尚未定義

ထိုင်းနွေရာသီပွဲတော် စာရေးသူ:ထိုင်းရွှေ့ပြောင်းနိုင်ငံသား/ချိန်ထင်ထင်

ယခုတလောထိုင်ဝမ်၌နေ့စဉ်မိုးရွာသည်၊ ကျွန်မထိုင်းမိုးရာသီကိုသတိရမိသည်၊ထိုင်းနိုင်ငံ မိုးရာသီတွင် 「နွေရာသီပွဲ တော်」ဟုခေါ်သည့်အလွန်ထူးခြားသည့်ပွဲတော်ရှိသည်၊「ဖယောင်းတိုင်ပွဲတော်」ဟုလည်းခေါ်သည်။ဤပွဲတော်၏အဓိကလှုပ်ရှားမှုမှာ ဖယောင်း တိုင်များကိုဘုရားကျောင်းသို့ယူဆောင်၍ဘုန်းကြီးများအားလှုဒါန်းခြင်းဖြစ်သည်၊ ယခင်က လျှပ်စစ်မီးမရှိသောကြောင့်သံဃာတော်များညဘက်ဘုရားစာရွတ်ဖတ်စဉ် ဆီမီးထွန်းညှိရန် လိုသည်၊သို့သော်မိုးရာသီတွင်သံဃာများဆွမ်းခံထွက်ရန်အဆင်မပြေ ဒါယိကာများက သံဃာတော်များဖယောင်းတိုင်မလုံလောက်မှာစိုးရိမ်၍ဖယောင်းတိုင်များယူဆောင်ပြီး ဘုရားကျောင်းသို့သွားရောက်လှုဒါန်းကြသည်မှာအချိန်ကြာလာသည်နှင့်အမျှလက်ရှိထုံးစံ ဖြစ်လာသည်။
နွေရာသီပွဲတော်တွင်ထိုင်းလူမျိုးများသည်သူတို့၏ဇာတိမြို့များသိြု့ပန်လာကြသည်၊မှတ်မိ သေးတယ်ကျွန်မထိုင်းနိုင်ငံမှာရှိစဉ်တုန်းကနှစ်စဉ်နွေရာသီပွဲတော်၌ အိမ်တွင်အရမ်း စည်ကားသည်၊ ဆွေမျိုးမိတ်ဆွေတွေလာလည်ကြသည်။ကျွန်မအဘွားက အစားအစာ အများအပြားကိုချက်ပြီး ဘုရားကျောင်းသို့ယူဆောင်ကပ်လှုသည်၊ဆွေမျိုးတွေကိုလည်း မျှဝေပေးသည်။ အဘွားချက်သည့်အထူးဟင်းတစ်ပွဲဖြစ်သည့်စန်းဝေ့ဝက်သားဟင်းချိုသည် သာမန်ဟင်းချို နှင့်အလွန်ကွာခြားသည်၊ အချဉ်ရည်၊ဂျင်း၊ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ စပါးလင် စသည့်အရသာများပိုထည့်၍စားသည့်အခါအရသာမှာချဉ်၊ငန်၊စပ် အရသာ 3မျိုးဖြစ်သည်။!

နွေရာသီပွဲတော်နေ့တွင်စန်းဝေ့ဝက်သားဟင်းချိုနှင့်အခြားဟင်းများကိုပြင်ဆင်ပြီးနောက် အားလုံးဘုရားကျောင်းသို့ အတူတကွသွားကန်တော့ကြသည်။ ဘုရားကျောင်း၌ ကျွန်မ အလွန်အေးဆေးတည်ငြိမ်၍နွေးထွေးမှုကိုလည်းခံစားရသည်၊ဘာဖြစ်လို့လဲဆိုတော့မမြင်ရတာကြာပြီဖြစ်သည့်သက်ကြီးရွယ်အိုသူငယ်ချင်းများနှင့်အတူတရားနာကန်တော့ရန်အခွင့်အလမ်းရှိခြင်း၊စကားစမြည်ပြောရင်းခံစားချက်များဖလှယ်နိုင်သောကြောင့်ဖြစ်သည်။ကျွန်ုပ်တို့ဇာတိမြို့ရှိလူအများသည်ပြည်ပတွင်အလုပ်လုပ်ကြပြီးအားလပ်ရက်ရုံးပိတ်ရက်သာ အိမ် သိြု့ပန်နိုင်သည်။ကျွန်ုပ်အနေဖြင့် နွေရာသီပွဲတော်သည်ထိုင်းနိုင်ငံ၏အထူးပွဲတော်တစ်ခုသာ မက ထိုင်းနိုင်ငံ၏ဆွေမျိုးများပွဲတော်လည်းဖြစ်သည်(ရယ်)!


အရသာရှိသောစန်းဝေ့ဝက်သားဟင်းချို

 ကျွန်ုပ်တို့မိသားစုအတူတကွဘုရားကျောင်းရှေ့တွင်ကုသိုလ်ပြုလုပ်ကြသည်