အဓိကအကြောင်းအရာပိတ်ပင်မှုကိုကျော်လိုက်ပါ

မိဘများကိုသက်ရှိဘုရားကဲ့သို့မှတ်ယူသည့်အဖေများနေ့ စာရေးသူ:မြန်မာ ရွှေ့ပြောင်းနိုင်ငံသား/ကျန်းလိရင်း

ကျမသည်မြန်မာနိုင်ငံမှလာသည့်ကျန်းလိရင်းဖြစ်ပါသည်၊ မြန်မာနိုင်ငံရှိ လူ အများစုမှာဗုဒ္ဓဘာသာကိုယုံကြည်ကြသည်။မိဘများကိုသက်ရှိဘုရားကဲ့သို့ လေးစားကြသည်၊ထိုကဲ့သို့ကြီးမြတ်သောအဖေများနေ့တွင်မိဘအုပ်ထိန်းမှု အတွက်ကျေးဇူးတင်ကြောင်းပြသရန်ကန်တော့လေ့ရှိသည်။ယခင်မြန်မာနိုင်ငံတွင်ရှိစဉ်ကအဖေများနေ့နှင့်အဖေ့မွေးနေ့ နှစ်တိုင်း လက်နှစ်ဖက်ဖြင့်သာမက မြေပြင်တွင်ကိုယ်ခန္ဓာဝပ်တွားကန်တော့ပါသည်။!

ကျောင်းသားဘဝတုန်းကကျမအထူးချွေတာငွေစုပြီးအဖေအတွက်လက် ဆောင်များဝယ်ပေးသည်။ကြီးပြင်းလာ၍လေယာဉ်မယ်ဖြစ်လာသည့်အခါ ကွဲပြားခြားနားသောမြို့များသို့ပျံသန်းလုပ်ကိုင်ခဲ့ရာ ဘယ်နေရာသွားလည် သွားလည်၊ဘာအစားကောင်းတွေစားစားမိဘကိုစဉ်းစားမိသည်၊ကွဲပြားခြား နားသောမြို့များ၏ထူးခြားသောအစားအစာများအိမ်ကိုယူလာ၍မိဘကိုပေး သည်၊မိဘများဘယ်ကအစားအစာ(သို့)ပစ္စည်းများကြိုက်သည်ကိုအထူးမှတ်မိ နေပြီးအဲ့ဒီကိုပျံသန်းသည့်အခါတိုင်းဝယ်ဖို့ဘယ်တော့မှမမေ့ပါ။

နှစ်စဉ်အဖေများနေ့မတိုင်မီအဖေအားအံ့အားသင့်စေနိုင်သောလက်ဆောင်ကို မည်သို့ပေးမည်ကိုအလွန်ဝမ်းမြောက်စွာစဉ်းစားမိပါသည်၊အဖေကငွေသုံးပြီးလက်ဆောင်မဝယ်ဖို့အမြဲပြောသော်လည်းကျမသည်အိမ်တွင်အကြီးဆုံးဖြစ် သောကြောင့်မောင်ငယ်ညီမငယ်များအတွက်စံပြဖြစ်သင့်သည်ဟုခံစားမိပါ သည်၊ထို့ကြောင့်မောင်နှမများနှင့်အတူဘယ်လိုလက်ဆောင်ပြင်ဆင်ရမည်ဆို တာစဉ်းစား၍ငွေအနည်းငယ်စိုက်ထုတ်စေကာစိတ်စေတနာကိုဖော်ပြသည်။ညီအစ်ကိုမောင်နှမများအတူမိဘအားရိုသေလေးစားမှုပြုရခြင်းအတွက်ကျမအလွန်ကျေနပ်အားရပါသည်။

အဖေများနေ့တွင်မိဘများကိုဆိုဖာတွင်ထိုင်စေပြီး(အဖေများနေ့ဖြစ်သော် လည်းအမေကိုမမေ့ပါနှင့်နော်!)နောက်ကျမတို့ကလေးများသည်လက် ဆောင်များနှင့်မိဘကိုကန်တော့ကြသည်၊ဒါဟာရိုးရိုးလေးနှဲ့ပျော်စရာအချိန်ပါ၊ မြန်မာမှထိုင်ဝမ်သို့မလာမီ နှစ်တိုင်းဤကဲ့သို့ကျော်ဖြတ်ပြီးယခုတွင်အဖေများ နေ့ကိုဖုန်းခေါ်ဆုတောင်းခြင်းနှင့်ဟုန်ပေါင်းသာပို့ပေးနိုင်သည်၊အဖေများနေ့ တွင်အဖေနဲ့အတူနေဖို့မြန်မာပြည်ကိုတစ်ကြိမ်လောက်ထပ်ပြန်ချင်ပါသေး တယ်နော်!


မိဘများနှင့်အတူခရီးသွားစဉ်ရိုက်ထားသောအဖိုးတန်ဓါတ်ပုံ

 အဖေများနေ့အားလုံးပျော်ရွှင်ပါစေ!