်နှပ်ထမင်းကိုမြည်းစမ်းရန်သတိရပါ၊သို့သော် ကျွန်ုပ်ကဲ့သို့အများကြီးမစားနဲ့နော်!

ခရမ်းရောင်ဆန်နှပ်ထမင်း

ခရမ်းရောင်ဆန်နှပ်ထမင်း

ကောက်ညှင်းထုပ်ပွဲတော်ပါတီ

ကောက်ညှင်းထုပ်ပွဲတော်ပါတီ