尚未定義

ရွှေ့ပြောင်းနိုင်ငံသားစိတ်နှလုံး ငါရဲ့မက္ကဆီကိုနှစ်သစ်

ရွှေ့ပြောင်းနိုင်ငံသားစိတ်နှလုံး             ငါရဲ့မက္ကဆီကိုနှစ်သစ်

ရွှေ့ပြောင်းနိုင်ငံသားစိတ်နှလုံး              ငါရဲ့မက္ကဆီကိုနှစ်သစ်

ဓါတ်ပုံ/ရော်နတယ်(ထိုင်ပေနိုင်ငံခြားဘောလုံးနည်းပြဆရာ၊မက္ကဆီကိုနိုင်ငံသား)
ကျွန်ုပ်သည်မက္ကဆီကိုမှဘောလုံးနည်းပြတစ်ဦးဖြစ်သည်။ထိုင်ပေတွင်ဘောလုံးသင်ကြားပေးနေသည်မှာနှစ်ပေါင်းများစွာရှိပြီ၊မိသားစုမှတစ်ဆင့်ထိုင်ဝမ်ယဉ်ကျေးမှု၊တရုတ်နှစ်သစ်ရိုးရာအတွေ့အကြုံခံစားရပြီးတစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဖလှယ်ခြင်းတွင်ပါဝင်ရခြင်းကိုဝမ်းမြောက်မိသည်။ထိုင်ဝမ်နှစ်သစ်တွင်မိသားစုများအလွန်တက်ကြွစည်ကားပြီးမက္ကဆီကိုနှစ်သစ်သည်တက်ကြွသော်လည်းအနည်းငယ်ကွာခြားသည်။
ကမ္ဘာအနှံ့ရှိလူများသည်မိမိတို့၏ထူးခြားသောဓလေ့ထုံးစံများနှင့်အတူနှစ်သစ်ကိုကြိုကြသည်၊မက္ကဆီကိုတွင်“ဆုတောင်းစပျစ်သီး”ကိုစား၍နှစ်သစ်ကိုကြိုကြသည်၊လူတိုင်းဆုတောင်းစပျစ်သီး၁၂လုံးကိုတစ်မိနစ်တွင်းစားပြီးရမည်၊အလုံးတိုင်းဆုတောင်းသည်လတိုင်း၏ဆုတောင်းကိုကိုယ်စားပြုသည်၊နှစ်သစ်မှစ၍နှစ်ကုန်အထိလတိုင်းကံကောင်းပါစေဆုတောင်းပါ။ထို့ပြင်နှစ်သစ်တွင်ဝတ်ဆင်သည့်အတွင်းခံဘောင်းဘီအရောင်ကတစ်နှစ်တာကံကိုသတ်မှတ်ပေးသည်။နှစ်သစ်ခေါင်းလောင်းမည်စဉ်ချစ်ခြင်းမေတ္တာအတွက်ဆုတောင်းသူများသည်အနီရောင်ဝတ်၍ကြွယ်ဝချမ်းသာလိုသူများအဝါရောင်အတွင်းခံဝတ်ကြသည်။
နှစ်သစ်တွင်မိသားစုတိုင်းချီးကျုးဂုဏ်ပြုခြင်းဖြင့်နှစ်သစ်ပျော်ရွှင်မှုကိုကိုယ်စားပြုကြသည်၊နှစ်သစ်ကိုကြိုဆိုရန်ဆွေမျိုးမိတ်ဆွေများကိုအိမ်သို့ဖိတ်ခေါ်၍မက္ကဆီကိုအစားအစာများနှင့်အတူပျော်ရွှင်စွာကခုန်၊စကားများပြောဆိုခြင်း(သို့)မြို့တော်ရင်ပြင်ကိုသွားပြီးလမ်းပေါ်မှာကျင်းပသည့်ပွဲတွေမှာပါဝင်၍နှစ်သစ်ကိုအတူတကွကြိုဆိုကြသည်(ပုံ၁နှင့်၂ကိုကြည့်ပါ)
နှစ်စဉ်အကြီးမားဆုံးပြည်သူ့အခမ်းအနားကိုမက္ကဆီကိုမြို့မှာကျင်းပခဲ့ပြီးထိုနေရာတွင်ကြီးမားသည့် လမ်းအနုပညာပွဲတော်ကျင်းပသည်၊လှုပ်ရှားမှုများမြို့တော်ရဲ့အဓိကရင်ပြင်ဝန်းကျင်တွင်စုစည်းထားသည်၊ဆူညံနေသောမီးရှုးမီးပန်းသံများနှင့် မိတ်ဆွေသူငယ်ချင်းတို့ ၏ပျော်ရွှင်ဖွယ်အော်ဟစ်သံများ၊သူငါမခွဲဘဲအတူကခုန်ရယ်မောလျှက်အပြန်အလှန်နှစ်သစ်ကောင်းကြီးမင်္ဂလာရှိနိုင်ကြပါသည်။
နှစ်သစ်၊လူကထိုင်ဝမ်(သို့)မက္ကဆီကိုတွင်ရှိပါစေ၊ပြဿနာ၊ဝမ်းနည်းမှုနှင့်မပျော်ရွှင်မှု များကိုဘေးဖယ်ထားပြီးပျော်ရွှင်မှုကိုကြိုဆိုပါ!

ရွှေ့ပြောင်းနိုင်ငံသားစိတ်နှလုံး              ငါရဲ့မက္ကဆီကိုနှစ်သစ်